သတင်း

“သက်တော် (၅၄)နှစ်ပြည့် မွေးနေ့”

“သက်တော် (၅၄)နှစ်ပြည့် မွေးနေ့”
==================
“စုပေါင်းသွေးလှူဒါန်းပွဲ အောင်မြင်စွာပြီးဆုံး”
========================
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် (၅၄)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကြီးကို ဇွန်လ(၂၅) ရက်နေ့ (၂၆)ရက်နေ့များ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) တပ်မတော်ဆေးရုံ၊ ခုတင်တစ်ထောင်၌ (၂၂၄)အိတ်။
မိတ္ထီလာမြို့ တပ်မတော်ဆေးရုံ ခုတင်(၅၀၀)၌ (၂၁)အိတ်
ပြင်ဦးလွင်၊ တပ်မတော်ဆေးရုံ၌ (၅၈)အိတ်။
မန္တလေး၊ ပြည်သူ့ဆေးရုံကြီး၌ (၁၃၇) အိတ်။
မန္တလေး၊ ခုတင်သုံးရာဆေးရုံကြီး၌ (၈၃) အိတ်။
စုစုပေါင်း-(၅၂၃) အိတ်ရရှိကြောင်းသိရသည်။

၂၅ ရက်နေ့၌ ဆရာတော်ကိုယ်တိုင် ရန်ကုန်သို့ ကြွရောက်ချီးမြောက်ခဲ့ပြီး၊ ၂၆ ရက်နေ့၌ ဓမ္မသဟာယကျောင်းမှာ ဧည့်ခံကျွေးမွေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ရေစက်ချ အနုမောဒနာ တရားဟောကြားခြင်းများ၊ စုပေါင်းအမျှဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်သွေးလှူပွဲကို မျိုးချစ်သမဂ္ဂမှ ဦးစီးကျင်းပခဲ့ရာ ယခုအကြိမ်သည် န၀မအကြိမ် ဖြစ်ကြောင်း၊ ယခင်က အရပ်ဘက်ဆေးရုံ၌ လှူဒါန်းခဲ့ကြသော်လည်း ၊ ၂၀၁၆-ခုနှစ်မှစ၍ တပ်မတော်ဆေးရုံသို့ ပြောင်းရွှေ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာသွေးလှူပွဲကို ဒေါ်ခင်ဆွေဝင်း ဦးဆောင်သော MN0 အဖွဲ့က ဦးစီးကျင်းပခဲ့ခြင်း ဖြစ်၍
မန္တလေး သွေးလှူပွဲကို ပါရမီပျိုးခင်း သွေးလှူအသင်းမှ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ကာ ယခုအကြိမ်သည် အသင်း၏။ (၂၅) ကြိမ်မြောက်ဖြစ် သွေးလှူပွဲ ဖြစ်ကြောင်းသိရသည်။
“ ပြီးခဲ့တဲ့ နှစ်တုန်းက ဦးပဉ္စင်းက တပ်မတော်ဆေးရုံမှာ အချုပ်သား လူနာအဖြစ်နဲ့၊ ဆေးရုံတက်နေတာ၊ ဦးဇင်း ဘယ်ဆီနေမှန်း မသိဘဲ သွေးလာလှူဒါန်းကြတဲ့ အမျိုးတွေကို ချီးမြောက်ချင်တာနဲ့ ဒီနှစ်တော့ ရန်ကုန်ကို အရောက်လာ ဖြစ်သွားတယ်” ဟု ရန်ကုန်ကြွလာရခြင်းနှင့် ပတ်သက်၍ မွေးနေ့ရှင်ဆရာတော်က မိန့်ကြားပါသည်။

“ ၂၀၁၂ တုန်းက သဟာယမှာပဲ လုပ်တာပါ။
၂၀၁၃ ကနေစပြီး ဇာတိမြေ (ကျောက်ဆည်) မှာ လုပ်ဖြစ်ခဲ့တယ်။

၂၀၁၉၊၂၀၂၀၊ ၂၀၂၁ တွေမှာ သွေးလှူရှင်တွေက ဟိုပြေးလှူရ၊ ဒီပြေးလှူရနဲ့ သွေးလှူဘဏ်နေရာဌာန အတည်အငြိမ် မရှိခဲ့ပါဘူး။ ဒီနှစ်မှာတော့ ဆေးရုံတွေ စုံသွားတာပေါ့လေ” ဟု သွေးလှူမည့်သူ၊ သွေးယူမည့်သူ ရှိသော်လည်း သွေးဖောက်ပေးသူ မရှိသောကြောင့် သွေးမလှူရ၊ သွေးမယူရသော ပြည်သူများကို စာနာမှုများစွာ ဖြစ်ပေါ်မိကြောင်းလည်း မိန့်ကြားပါသည်။

ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် ၊ မိတ္ထီလာ လေးမြို့လေးဌာန သွေးအိတ်စုစုပေါင်းမှာ ( ၅၂၃)အိတ် ရှိကြောင်း သိရပါသည်။

ဖြူစင်မွန်မြတ်၊ သွေးတစ်စက်
ပေးဆပ်ခဲ့လေသော်…..
ဥပပါရမီ ကုသိုလ်မည်
ရွှေပြည်နိဗ္ဗာန် ရောက်စေသော်……၀်။