Daily Archives: September 23, 2021

သတင်း

“သိက္ခာဆင့် ကံမြှင့်အခမ်းအနား”

“သိက္ခာဆင့် ကံမြှင့်အခမ်းအနား” ================ စာရေးသူရဲ့ သင်္ကန်းတော်ဆင်မြန်းပွဲ အခမ်းအနားလေးပါ။ အလွယ်ပြောရရင်တော့ သင်္ကန်းဝတ်ပွဲ ကံထပ်ပွဲပေါ့နော်။ 22.9.2021 ရက်နေ့ မွန်းလွဲ ၃း၀၀ နာရီမှာ ကျင်းပပါတယ်။ ရွှေတိဂုံတောင်ဘက်မုခ်အနီး မဟာဝိဇယစေတီတော်ကြီးဘေးက ရဟန္တာသိမ်တော်ကြီးမှာ ကျင်းပတာပါ။ ရွာမဆရာတော်ကြီးနှင့်အတူ ဇွဲကပင်ဆရာတော်ကြီး၊ မြစေတီဆရာတော်ကြီး၊ ပန်းတနော်ဆရာတော်ကြီးနှင့် မော်ကျွန်းတိပိဋကဆရာတော်တို့ ကြွရောက်ချီးမြှောက်တော်မူကြပါတယ်။ ကမ္မဝါရွတ်ဖတ်တော်မူတဲ့အခါ ဝိစိတ္တော ဝိစိတ္တံ စသည်ဖြင့် စာရေးသူရဲ့ ရဟန်းဘွဲ့အမည်နာမကို တိုက်ရိုက်သုံးစွဲပြီး ရွတ်ဖတ်တော်မူခဲ့ကြပါတယ်။ သင်္ကန်းဒွိစုံနှင့် ဒုကုဋ်သင်္ကန်းကြီး အလှူရှင်ကတော့ ဦးရန်ကြီးအောင်+ ဒေါ်တင်တင်မော် မိသားစုဖြစ်ပြီး သပိတ်နှင့် ...