Monthly Archives: September 2018

သတင်း

ထိုင်းနိုင်ငံခရီးစဉ် (၄)

ဝါခေါင်လပြည့်နေ့ 26.8.2018 ရက်နေ့၊ တရားပွဲပြီးတဲ့အခါ ဝေယျာဝစ္စပြုလုပ်ကြတဲ့ ပရဟိတအဖွဲ့အသီးသီး လာရောက်နှုတ်ဆက်ကြပါတယ်။ညနေပိုင်းမှာ ခိုလမြို့သို့ ရောက်ရှိပါတယ်။မြန်မာပြည်မှ ပြင်ဦးလွင်မြို့လေးလိုပါပဲ။လုံးချင်းတိုက်အိမ်လေးများ ခြံဝင်းကျယ်လေးများ ပေါများတဲ့ သူဌေးရပ်ကွက်လေးပါ။ အမေရိကန်လူမျိုး ထိုင်းဆရာတော်ကြီး ကြွရောက်လာသည့်အခါတိုင်း ပါလာတတ်တဲ့ ထိုင်းသီလရှင်ဆရာလေးတွေထံရောက်ရှိပါတယ်။ပါလာတဲ့ ကျောက်စီပန်းချီကားလေးတွေ လက်ဆောင်ပေးရင်း ခင်မင်ရင်းနှီးစွာ စကားပြောကြပါတယ်။အထူးသဖြင့် ဝိပဿနာအကြောင်းတွေများပါတယ်။ ဆရာလေးတို့ကျောင်းတိုက်က တကယ့်အကျယ်ချုပ်ပါပဲ။ထမင်းစားချိန်မှာပဲ အခန်းအပြင်ထွက်ပြီး စားစရာယူရတယ်။ကျန်တဲ့အချိန် အခန်းထဲမှာပဲ တစ်ပါးတည်းနေရတယ်။ကျန်းမာရေးလေ့ကျင့်ခန်းအတွက်ပါ အခန်းထဲလမ်းလျှောက်ဖို့ စီစဉ်ပေးထားတယ်။အခန်းအကျယ်ကြီးတွေပါ။ဆရာလေးက ထောင်ကျသလိုခံစားရကြောင်း စာရေးသူတောင် ရှစ်နှစ်နှင့် သုံးလ ထောင်ထဲမှာနေခဲ့ရပေမယ့် အပြုံးမပျက်ခဲ့ဘူး။စာရေးသူရဲ့ ပြုံးနေတဲ့အမူအရာလေးကို သတိပြုဆင်ခြင်ပြီး ပျင်းရိစရာကောင်းတဲ့အချိန်ကာလတွေကို ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၄၇

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်ကလေးမြို့၊ ဘုရင့်နောင်လမ်း၊ ဖခင်ကြီး ဦးတင်ရအားရည်စူး၍ ဒေါ်ဝိုင်း (လပြည့်ဝန်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး)မိသားစုမှ အလှူငွေ ၁၀၀၀၀၀၀ိ (ဆယ်သိန်းကျပ်) လှူဒါန်းစဉ်။ (29.8.2018) မန်း မဟော်သဓာအတွက်ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၄၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်ထိုင်းနိုင်ငံရောက် ဦးဇဝန(မြင်းမူ)မှ အလှူငွေ ဘတ် ၂၅၀၀ လှူဒါန်းပါသည်။ (26.8.2018) မန်း မဟော်သဓာအတွက်ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း)ထိုင်းနိုင်ငံ ပန်းပျိုးလက် ပရဟိတအဖွဲ့က ...
သတင်း

ထိုင်းနိုင်ငံခရီးစဉ် (၃

ဝါခေါင်လပြည့်နေ့ 26.8.2018 ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီ၊ ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ ဝပ်စီမိန်းကျောင်းတိုက်မှာ နေ့တရားပွဲကျင်းပပါတယ်။ တရားပွဲမစခင် အမျိုးသားရေးအဆိုတော်လေးများဖြစ်ကြတဲ့ လင်းထိုက်၊ ကြည်ဖြူခင်တို့က အမျိုးသားရေးဓမ္မတေးများဖြင့် ဧည့်ခံသီဆိုပါတယ်။ တရားဟောပြီးတဲ့အခါ သင်္ကန်းဆက်ကပ်ကြပါတယ်။ သင်္ကန်းကပ်သူ များပြားတဲ့အတွက်ကြောင့် ရှိခိုးဦးချခွင့်တောင် မပေးတော့ဘဲ စီတန်းကပ်လှူကြရတာပါ။ သင်္ကန်းကပ်ပြီးတဲ့အခါ ဓမ္မပူဇာအလှူငွေ လှူဒါန်းလိုသူများက တရားဦးဆောင်ကျင်းပသူများကို အသိပေးပြီး လှူဒါန်းကြပါတယ်။ တရားဟောပြီးတဲ့အခါ မေးခွန်းများလည်း မေးကြပါတယ်။ အဲဒီအထဲမှာမှ လူငယ်လေးတစ်ယောက် မေးတာ မှတ်သားစရာကောင်းလို့ မှတ်မိနေပါတယ်။ အွန်လိုင်းနှင့် ကောလာဟလတွေကြောင့် ဆရာတော်ကို ...