Daily Archives: January 6, 2022

ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၄)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၄)  “ကမ္ဘာကျော် ကပ်္ပိယများ” ကပ္ပိယဟူသော ဝေါဟာရကို လူတိုင်းကြားဖူးကြပေသည်။ ဘုန်းတော်ကြီးများ၏ သက်တော်စောင့်၊ အပါးတော်မြဲ၊ နောက်လိုက်တပည့်၊ အနားမှာအမြဲနေထိုင်သူဟု အများစုက ထင်မြင်နေကြ၏။ အမှန်စင်စစ်ကား ထိုသို့မဟုတ်ပါ။ အပ်စပ်အောင် ဆောင်ရွက်ပေးသူဟု အဓိပ္ပါယ်ရပါသည်။ မှန်ပါသည်။  ကပ္ပိယဟူသည် ရဟန်းတော်များ ၀ိနည်းတော်နှင့် အပ်စပ် (သင့်တော်ညီညွတ်)အောင် စီစဉ်ပေးရသူ ဖြစ်ပါသည်။ ဥပမာ ရဟန်းတော်များ ထမင်းဟင်းမချက်ကောင်းပါ။ ထမင်းဟင်း မချက်ရဟု ပညတ်ထားသည့် ၀ိနည်းသိက္ခာပုဒ်အရ အာပတ်သင့် (အပြစ်ရှိ)ပါသည်။ သို့သော် ရှင်သာမဏေ ...