Daily Archives: March 27, 2022

သတင်း

ဉေယျဓမ်တောရသို့ … (၁၀)

ဉေယျဓမ်တောရသို့ … (၁၀) =============== ဒီနေ့လည်း ဆရာတော်ကြီးစွန့်ကြဲတော်မူတဲ့ လှူဖွယ်ဝတ္ထုတွေ ထပ်မံရောက်ရှိလာပါတယ်။ သုံးပါးလုံးအတွက် စိတ်တိုင်းကျ ရွေးချယ်စွန့်ကြဲတော်မူပုံပါပဲ။ သင်္ကန်းဆိုရင်လည်း အဝါရောင်၊ ဖိနပ်ဆိုရင်လည်း သင့်တော်မည့်နံပါတ်ပေါ့။ စာရေးသူက နံပါတ် ၉စီးမှ ကြည့်ကောင်းတာပါ။ စာရေးသူနဲ့ သင့်တော်မည့် နံပါတ် ၉ဖိနပ်ပါလာတာ အံ့သြစရာ။ ဒါ့အပြင် ဖောင်တိန်ပတ်ကား ပါကင်တစ်ဘူး၊ လက်သည်းညှပ်နှင့် ဆက်စပ်ကိရိယာလေးတွေပါတဲ့ ပါကင်တစ်ဘူး စုံနေတာပါပဲ။ နှုတ်တော်မှ ထုတ်ဖော်လို့ မှာတော်မူလိုက်သေးတာက “ရေနွေးဘူးကို မန္တလေးယူသွားပါ။ မထားခဲ့ပါနဲ့”ဆိုတာပါပဲ။ ဂရုစိုက်ရှာတယ်နော်။ ညနေမှာ ဘုရားသောက်တော်ရေကပ်၊ ...