သတင်း

ပညာရေးအကယ်ဒမီ ရိက္ခာ အလှူပွဲ

==============================

ပညာရေးအကယ်ဒမီ ရိက္ခာ အလှူပွဲ

==============================

မင်းကွန်း၊ ပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်း ရိက္ခာအလှူပွဲလေးပါ။

မင်းကွန်းတောင်ရိုး၊ စံတော်မူကျောင်း၊ ဆွမ်းစားကျောင်းဆောင်သစ်ကြီးမှာ

၁၀-၉-၂၀၂၃ မွန်းလွဲပိုင်းမှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

       ဆန်အိတ်  ၃၀                               (၂,၅၈၀,၀၀၀)

       ဆီ          ၁၀ပုံး                            (၁,၂၇၀,၀၀၀)

       ပဲ            ၁၀အိတ်                         (၁,၆၆၅,၀၀၀)

       ပညာရေး ပဒေသာပင် အလှူငွေ         (၂,၉၉၁,၅၀၀)

       စုစုပေါင်း ၈,၅၀၆,၅၀၀ – အလှူတော်ဖြစ်ပါတယ်။

       အလှူရှင်များကတော့ မန္တလေးမြို့၊ ကိုဝင်းနိုင်+မရိုဒါ မိသားစုနှင့် ဓမ္မမိတ်ဆွေများ ဖြစ်ပါတယ်။

       အလှူရှင်များကိုယ်စား ဦးဆောင်သူ ကိုဝင်းနိုင်က ကျောင်းသူ/သားများအား အားပေးစကား ပြောကြားပြီး လိုအပ်တဲ့ ရိက္ခာတွေ ဆက်လက်လှူနိုင်အောင် ကြိုးစားသွားမည့် အကြောင်း ဖိတ်ကြားသွားပါတယ်။

       ပညာရေးအကယ်ဒမီမှာ သံဃာ၊ ဆရာ/မ ၊ ကျောင်းသား/သူ ဦးရေ ၄၅၀ကျော်ရှိပြီး နေ့စဉ် သုံးနပ်စာအတွက် ဆန်ပြည်ရှစ်ဆယ် ချက်ပြုတ် ကျွေးမွေး ရသလို ကျန်းမာရေး၊ ပညာရေးအတွက်လည်း အစစအရာရာ စောင့်ရှောက်ထောက်ပံ့ ပြုစုပျိုးထောင်လျက် ရှိပါတယ်။

       အလှူရှင်များ အနေဖြင့် ပညာပါရမီ ကုသိုလ်ဖြည့်ဆည်းလိုပါက ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

       အလှူရှင် ကိုဝင်းနိုင်+မရိုဒါ မိသားစု ဦးဆောင်သော ဓမ္မမိတ်ဆွေများနဲ့အတူ ပရိသတ်အပေါင်း သူတော်ကောင်းတို့ ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကာ ဗုဒ္ဓသာသနာတော်မြတ်ကြီးအား ဆထက်ထမ်းပိုး တိုး၍ လှူဒါန်းထောက်ပံ့နိုင်သော ပါရမီရှင် သူတော်ကောင်း သူမြတ်လောင်းကြီးများ ဖြစ်ကြပါစေသော်……….ဝ်။