မန္းမေဟာ္သဓာသတင္း

မေဟာ္သဓာကေလးငယ္မ်ား

စေန တနဂၤေႏြ ေက်ာင္းပိတ္ရက္ေတြမွာ မနက္ ၆း၀၀ နာရီမွ ည ၆း၀၀ နာရီအထိ က်ဴရွင္တက္ရပါတယ္။ ဘာသာျပ ဆရာ ဆရာမမ်ား၊ ဂိုက္ဆရာ ဆရာမမ်ားအားလံုး ဂရုတစုိက္ သင္ၾကားေပးေနပါတယ္။ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေဌးေဌးျမင့္လည္း အနီးကပ္ႀကီးၾကပ္ေနပါတယ္။ ေက်ာင္းအုပ္ဆရာေတာ္ေလး ဦးဣႏၵက(M.A)ကလည္း ေန႔ဘက္အျပင္ ညဘက္မွာပါ စာက်က္ဝုိင္းေတြလုပ္ေပးၿပီး စနစ္တက်စီမံကြပ္ကဲလုိ႔ေနပါတယ္။

ကိုးတန္း ဆယ္တန္ ႏွစ္တန္းေပါင္း (၁၅၀)ေက်ာ္ရွိၿပီး ဆုိင္ရာဘာသာတြဲအလိုက္ ေနရာမ်ားခြဲကာ သင္ၾကားေပးေနပါတယ္။ ေဘာ္ဒါေဆာင္ေတြ ကိုယ္ပိုင္အထက္တန္းေက်ာင္းေတြလိုပဲ ဆရာ ဆရာမ ျပည့္စံုသလို ေက်ာင္းသူေက်ာင္းသားေတြအတြက္ က်ဴရွင္ေက်ာင္းအတြက္ လိုအပ္ခ်က္မရွိရေလာက္ေအာင္ စီစဥ္ေပးထားတာပါ။

မေဟာ္သဓာ အမ်ဳိးသားေရးကိုယ္ပိုင္အထက္တန္းေက်ာင္ေတာ္ႀကီး ေဆာက္လုပ္၍မၿပီးခင္ မေဟာ္သဓာေရွ႕ေျပးအျဖစ္နဲ႔ က်ဴရွင္ေက်ာင္းေလးကေတာ့ သတင္းေမႊးလို႔ေနပါၿပီ။

ကေလးငယ္ေတြကံေကာင္းၾကသလုိ ရြာသူရြာသာားေတြလည္း ေပ်ာ္ရႊအားရ ေက်နပ္လုိ႔ေနပါတယ္။

“မဟော်သဓာကလေးငယ်များ”

စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ မနက် ၆း၀၀ နာရီမှ ည ၆း၀၀ နာရီအထိ ကျူရှင်တက်ရပါတယ်။ ဘာသာပြ ဆရာ ဆရာမများ၊ ဂိုက်ဆရာ ဆရာမများအားလုံး ဂရုတစိုက် သင်ကြားပေးနေပါတယ်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်လည်း အနီးကပ်ကြီးကြပ်နေပါတယ်။ ကျောင်းအုပ်ဆရာတော်လေး ဦးဣန္ဒက(M.A)ကလည်း နေ့ဘက်အပြင် ညဘက်မှာပါ စာကျက်ဝိုင်းတွေလုပ်ပေးပြီး စနစ်တကျစီမံကွပ်ကဲလို့နေပါတယ်။

ကိုးတန်း ဆယ်တန် နှစ်တန်းပေါင်း (၁၅၀)ကျော်ရှိပြီး ဆိုင်ရာဘာသာတွဲအလိုက် နေရာများခွဲကာ သင်ကြားပေးနေပါတယ်။ ဘော်ဒါဆောင်တွေ ကိုယ်ပိုင်အထက်တန်းကျောင်းတွေလိုပဲ ဆရာ ဆရာမ ပြည့်စုံသလို ကျောင်းသူကျောင်းသားတွေအတွက် ကျူရှင်ကျောင်းအတွက် လိုအပ်ချက်မရှိရလောက်အောင် စီစဉ်ပေးထားတာပါ။

မဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်တော်ကြီး ဆောက်လုပ်၍မပြီးခင် မဟော်သဓာရှေ့ပြေးအဖြစ်နဲ့ ကျူရှင်ကျောင်းလေးကတော့ သတင်းမွှေးလို့နေပါပြီ။ ကလေးငယ်တွေကံကောင်းကြသလို ရွာသူရွာသာားတွေလည်း ပျော်ရွှအားရ ကျေနပ်လို့နေပါတယ်။