Daily Archives: September 18, 2018

မန်းမဟော်သဓာသတင်း

ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း မိဘဆရာအစည်းအဝေး

တော်သလင်းလဆန်း ၈ ရက် (17.9.2018)ရက်နေ့၊ ညနေ ၅း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်းမဟော်သဓာကျောင်းဝင်းအတွင်းရှိ ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။ ပညာရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမျိုးချစ်၊ ကျူရှင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ တက်ရောက်ကြပါတယ်။ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒက(M.A)က ကျောင်းသားကျောင်းသူများ လက်ရှိအခြေအနေကို တင်ပြပါတယ်။ကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးမြင့်က ကျောင်းသားကျောင်းသူတွေရဲ့ အခြေခံလိုအပ်ချက်နှင့် ပညာရေးအခက်အခဲများကို တင်ပြပါတယ်။ပညာရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမျိုးချစ်က ကိုယ်ပိုင်အထက်တန်းကျောင်းတွေနှင့် ဘော်ဒါတွေမှာ ပညာရေးစရိတ်ကြီးမြင့်ပုံနှင့်နှိုင်းယှဉ်ပြီး ကျောက်ချောကျူရှင်ကျောင်းကို နတ်ရေကန်တော်ကြီးနှင့် တင်စားကာ မိဘများအနေဖြင့် သားသမီးများကို နတ်ရေကန်အထိ ...
သတင်း

တိုက်တက်မင်္ဂလာပွဲ

တော်သလင်းလဆန်း ၅ ရက် (14.9.2018)ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၇ လမ်း၊ ၆၃ လမ်း၊ ဦးမောင်မောင်+ဒေါ်ကြင်ကြင်မြိုင်တို့အိမ်မှာ ကျင်းပပါတယ်။စာဝါတွေနဲ့မအားတာကြောင့် မွန်းလွဲပိုင်းမှာလုပ်ဖြစ်သွားတာပါ။အတုမရှိကျောင်းတော်ကြီးတိုက်အုပ်ဆရာတော်ကြီးနှင့် ဆရာတော်သံဃာတော်များ ကြွရောက်ကြပါတယ်။ဘုရားအနေကဇာတင် ပရိတ်ရွတ်ခဲ့ကြပါတယ်။အိမ်ပိုင်ရှင် ဦးမောင်မောင်တို့မိသားစုက ချမ်းမြသာစည်မြို့၊ ဇဇရပ်ကွက်မှာနေတာပါ။အခုအိမ်တက်မင်္ဂလာပြုလုပ်တဲ့ အိမ်ကတော့ အငှားထားတာပါ။အိမ်ငှားတွေအတွက် အနေကဇာတင်ခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း ပြုလုပ်ပေးတာပါ။ ဦးမောင်မောင်ကို အဘမောင်ဟု ခေါ်ကြပြီး အဘမောင်က နဂါးနီစုဘူးအမှတ်(၄)ရဲ့ နယ်ခံခေါင်းဆောင်ဖြစ်ပါတယ်။ပရဟိတအင်မတန်အားသန်တဲ့ ရဟန်းဒကာ ကျောင်းဒကာကြီးပါ။ “တိုက်တက်မင်္ဂလာပွဲ” တော်သလင်းလဆန်း ၅ ရက် (14.9.2018)ရက်နေ့၊ ...
နဂါးနီစုဘူးသတင်း

ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (17.9.2018) မွန်းလွဲ(၃း၃၀)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်တင်စန်း၊ အတွင်းရေးမှူး(၂) မအိသန္တာလွင်တို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်း(၁၆၆)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းသည် ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုဆိုလျှင် (၅)နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ဆ ရပ်ကွက် ...