မန္းမေဟာ္သဓာသတင္း

ေက်ာက္ေခ်ာရြာ ပညာဒါနက်ဴရွင္ေက်ာင္း မိဘဆရာအစည္းအေဝး

ေတာ္သလင္းလဆန္း ၈ ရက္ (17.9.2018)ရက္ေန႔၊ ညေန ၅း၀၀ နာရီ၊ မႏၱေလးၿမဳိ႕၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေရႊစာရံအုပ္စု၊ ေက်ာက္ေခ်ာေက်းရြာ၊ မန္းမေဟာ္သဓာေက်ာင္းဝင္းအတြင္းရွိ ရွင္းလင္းေဆာင္မွာ က်င္းပပါတယ္။

ပညာေရးေကာ္မတီဥကၠ႒ ဆရာႀကီးဦးမ်ဳိးခ်စ္၊ က်ဴရွင္ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေဌးေဌးျမင့္၊ ရပ္မိရပ္ဖမ်ား၊ ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္မ်ား၊ ေက်ာင္းသားမိဘမ်ား တက္ေရာက္ၾကပါတယ္။ေက်ာင္းအုပ္ဆရာေတာ္ေလး ဦးဣႏၵက(M.A)က ေက်ာင္းသားေက်ာင္းသူမ်ား လက္ရွိအေျခအေနကို တင္ျပပါတယ္။ေက်ာင္းအုပ္ဆရာမႀကီးေဒၚေဌးေဌးျမင့္က ေက်ာင္းသားေက်ာင္းသူေတြရဲ႕ အေျခခံလိုအပ္ခ်က္ႏွင့္ ပညာေရးအခက္အခဲမ်ားကို တင္ျပပါတယ္။ပညာေရးေကာ္မတီဥကၠ႒ ဆရာႀကီးဦးမ်ဳိးခ်စ္က ကိုယ္ပိုင္အထက္တန္းေက်ာင္းေတြႏွင့္ ေဘာ္ဒါေတြမွာ ပညာေရးစရိတ္ႀကီးျမင့္ပံုႏွင့္ႏႈိင္းယွဥ္ၿပီး ေက်ာက္ေခ်ာက်ဴရွင္ေက်ာင္းကို နတ္ေရကန္ေတာ္ႀကီးႏွင့္ တင္စားကာ မိဘမ်ားအေနျဖင့္ သားသမီးမ်ားကို နတ္ေရကန္အထိ ေခၚေဆာင္လာဖို႔ပဲလိုေတာ့ေၾကာင္း တင္ျပသြားပါတယ္။

စာေရးသူကေတာ့ ကိုယ့္ဘုန္းကိုယ့္ကံအရ ဆင္ျဖဴပ်ံရတနာရရွိခဲ့ပါလ်က္ ဆင္ျဖဴပ်ံကို ေပ်ာ္ေအာင္မေမြးႏိုင္လို႔ လက္လြတ္ဆံုးရႈံးခဲ့ရတဲ့ ေဒဝဒတ္ေလာင္း ရွင္ဘုရင္ရဲ႕ျဖစ္အင္ကို သခၤန္းစာယူၿပီး က်ဴရွင္ေက်ာင္းႀကီးႏွင့္ထုိက္တန္ေအာင္ မိဘျပည္သူမ်ားက ကူညီေစာင့္ေရွာက္ၾကဖို႔ တုိက္တြန္းခဲ့ပါတယ္။ေလာေလာဆယ္ ၉-၁၀ တန္း (၁၅၀)နီးပါးရွိၿပီး ဆရာ ဆရာမ (၂၀)ေက်ာ္ရွိကာ ေန႔ေရာညပါ ဂရုစိုက္သင္ၾကားေပးလ်က္ရွိပါတယ္။မၾကာခင္ ညဂုိက္တန္းေခၚေတာ့မွာမို႔ မိဘမ်ားက သားသမီးမ်ားရဲ႕ ပညာေရးကို အထူးဂရုစိုက္ၾကဖုိ႔ တိုက္တြန္းခဲ့ပါတယ္။

“ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း မိဘဆရာအစည်းအဝေး”

တော်သလင်းလဆန်း ၈ ရက် (17.9.2018)ရက်နေ့၊ ညနေ ၅း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်းမဟော်သဓာကျောင်းဝင်းအတွင်းရှိ ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။

ပညာရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမျိုးချစ်၊ ကျူရှင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ တက်ရောက်ကြပါတယ်။ ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒက(M.A)က ကျောင်းသားကျောင်းသူများ လက်ရှိအခြေအနေကို တင်ပြပါတယ်။

ကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးမြင့်က ကျောင်းသားကျောင်းသူတွေရဲ့ အခြေခံလိုအပ်ချက်နှင့် ပညာရေးအခက်အခဲများကို တင်ပြပါတယ်။ ပညာရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမျိုးချစ်က ကိုယ်ပိုင်အထက်တန်းကျောင်းတွေနှင့် ဘော်ဒါတွေမှာ ပညာရေးစရိတ်ကြီးမြင့်ပုံနှင့်နှိုင်းယှဉ်ပြီး ကျောက်ချောကျူရှင်ကျောင်းကို နတ်ရေကန်တော်ကြီးနှင့် တင်စားကာ မိဘများအနေဖြင့် သားသမီးများကို နတ်ရေကန်အထိ ခေါ်ဆောင်လာဖို့ပဲလိုတော့ကြောင်း တင်ပြသွားပါတယ်။

စာရေးသူကတော့ ကိုယ့်ဘုန်းကိုယ့်ကံအရ ဆင်ဖြူပျံရတနာရရှိခဲ့ပါလျက် ဆင်ဖြူပျံကို ပျော်အောင်မမွေးနိုင်လို့ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ဒေဝဒတ်လောင်း ရှင်ဘုရင်ရဲ့ဖြစ်အင်ကို သင်္ခန်းစာယူပြီး ကျူရှင်ကျောင်းကြီးနှင့်ထိုက်တန်အောင် မိဘပြည်သူများက ကူညီစောင့်ရှောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လောလောဆယ် ၉-၁၀ တန်း (၁၅၀)နီးပါးရှိပြီး ဆရာ ဆရာမ (၂၀)ကျော်ရှိကာ နေ့ရောညပါ ဂရုစိုက်သင်ကြားပေးလျက်ရှိပါတယ်။ မကြာခင် ညဂိုက်တန်းခေါ်တော့မှာမို့ မိဘများက သားသမီးများရဲ့ ပညာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။