သတင်း






 

“မစိုးရိမ်တိုက်သစ် ဝါဆိုပွဲအခမ်းအနား”

ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်၊ 28.7.2018 ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပပါတယ်။
မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးရှိသော နာယကဆရာတော်များ ဝါဆိုအပြီးမှာ ကျန်စာသင်သားသံဃာတော်များ ဝါဆိုကြပါတယ်။

ဝါဆိုအပြီးမှာ မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ သြဝါဒပေးပါတယ်။ ၁၃၈၀ ပြည့်နှစ် (၂၀၁၈)ခုနှစ်၊ ဝါဆိုသံဃာ ၂၈၀၆ ပါးပါ။

စာရေးသူက သဟာယအင်တာနက်ရေဒီယို တိုက်ရိုက်အစီအစဉ်မှာ မြန်မာတရားတော်များကဏ္ဍအတွက် Live လွှင့်နေလို့ အနည်းငယ်နောက်ကျသွားပါတယ်။ ဝါဆိုသံဃာများအား ဦးလှအောင်အမှူးရှိသော LPT အဖွဲ့က ဗလာစာအုပ်များ လှူဒါန်းပါတယ်။

ဗလာစာအုပ်အပိုများကို မင်းကွန်းပုထိုးတော်ကြီး ဘကကျောင်းအတွက် စာရေးသူထံ လာရောက်လှူဒါန်းသွားပါတယ်။
ဗလာစာအုပ်ပေါင်း ၁၆၀ ဒါဇင် ဖြစ်ပါတယ်။ ပုထိုးတော်ကြီးရယ် လောကအလင်းရယ် နဂါးနီရယ် ခွဲဝေလှူဒါန်းထားပါတယ်။