Monthly Archives: September 2018
ဝီရသူဖောင်ဒေးရှင်းသတင်း
မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော် – ၂)
အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ် ရေး) မိသားစုတို့ က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်လှူဒါန်းပါသည်။ ဦးမိုးကိုမိသားစုသည် ဝီရသူဖောင်ဒေးရှင်းကို လစဉ် အလှူငွေ ၁၀သိန်းကျပ်စီ သိန်း၃၀၀ပြည့်သည်အထိ စိုက်ထူ လှူဒါန်းသွားမည်ဖြစ်ပါသည်။ယခုဆိုလျှင် ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁သိန်းကျပ်နှင့်ပေါင်းပါက ၁၁သိန်းရရှိပြီဖြစ်ပါသည်။ ဖောင်ဒေးရှင်း လစဉ် အလှူငွေမှာ တစ်လလျှင် ၅၀၀၀ကျပ်ဖြစ်ပါသည်။ဦးသိန်းဆောင် ညောင်ကွဲရပ်က ၂၀ကဒ်ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုက ၅၀ကဒ်ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ မိသားစုက ၁၀ကဒ်ဒေါ်ချို ရမည်းသင်းမြို ...
သတင်း
ဘယ်အငြှိုးနဲ့ ဖျက်ဆီးနေတာလဲ
ဘကကျောင်းတွေကို ဖျက်သိမ်းချင်တော့ အပြစ်အမျိုးမျိုးရှာကြတယ်။ဧရာဝတီတိုင်းအစိုးရက ဆယ်တန်းတွေအောင်ချက်မကောင်းတာ ဘကကျောင်းတွေကြောင့်လို့ အကြောင်းပြတယ်။အစိုးရစာသင်ကျောင်းတွေမှာ ကျောင်းသားကျောင်းသူမရှိတာ ဘကကျောင်းတွေကြောင့်လို့ ရိုးမယ်ဖွဲ့ကြပြန်တယ်။ဒီတစ်ခါတော့ ဘကကျောင်းတွေ အလှူမခံရအမိန့် ထုတ်လာပြန်တယ်။လွှတ်တော်ထဲမှာ ဘကကျောင်းတွေ ဖျက်သိမ်းဖို့ အဆိုပြုသူကပြုလာတယ်။ကန့်ကွက်တဲ့သူက အကြောင်းပြခိုင်လုံတာရယ်၊ သံဃာထုနှင့် လူထု လက်မခံတာရယ်ကြောင့် တိတ်တိတ်ပုန်းလေး အမိန့်ထုတ်ပြန်လာပါတယ်။ ပညာသားပါပါ ကောက်ကျစ်တဲ့နည်းလမ်းနှင့် ဘကတွေ အသစ်မတိုးအောင် ရှိပြီးသားတွေ အဆင့်ထပ်မြှင့်လို့မရအောင် ကြံစည်အားထုတ်လာကြတယ်။ဥပမာ ဘကကျောင်းအသစ် (၅၀)လျှောက်ထားရင် တစ်ကျောင်းလောက်ပဲ ပြန်လည်စစ်ဆေးပြီး လက်ခံဖို့ ခွင့်ပြုတာတို့၊ မူလတန်းကျောင်းမှ မူလွန်အဆင့်မြှင့်တင်ဖို့လျှောက်တဲ့အခါ ခွင့်မပြုတာတို့ပါပဲ။အခုလည်းကြည့်လေ ကျောင်းတွေကို ဖြိုခွင်းမရလို့ ကျောင်းတွေရပ်တည်လို့မရအောင် ...
သတင်း
ကျောက်ချောရွာပညာဒါနကျူရှင်ကျောင်း ဆရာ ဆရာမများအစည်းအဝေး
တော်သလင်းလဆန်း ၈ ရက် (17.9.2018)ရက်နေ့၊ ည ၆း၃၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်းမဟော်သဓာကျောင်းဝင်းအတွင်းရှိ ပညာဒါနကျူရှင်ကျောင်းဆောင်မှာ ကျင်းပပါတယ်။ မန်းမဟော်သဓာပညာရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမျိုးချစ်၊ ကျူရှင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်နှင့် ဘာသာပြ ဆရာ ဆရာမများ၊ ဂိုက်ဆရာ ဆရာမများ တက်ရောက်ကြပါတယ်။ညဘက်ဂိုက်တန်းခေါ်ဖို့အတွက် အကြိုဆွေးနွေးကြတာပါ။အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ပါမယ်။ကျောင်းသားများစာရင်းကောက်ယူခြင်း၊ မိဘများသဘောထားတောင်းခံခြင်း၊ မိဘများတာယူမှုရှိမရှိ စုံစမ်းခြင်းများ ပြုလုပ်ပြီးမှ ညဂိုက်တန်းလက်ခံပါမယ်။ ၁။ ညဂိုက်တန်းတက်လိုသည့် ကျောင်းသားကျောင်းသူစာရင်း၊ ၂။ မိဘများက သဘောတူခြင်း၊ ၃။ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ပညာရေးအကယ်ဒမီကျောင်း ဥပုသ်နေ့တစ်ရက်တာ
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းမှ ဆရာ ဆရာမများနှင့် အလယ်တန်း အထက်တန်း ကျောင်းသားကျောင်းသူလေးများရဲ့ ဥပုသ်နေ့တစ်ရက်တာလှုပ်ရှားမှုလေးတွေပါ။ မနက် ၇း၀၀ နာရီမှာ ဆရာ ဆရာမများက စပီကင်သင်တန်းတက်ရပါတယ်။ပြီးရင် ကျောင်းသူကျောင်းသားများက ဓမ္မစကူးလ်သင်တန်းတက်ရပါတယ်။ပြီးရင် ပုထိုးတော်ကြီး/မြသိန်းတန်ဘုရားမှာ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ပြုတဲ့အနေနဲ့ အမှိုက်ကောက်ခြင်း၊ မြက်နုတ်ခြင်း သန့်ရှင်းရေးလုပ်ကြရပါတယ်။ နေ့လည်ပိုင်းမှာတော့ ၅-၆-၇ တစ်သုတ်၊ ၈ တန်းတစ်သုတ် ၉ တန်းတစ်သုတ် သုံးသုတ် စပီကင်သတန်းတက်ကြရပါတယ်။ဆရာ ဆရာမများကတော့ မန္တလေး ပုသိမ်ကြီးမြို့နယ် ကျောက်ချောရွာကျူရှင်ကျောင်းမှ ဆရာကြီးများထံ အတွေ့အကြုံယူတဲ့အနေနဲ့ ဘာသာရပ်အလိုက် ...
မုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာမန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်၊ ဦးသိန်းဆောင်+ဒေါ်ခင်မ မိသားစုက အလှူငွေ ၂၀၀၀၀၀ိ (နှစ်သိန်းကျပ်) လှူဒါန်းစဉ်။ (17.8.2018) ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်တို့၌ ဆင်းရဲသူဆင်းရဲသား ...
သတင်း
အနီရောင်ဝိပဿနာ
စာရေးသူ အမျိုးသားရေးတရားတွေစဟောတော့ ဝိပဿနာသမားတွေကပြောကြတယ်။ကုလားလည်း ရုပ်နှင့်နာမ် ဗလာလည်းရုပ်နှင့်နာမ်ပါပဲ။ မှန်ပါတယ်။အားလုံးဟာ ရုပ်နှင့်နာမ်ချည်းပါပဲ။ဝိပဿနာအမြင်နှင့်ကြည့်ရင် ရုပ်နှင့်နာမ်ပဲတွေ့ရပေမယ့် လုံခြုံရေးမျက်စိနှင့်ကြည့်ရင် မတရားလုပ်တတ်တဲ့ ကုလားတွေဟာ အန္တရာယ်ကောင်တွေပဲ။သူတို့ကြောင့် တစ်မျိုးသားလုံးနစ်နာခဲ့ရတာတွေ၊ တစ်သာသနာလုံး နစ်နာခဲ့ရတာတွေရှိခဲ့လို့ ကာကွယ်စောင့်ရှောက်နိုင်အောင် အန္တရာယ်ကင်းအောင် အမျိုးသားရေးတရားတွေဟောရတာပါ။ စာရေးသူ ထောင်ကလွတ်လာပြီး 8.6.2012 မောင်တောအရေးအခင်း ဖြစ်ပြီးတဲ့နောက်ပိုင်းမှာတော့ ကုလားလည်း ရုပ်နှင့်နာမ် ဗမာလည်းရုပ်နှင့်နာမ်ဆိုတဲ့အသံတွေ သိပ်မကြားရတော့ပါဘူး။အဲဒီနောက်ပိုင်း စာရေးသူက NLD ပါတီဟာ အမျိုးဘာသာ သာသနာအတွက် အန္တရာယ်ကြီးပုံ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းပြည်ပမူဆလင်တွေနဲ့ပတ်သက်နေပုံ၊ ၅၉(စ)ဟာ အချုပ်အခြာအာဏာအတွက် အင်မတန်အရေးကြီးပုံတွေ တရားပွဲတိုင်းနီးပါးမှာ ဟောကြားလေ့ရှိပါတယ်။အနီကောင် အနီမတွေရဲ့ ...
မန်းမဟော်သဓာသတင်း
ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း မိဘဆရာအစည်းအဝေး
တော်သလင်းလဆန်း ၈ ရက် (17.9.2018)ရက်နေ့၊ ညနေ ၅း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်းမဟော်သဓာကျောင်းဝင်းအတွင်းရှိ ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။ ပညာရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမျိုးချစ်၊ ကျူရှင်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ တက်ရောက်ကြပါတယ်။ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒက(M.A)က ကျောင်းသားကျောင်းသူများ လက်ရှိအခြေအနေကို တင်ပြပါတယ်။ကျောင်းအုပ်ဆရာမကြီးဒေါ်ဌေးဌေးမြင့်က ကျောင်းသားကျောင်းသူတွေရဲ့ အခြေခံလိုအပ်ချက်နှင့် ပညာရေးအခက်အခဲများကို တင်ပြပါတယ်။ပညာရေးကော်မတီဥက္ကဋ္ဌ ဆရာကြီးဦးမျိုးချစ်က ကိုယ်ပိုင်အထက်တန်းကျောင်းတွေနှင့် ဘော်ဒါတွေမှာ ပညာရေးစရိတ်ကြီးမြင့်ပုံနှင့်နှိုင်းယှဉ်ပြီး ကျောက်ချောကျူရှင်ကျောင်းကို နတ်ရေကန်တော်ကြီးနှင့် တင်စားကာ မိဘများအနေဖြင့် သားသမီးများကို နတ်ရေကန်အထိ ...
သတင်း
တိုက်တက်မင်္ဂလာပွဲ
တော်သလင်းလဆန်း ၅ ရက် (14.9.2018)ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၇ လမ်း၊ ၆၃ လမ်း၊ ဦးမောင်မောင်+ဒေါ်ကြင်ကြင်မြိုင်တို့အိမ်မှာ ကျင်းပပါတယ်။စာဝါတွေနဲ့မအားတာကြောင့် မွန်းလွဲပိုင်းမှာလုပ်ဖြစ်သွားတာပါ။အတုမရှိကျောင်းတော်ကြီးတိုက်အုပ်ဆရာတော်ကြီးနှင့် ဆရာတော်သံဃာတော်များ ကြွရောက်ကြပါတယ်။ဘုရားအနေကဇာတင် ပရိတ်ရွတ်ခဲ့ကြပါတယ်။အိမ်ပိုင်ရှင် ဦးမောင်မောင်တို့မိသားစုက ချမ်းမြသာစည်မြို့၊ ဇဇရပ်ကွက်မှာနေတာပါ။အခုအိမ်တက်မင်္ဂလာပြုလုပ်တဲ့ အိမ်ကတော့ အငှားထားတာပါ။အိမ်ငှားတွေအတွက် အနေကဇာတင်ခြင်း၊ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ခြင်း ပြုလုပ်ပေးတာပါ။ ဦးမောင်မောင်ကို အဘမောင်ဟု ခေါ်ကြပြီး အဘမောင်က နဂါးနီစုဘူးအမှတ်(၄)ရဲ့ နယ်ခံခေါင်းဆောင်ဖြစ်ပါတယ်။ပရဟိတအင်မတန်အားသန်တဲ့ ရဟန်းဒကာ ကျောင်းဒကာကြီးပါ။ “တိုက်တက်မင်္ဂလာပွဲ” တော်သလင်းလဆန်း ၅ ရက် (14.9.2018)ရက်နေ့၊ ...
နဂါးနီစုဘူးသတင်း
ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (17.9.2018) မွန်းလွဲ(၃း၃၀)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်တင်စန်း၊ အတွင်းရေးမှူး(၂) မအိသန္တာလွင်တို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်း(၁၆၆)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းသည် ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုဆိုလျှင် (၅)နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ဆ ရပ်ကွက် ...
သတင်း
ညောင်ကန်တိုက် ရတနာသီရိဆရာတော်ကြီး နှစ်ပတ်လည်အခမ်းအနား
တော်သလင်းလဆန်း ၂ ရက် (11.9.2018)ရက်နေ့၊ မနက် ၁၁း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ညောင်ကန်တိုက်၊ ရတနာသီရိကျောင်းမှာ ကျင်းပပါတယ်။ ညောင်ကန်တိုက်၊ ရတနာသီရိကျောင်းဆရာတော်ကြီး ဘဒ္ဒန္တစန္ဒာသီရိ ပျံလွန်တော်မူတာ (၁)နှစ်ပြည့်တဲ့နေ့ပါ။ဆရာတော်ကြီး၏ တပည့်ကြီးများနှင့် ဒကာ ဒကာမများက ဆရာတော်ကြီးကိုရည်စူးပြီး စုပေါင်းကုသိုလ်ပြုကြတဲ့ပွဲပါ။ဆရာတော်ကြီးက သက်တော် (၈၇)မှာ ပျံလွန်တော်မူတာပါ။၁၃၇၉ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်နေ့မှာ ပျံလွန်တော်မူတာဖြစ်လို့ အခုဆိုရင် (၁)နှစ်ပြည့်ပါပြီ။ မစိုးရိမ်တိုက်သစ်မှ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသနှင့် နာယကငယ်များ ကြွရောက်ကြပါတယ်။နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော် ဦးအဂ္ဂဓမ္မက မစိုးရိမ်တိုက်သစ်ထွက်ဖြစ်သလို ညောင်ကန်တိုက် ...
သတင်း
အနီရောင်အဆင့်
နဂါးနီစုဘူးသတင်း
နဂါးနီစုဘူးအောင်မြင်မှု
1.9.2013 နေ့မှာ တည်ထောင်ခဲ့ပါတယ်။စုဘူးပေါင်း (၇)ဘူးပါ။စိုက်ထူပေးခဲ့တဲ့ ငွေပင်ငွေရင်းကတော့ သိန်း (၄၀၀)ကျော်ပါတယ်။စာရေးသူက ၃၉,၄၇၅,၀၀၀ ကျပ်ပါ။အလှူရှင်များ အလှူငွေက ၃,၇၆၅,၀၀၀ ကျပ်ပါ။14.8.2018 ရက်နေ့အထိ အမြတ်ငွေပေါင်း ၁၀,၉၇၃၇,၅၀၀ ရှိပါပြီ။၎င်းအမြတ်ငွေထဲမှ ကျန်းမာရေး၊ နာရေး၊ သဘာဝဘေး ထောက်ပံ့ငွေ ၁၀,၈၆၇,၀၀၀ ကျပ်ပါ။စုဘူးအသင်းဝင်ပေါင်း ၅၅၃ ဦးရှိပါပြီ။ အသင်းဝင်များရဲ့ ကျန်းမာရေးအတွက်၊ အသင်းဝင်များမိသားစုရဲ့ နာရေးအတွက်၊ အသင်းဝင်များ၏ သားသမီးများအတွက် ပညာရေး ထောက်ပံ့နိုင်ခဲ့ပါတယ်။ဆင်းရဲသူဆင်းရဲသား အခြေခံလူတန်းစားပြည်သူများရဲ့ ရင်ထဲမှာ ဘုရားသာသနာရောက်အောင် ပြုပေးနိုင်ခဲ့ပါပြီ။ နဂါးနီစုဘူးလည်ပတ်ပုံမှာလူ ၅၀ အား ငါးသောင်းကျပ်စီ၊ ...
ဝီရသူဖောင်ဒေးရှင်းသတင်း
ဝီရသူဖောင်ဒေးရှင်း ရေဘေးအလှူတော်
တော်သလင်းလဆန်း ၁ ရက် (10.9.2018)ရက်နေ့၊ မနက်အစောစာကို မြို့လှမြို့ နတ်တောင်ကျောင်းတိုက်မှာ ဘုဉ်းပေးပါတယ်။တောင်ငူမြို့သို့ ဆက်လက်ထွက်ခွာပါတယ်။တောင်ငူမြို့၊ အောင်ဇမ္ဗူကျောင်းတိုက်မှာ နေ့ဆွမ်းဘုဉ်းပေးပါတယ်။မြို့လှ မဘသ နောင်တော်ညီတော်များ တောင်ငူ မဘသ ညီတော်များနှင့်အတူ ဝီရသူဖောင်ဒေးရှင်းဝိုင်းတော်သားများ ရွာတန်းရှည်ရွာသို့ ထွက်ခွာခဲ့ကြပါတယ်။ရွာတန်းရှည်ရွာမှာ ခဏနားပြီး ကယ်ဆယ်ရေးရိက္ခာများ ခွဲတမ်းချကြပါတယ်။ နောင်ဘိုရွာ အိမ်ခြေ ၁၃၅မြောက်ဆင်ရွာလေး အိမ်ခြေ ၇၃ကျွန်းတောကုန်းရွာ အိမ်ခြေ ၅၅စုစုပေါင်း ၂၆၃ အိမ်အတွက် တစ်အိမ်ထောင်လျှင် ဆန်လေးပြည်စီ၊ ငွေ ၈၅၀၀ ကျပ်စီ လှူဒါန်းပါတယ်။ရွာတန်းရှည်မှ စက်လှေဖြင့် နောင်ဘိုရွာသို့ရောက်ရှိပြီး ရွာဘုန်းကြီးကျောင်းမှာ ...
သတင်း
အိုးဘိုပြန်သံဃာတော်များ စုပေါင်းကံထပ်ပွဲ
ဝါခေါင်လကွယ်နေ့ (9.9.2018)ရက်နေ့၊ မနက် ၁၀း၃၀ နာရီ၊ အမရပူရမြို့နယ်၊ စံရွေးရွာ၊ နန်းဦးကျောင်းတိုက်မှာ ကျင်းပပါတယ်။ရန်ကုန်၊ မန္တလေး မြို့ကြီးများနှင့်အတူ မိတ္ထီလာ ပျော်ဘွယ် ညောင်ဦး ကျောက်ဆည် မြို့လေးများမှ သံဃာတော်များ၊ မျိုးချစ်ပြည်သူများ တက်ရောက်ကြပါတယ်။ သံဃာ ၆ ပါးကို ၃ ပါးတစ်တွဲစီ ကမ္မဝါစာရွတ်ဖတ်ကာ ကံထပ်ပေးကြပါတယ်။သိမ်ဆင်းလောင်းအပြီးမှာ နေ့ဆွမ်းဆက်ကပ်ပါတယ်။နေ့လယ်ပိုင်းမှာ သြဝါဒခံယူပွဲကျင်းပပါတယ်။ပျော်ဘွယ် မဘသဆရာတော်ကြီး ဘဒ္ဒန္တဝိလာသအမှူးရှိသော ဆရာတော်သံဃာတော်များက သြဝါဒပေးပါတယ်။တပည့်လေးတွေ တရားဝင်သင်္ကန်းဆင်မြန်းပွဲဖြစ်ပါတယ်။ သင်္ကန်းပြန်လည်ဆင်မြန်းဖို့အတွက် မြို့နယ်သံဃနာယကအဖွဲ့မှ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အထိ စာအဆင့်ဆင့်တင်ရပါတယ်။စာတင် ခွင့်တောင်း မဝတ်ဘဲ ကိုယ်ဘာသာ ...
နဂါးနီစုဘူးသတင်း
အောင်သာယာ နဂါးနီစုဘူးအသင်း ငွေပေးပွဲ
အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊၊ အောင်သာယာရပ်ကွက်ရှိ အမှတ်(၆)နဂါးနီစုဘူးအသင်း စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။(13.9.2018)ရက်နေ့၊ ညနေ(၄း၀၀)နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ ကျင်းပတာပါ။နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်တင်စန်း၊ ဒုတိယအတွင်းရေးမှူး မအိနန္ဒာလွင်တို့ တက်ရောက်ကြပြီး နာယကဆရာတော် အရှင်ဇဝန က သြဝါဒချီးမြှင့်ပါတယ်။အသင်းသား/သူ (၁၃၀)အတွက် တစ်ဦးလျှင် ၁၀၀၀၀၀(တစ်သိန်း)ကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ ဆဋ္ဌမမြောက် အမှတ်(၆)စုဘူးဖြစ်ပြီး (၂.၁.၂၀၁၆)ရက်နေ့မှာ ...
ဝီရသူဖောင်ဒေးရှင်းသတင်း
ဝီရသူဖောင်ဒေးရှင်း အလှူတော် (၁)
ဝီရသူဖောင်ဒေးရှင်းအတွက် ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး၊ သမီး-အိသဲသက်ပိုင်၊ သား-ပိုင်ဂါမဏိမျိုးချစ် မိသားစုတို့လှူဒါန်းသော  အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်)ကို မိဘများဖြစ်ကြသော ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ(ရွှေမန်းမေအထည်ဆိုင်-မန်းမြို့ဈေး)မှ လှူဒါန်းစဉ်။ (13.9.2018) အလှူရှင် ကိုအောင်သက်ပိုင် မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ဝီရသူဖောင်ဒေးရှင်းကို အမရပူရမြို့ MK ကျောက်မျက်ရတနာလုပ်ငန်းပိုင်ရှင် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုတို့က ပဒေသာပင်စိုက်ထူတည်ထောင်ပါသည်။ တည်ထောင်သူ ဦးမိုးကို မိသားစုတို့က တစ်လလျှင် ၁၀ သိန်းကျပ် ထည့်ဝင်လှူဒါန်းကာ သိန်း (၃၀၀)ကျပ် ပြည့်သည်အထိ လှူဒါန်းသွားမည်ဖြစ်ပါသည်။ ဖောင်ဒေးရှင်း၏ အဓိကရည်ရွယ်ချက်မှာ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ဝါခေါင်လပြည့်နေ့ (9.9.2018)ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၊ ဓမ္မစေတီကျောင်းတိုက်မှာ ဆက်ကပ်ပါတယ်။ ဓမ္မစေတီကျောင်းတိုက်အတွင်းမှာဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသူကျောင်းသားများအား ကြက်ပေါင်းခေါက်ဆွဲ ကျွေးမွေးလှူဒါန်းရင်း ဆရာတော်သံဃာတော်များကို ဆက်ကပ်တာပါ။ဓမ္မစေတီကျောင်းတိုက်ဆရာတော်လေး အရှင်သုမနာလင်္ကာရ၊ ပညာရေးအကယ်ဒမီကျောင်းအုပ်ဆရာတော် အရှင်ဥက္ကဋ္ဌ အမှူးရှိသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှောက်ကြပါတယ်။ အလှူရှင်များကတော့ မန္တလေးမြို့မှ ဒေါ်မြင့်မြင့်ကြည်နှင့် အမျိုးသားရေး ညီအစ်မတစ်စုတို့ဖြစ်ပါတယ်။အလှူဒါယိကာမများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။ “ပညာရေးအကယ်ဒမီကျောင်း မနက်စာ အာဟာရအလှူ” ဝါခေါင်လပြည့်နေ့ (9.9.2018)ရက်နေ့၊ မနက် ...
သတင်း
မြင်းမူ ကျောင်းအပ်ပွဲအခမ်းအနား
ဝါခေါင်လဆုတ် ၁၂ ရက် (7.9.2018)ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်၊ ရေဝန်မင်းသားကျောင်းတိုက်မှာ ကျင်းပပါတယ်။ရေဝန်မင်းသားဆရာတော်ကြီး ဘဒ္ဒန္တခေမာစာရ (မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ-ရွှေကျင်)က ပဲခူးမြို့ သာမဏေကျော်ပရိယတ္တိစာသင်တိုက် မဟာနာယကချုပ်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဒေါက်တာအရှင်ဝိစက္ခဏာလင်္ကာရာဘိဝံသအား ရေဝန်မင်းသားကျောင်းတိုက်ကြီးကို လွဲပြောင်းအပ်နှံတဲ့အခမ်းအနားပါ။ လွဲပြောင်းအပ်နှံသူ ဆရာတော်အရှင်ခေမာစာရက ကျောင်းထိုင်သက်တမ်း ၃၈ နှစ်ရှိပါပြီ။သက်တော်လည်းရ၊ ကျန်းမာရေးကလည်းမကောင်း၊ မြင်းမူမြို့ သာသနာအတွက်လည်း ငဲ့ကွက်နေရတာကြောင့် သာမဏေကျော်လေးတွေ မွေးထုတ်ပေးရာ သာမဏေကျော်စာသင်တိုက်အဖြစ် မြင်တွေ့လိုကြောင်း စာရေးသူကို အကူအညီတောင်းလာတာကြောင့် စာရေးသူက နောင်တော်ကြီး အရှင်ဝဏ္ဏသီရိ (သာမဏေကျော်ဓမ္မရိပ်သာ)နှင့်ဆက်သွယ်ပြီး ...
သတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၅၅
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်ထိုင်းနိုင်ငံ၊ ပန်းပျိုးလက် ပရဟိတပညာရေးဖောင်ဒေးရှင်းအဖွဲ့မှ အလှူငွေ ဘတ်ငွေ ၃၀၀၀၀ (သုံးသောင်း) လှူဒါန်းစဉ်။ (6.9.2018) မန်း မဟော်သဓာအတွက်ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း)ထိုင်းနိုင်ငံ ပန်းပျိုးလက် ...
မုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆×၃၇၊ ၇၆×၇၇ လမ်းကြားနေ ဦးထွန်းမြင့်အောင်+ဒေါ်မြင့်မြင့်သန်းမိသားစုမှမစိုးရိမ်တိုက်သစ် တိုက်တည်ဆရာတော်ကြီး(၄)ပါးအထိမ်းအမှတ်ပူဇော်ပွဲနှင့် စာအောင်ဆုနှင်းသဘင်အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်)ဆရာတော်ဦးဝီရသူအတွက် နဝကမ္မ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (8.9.2018) အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ (၃၄) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ် ...