သတင်း

“မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ၏ အလှူတော်”

မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ၏ အလှူတော်

————————————————————————–

          စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် ရိက္ခာနှင့် အလှူငွေ ပေးအပ်ပွဲကြီးကို သီတင်းကျွတ်လဆန်း ၁၂ရက် (၁၆-၁၀-၂၀၂၃) ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

          စံတော်မူကျောင်းတိုက်မှာ အသစ်ဆောက်လုပ်ပြီးစီးထားတဲ့ ဆွမ်းစားကျောင်းဆောင်သစ်ကြီးမှာ ကျင်းပတာဖြစ်ပြီး လယ်ဝေးမြို့၊ ရွှေအင်တောင်မဟာစည်ရိပ်သာဆရာတော် ဘဒ္ဒန္တဇနိန္ဒ အမူးပြုသော ဆရာတော်သံဃာတော်များ မျိုးချစ်ပြည်သူများ၊ ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများ တက်ရောက်ကြပါတယ်။

          လယ်ဝေးမြို့၊ ရွှေအင်တောင်မဟာစည်ရိပ်သာဆရာတော် ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်က ဩဝါဒတရားဟောကြားပြီး နဝကမ္မများကို ဆရာဆရာမများထံ လွဲအပ်တော်မူပါတယ်။

          ဒီနေ့ အလှူပွဲမှာ

          ဆန်              ၇၆ အိတ်၊

          ဆီ                ၇၀ ပိဿာ၊

          ဆား             ၃ အိတ်၊

          ပဲ                 ၂ အိတ်၊

          မျှစ်ချဉ်          ၈၀ ပိဿာ၊

          ကျောက်ဖရုံသီး ၂၆လုံးနှင့် တိုင်းရင်းဆေးများ၊ အထွေထွေလှူဖွယ်များ ပါဝင်ပါတယ်။

          အလှူငွေ ၃,၄၉၀,၀၀၀ (၃၄သိန်း၉သောင်း) ကျပ်လည်း ပါဝင်ပါတယ်။

          ဒီကနေ့ အလှူပွဲ ထမြောက်ဖို့အတွက် နေပြည်တော် မြို့နယ်ရှစ်ခုမှ မျိုးချစ် သံဃာတော်များနှင့် မျိုးချစ်ပြည်သူများက စုပေါင်းလှူဒါန်းကြတာ ဖြစ်ပါတယ်။

          ရွှေအင်တောင်ဆရာတော် ဦးစီးပြီး စုပေါင်းလှူဒါန်းကြခြင်းဖြစ်ပြီး ရွှေအင်တောင်ဆရာတော် ကိုယ်တိုင်ကြွရောက်ချီးမြှောက်ကာ နေပြည်တော် လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီးဆရာတော် ဦးပညာနှင့် အမျိုးသားရေးညီနောင်များက ရိက္ခာတင်ကားကို ကြီးကြပ်စီစဉ်ပြီးမှ ကြွရောက်တော်မူလာကြတာ ဖြစ်ပါတယ်။

          မင်းကွန်း၊ပုထိုးတော်ကြီး၊ပညာရေးအကယ်ဒမီကျောင်းမှာ G9မှ G12 အထိ ကျောင်းသူကျောင်းသားပေါင်း လေးရာကျော်ရှိရာ ဆရာ ဆရာမများ၊ သံဃာတော်များနှင့် ဆိုလျှင် ဦးရေ ၄၅၈ ဦးဖြစ်ပြီး တစ်ရက်သုံးနပ်ကို ဆန်ပြည်ရှစ်ဆယ် နေ့စဉ် လှူဒါန်းနေတာဖြစ်ပါတယ်။

          ရွှေအင်တောင်ဆရာတော်၊ အောင်ကုန်းဆရာတော်၊ ကိုရင်ရွှေထား အမှူးပြုသော မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ

ဘေးရန် အန္တရယ် ကင်းရှင်းကြပါစေ။

ဘုန်းတော်ကံတော်များ ကြီးမားကြပါစေ။

သက်ရှည်ကျန်းမာတော်မူကြပါစေ။

          ပေးလို့မကုန် လှူလို့မခမ်းနိုင်သော ဣစ္ဆာသယရွှေအိုးကြီးများ ပိုင်ဆိုင်နိုင်ကြပါစေသော်……….ဝ်။