သတင္း

ေငြေတာင္ရြာ ရဟန္းခံပြဲ

ဒုတိယဝါဆုိလဆန္း ၆ ရက္၊ 18.7.2018 ဗုဒၶဟူးေန႔၊ မႏၲေလး၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေငြေတာင္ရြာ ေငြေတာင္ေက်ာင္းတုိက္မွာ က်င္းပပါတယ္။ မစုိးရိမ္တုိက္သစ္ ဓမၼသမိဒၶိေက်ာင္းမွ စာသင္သား ရွင္ဝီရိယဝႏၲ (ပထမႀကီးတန္း)ရဲ႕ ရဟန္းခံပြဲပါ။

ရဟန္းဒကာ ဒကာမမ်ားကေတာ့ ေငြေတာင္ရြာမွ ဦးအုံုးတင့္+ေဒၚစန္းရင္ မိသားစုတုိ႔ျဖစ္ပါတယ္။ ရဟန္းေလာင္း ရွင္ဝီရယဝႏၲ က စစ္ကိုင္းတုိင္း ဒီပဲယင္းၿမဳိ႕နယ္ ဗုဒၶမ္းေက်းရြာဇာတိပါ။

မိဘႏွစ္ပါးျဖစ္ၾကတဲ့ ဦးခင္ေမာင္ျမင့္+ေဒၚသန္းသန္းေအးတုိ႔ႏွင့္အတူ ဒီပဲယင္းနယ္မွ ပင့္သံဃာဆရာေတာ္မ်ားလည္း ၾကြေရာက္ခ်ီးေျမႇာက္ၾကပါတယ္။

မစိုးရိမ္တုိက္သစ္ မဟာနာယကဆရာေတာ္ ဘဒၵႏၲဝါေသ႒ာဘိဝံသႏွင့္ ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ား ၾကြေရာက္ခ်ီးေျမႇာက္ကာ စာေရးသူက အႏုေမာဒနာတရား ေဟာၾကားပါတယ္။ ေထရဝါဒသာသနာ တရားေတာ္ပါ။ ေန႔ဆြမ္းစားၿပီး မန္းမေဟာ္သဓာသို႔ ခရီးဆက္ခဲ့ပါတယ္။

 

“ငွေတောင်ရွာ ရဟန်းခံပွဲ”

ဒုတိယဝါဆိုလဆန်း ၆ ရက်၊ 18.7.2018 ဗုဒ္ဓဟူးနေ့၊ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ငွေတောင်ရွာ ငွေတောင်ကျောင်းတိုက်မှာ ကျင်းပပါတယ်။

မစိုးရိမ်တိုက်သစ် ဓမ္မသမိဒ္ဓိကျောင်းမှ စာသင်သား ရှင်ဝီရိယဝန္တ (ပထမကြီးတန်း)ရဲ့ ရဟန်းခံပွဲပါ။ ရဟန်းဒကာ ဒကာမများကတော့ ငွေတောင်ရွာမှ ဦးအုံးတင့်+ဒေါ်စန်းရင် မိသားစုတို့ဖြစ်ပါတယ်။ ရဟန်းလောင်း ရှင်ဝီရယဝန္တ က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဗုဒ္ဓမ်းကျေးရွာဇာတိပါ။

မိဘနှစ်ပါးဖြစ်ကြတဲ့ ဦးခင်မောင်မြင့်+ဒေါ်သန်းသန်းအေးတို့နှင့်အတူ ဒီပဲယင်းနယ်မှ ပင့်သံဃာဆရာတော်များလည်း ကြွရောက်ချီးမြှောက်ကြပါတယ်။

မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသဋ္ဌောဘိဝံသနှင့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှောက်ကာ စာရေးသူက အနုမောဒနာတရား ဟောကြားပါတယ်။ ထေရဝါဒသာသနာ တရားတော်ပါ။ နေ့ဆွမ်းစားပြီး မန်းမဟော်သဓာသို့ ခရီးဆက်ခဲ့ပါတယ်။