Daily Archives: July 14, 2021

ဆောင်းပါး

“တန်ခိုးရှင်နိုင်ငံရေးနှင့် နိုင်ငံရေးတန်ခိုးရှင်”

“တန်ခိုးရှင်နိုင်ငံရေးနှင့် နိုင်ငံရေးတန်ခိုးရှင်” သင်္ဃန်းဖြူဆရာတော် (15.7.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ် (၄၀) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)           တန်ခိုးရှင်နိုင်ငံရေးကို မြန်မာပြည်၌ ကိုးကွယ်မှုများကြ၏။ နိုင်ငံရေးအရာ၌ အစစအရာရာ ဖြောင့်မတ် မှန်ကန် သာလွန်ကောင်းမွန်သည့် အကျိုးတရားများကို ဖန်ဆင်းပေးနိုင်စွမ်းသည့် တန်ခိုးရှင်အဖြစ် တင်စား၍ ပူဇော်ပသနေသူများ ဖြစ်ကြ၏။ နိုင်ငံရေးကို ကိုးကွယ်ရာအသွင် လုပ်ဆောင်လာခြင်းသည် ခေတ်ရှေ့ပြေးလွန်း သည်လော၊ ခေတ်နောက်ပြန်ကျော့သွားသည်လော မပြောသာခဲ့။ ပြည်သူများက တန်ခိုးရှင်နိုင်ငံရေးကို ရွေး ချယ်ကျင့်သုံးလာကြသကဲ့သို့ နိုင်ငံ့ခေါင်းဆောင်မကြီးကလည်း နိုင်ငံရေးတန်ခိုးရှင်ကြီးအသွင် ...