Daily Archives: July 20, 2018

သတင်း

ပြိုင်ပွဲဝင်ကဗျာများ (၂)

“သူဆိုသောသူ ဝီရသူ” ၁။ စနစ်ကျတဲ့လမ်းတွေနဲ့ ထွင်းဖောက်ရာမှာ ကြမ်းတမ်းမှုတွေ သူကျော်ဖြတ်ခဲ့တယ် သူဆိုသောသူ ဝီရသူ။ ၂။ ခေတ်ပြောင်းခဲ့ပေမယ့် စနစ်မပြောင်း ကြုံလာတဲ့လောကဓံ သူကျော်ဖြတ်ခဲ့တယ် သူဆိုသောသူ ဝီရသူ။ ၃။ လမ်းမှန်ကိုလျှောက် မမှန်သူတွေ ဘယ်လောက်မုန်း အမုန်းကျော်ဖြတ်ခဲ့တယ် သူဆိုသောသူ ဝီရသူ။ ၄။ မမှန်သူတွေအဖို့ အမှန်တရားဟာ အမုန်းစကားပဲ ဖွင့်ဟခဲ့တယ် သူဆိုသောသူ ဝီရသူ။ ၅။ ကမ္ဘာကြီးမုန်း အပြုံးမပျက် ကလောင်လက်နက်နဲ့ တိုက်ထုတ်ခဲ့တယ် သူဆိုသောသူ ဝီရသူ။ ၆။ အမျိုးအတွက် ဘာသာအတွက် ...
သတင်း

ငွေတောင်ရွာ ရဟန်းခံပွဲ

ဒုတိယဝါဆိုလဆန်း ၆ ရက်၊ 18.7.2018 ဗုဒ္ဓဟူးနေ့၊ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ငွေတောင်ရွာ ငွေတောင်ကျောင်းတိုက်မှာ ကျင်းပပါတယ်။ မစိုးရိမ်တိုက်သစ် ဓမ္မသမိဒ္ဓိကျောင်းမှ စာသင်သား ရှင်ဝီရိယဝန္တ (ပထမကြီးတန်း)ရဲ့ ရဟန်းခံပွဲပါ။ ရဟန်းဒကာ ဒကာမများကတော့ ငွေတောင်ရွာမှ ဦးအုံးတင့်+ဒေါ်စန်းရင် မိသားစုတို့ဖြစ်ပါတယ်။ ရဟန်းလောင်း ရှင်ဝီရယဝန္တ က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဗုဒ္ဓမ်းကျေးရွာဇာတိပါ။ မိဘနှစ်ပါးဖြစ်ကြတဲ့ ဦးခင်မောင်မြင့်+ဒေါ်သန်းသန်းအေးတို့နှင့်အတူ ဒီပဲယင်းနယ်မှ ပင့်သံဃာဆရာတော်များလည်း ကြွရောက်ချီးမြှောက်ကြပါတယ်။ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှောက်ကာ စာရေးသူက အနုမောဒနာတရား ဟောကြားပါတယ်။ ထေရဝါဒသာသနာ တရားတော်ပါ။ နေ့ဆွမ်းစားပြီး မန်းမဟော်သဓာသို့ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း


စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ထမင်းစားဆောင်အတွက် ထိုင်ခုံပေါင်း (၁၂၀) လိုအပ်လျက်ရှိရာ ထိုင်ခုံပေါင်း (၆၀)ကို စာရေးသူရဲ့ တပည့် ဒကာ ဒကာမများဖြစ်ကြတဲ့ ၉၆၉ ဝိုင်းတော်သားများ၊ နဂါးနီဝိုင်းတော်သားများ၊ ဝေယျာဝစ္စဝိုင်းတော်သားများ စုပေါင်းလှူဒါန်းကြတာပါ။ ထိုင်ခုံတစ်ခုံလျှင် ၂၄၅၀ ကျပ်နှုန်းဖြင့် ၁၄၇၀၀၀ ကျပ်ဖိုး လှူဒါန်းခြင်းဖြစ်ပါတယ်။ နတ်လူသာဓုခေါ်စေသော်ဝ်…။ ဝီရသူ (မစိုးရိမ်) 20.7.2018 “ပညာရေးအကယ်ဒမီကျောင်း ထိုင်ခုံအလှူ (၂)” စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ဓမ္မစေတီကျောင်းတိုက်အတွင်းမှာ ဖွင့်လှစ်ထားတဲ့ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ...