သတင္း

“ရွားပါးအလွဴပြဲေလးပါ”

“ရွားပါးအလွဴပြဲေလးပါ”
__________________

ေတာ္သလင္းလျပည့္ (29.9.2023) ရက္ေန႔မွာ က်င္းပခဲ့ပါတယ္။

မႏၱေလး၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ မစိုးရိမ္တိုက္သစ္၊ ဓမၼသဟာယေက်ာင္းမွာ က်င္းပတာပါ။

ေတာင္ႀကီးၿမိဳ႕မွ ေဒါက္တာညြန္႔ေဝ+ေဒၚစန္းရီ(ခ)ေႏြးေႏြး မိသားစုရဲ႕ အလွဴေတာ္ေလးပဲျဖစ္ပါတယ္။

ဆရာေတာ္ ဦးဝီရသူအား နဝကမၼ ၅သိန္းက်ပ္

မစိုးရိမ္တိုက္သစ္ နာယကဆရာေတာ္ ၂၆ပါးအား
တစ္ပါးလွ်င္ ၁သိန္းက်ပ္စီ(၂၆သိန္းက်ပ္) စုစုေပါင္း ၃၁သိန္းက်ပ္ အလွဴပြဲ ျဖစ္ပါတယ္။

အႏုေမာဒနာအျဖစ္ နေမာတႆတရားေဟာၾကားၿပီး ႏွစ္ဖက္ မိဘေဆြမ်ိဳးအေပါင္းအား ကုသိုလ္ေဝစု အမွ်ေဝၾကပါတယ္။

ေဒါက္တာ ညြန္႔ေဝ+ေဒၚစန္းရီ မိသားစုႏွင့္အတူ ပရိသတ္ အေပါင္းသူေတာ္ေကာင္းတို႔သည္ က်န္းမာခ်မ္းသာ ေဘးရန္ကြာ၍ လိုရာဆႏၵ ျပည့္ဝၾကပါေစ…..။ 

“ရှားပါးအလှူပွဲလေးပါ”
__________________

တော်သလင်းလပြည့် (29.9.2023) ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းမှာ ကျင်းပတာပါ။

တောင်ကြီးမြို့မှ ဒေါက်တာညွန့်ဝေ+ဒေါ်စန်းရီ(ခ)နွေးနွေး မိသားစုရဲ့ အလှူတော်လေးပဲဖြစ်ပါတယ်။

ဆရာတော် ဦးဝီရသူအား နဝကမ္မ ၅သိန်းကျပ်

မစိုးရိမ်တိုက်သစ် နာယကဆရာတော် ၂၆ပါးအား
တစ်ပါးလျှင် ၁သိန်းကျပ်စီ(၂၆သိန်းကျပ်) စုစုပေါင်း ၃၁သိန်းကျပ် အလှူပွဲ ဖြစ်ပါတယ်။

အနုမောဒနာအဖြစ် နမောတဿတရားဟောကြားပြီး နှစ်ဖက် မိဘဆွေမျိုးအပေါင်းအား ကုသိုလ်ဝေစု အမျှဝေကြပါတယ်။

ဒေါက်တာ ညွန့်ဝေ+ဒေါ်စန်းရီ မိသားစုနှင့်အတူ ပရိသတ် အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ…..။