မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

အမေရိကန်ရောက် အလှူရှင် အင်အားစုများ၏ ပညာရေးအလှူတော်

======================================

အမေရိကန်ရောက် အလှူရှင် အင်အားစုများ၏ ပညာရေးအလှူတော်

======================================

          မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ပညာရေး ပဒေသာပင် အလှူတော်အဖြစ် အလှူငွေ သိန်းနှစ်ဆယ်(၂,၀၀၀,၀၀၀) ကျပ်ကို အမေရိကန်ရောက် အလှူရှင်အင်အားစုများက လှူဒါန်းကြပါသည်။

          အမေရိကန်ရောက် အလှူရှင်များ စုပေါင်းစုဆောင်းကာ 11.6.2023 ရက်နေ့၌ လှူဒါန်းကြခြင်းဖြစ်ပါသည်။

          မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း၌ သံဃာတော်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း လူဦးရေ လေးရာကျော်ရှိရာ ဝန်ထမ်းလစာ အဖြစ် လစဉ် သိန်းသုံးဆယ်ကျော် လှူဒါန်းလျက်ရှိပါသည်။

          သိုဖြစ်၍ ပညာပါရမီ ဖြည့်ဆည်းလိုသော ပါရမီရှင်များသည် ပညာရေးအကယ်ဒမီ ပညာရေးပဒေသာပင် စိုက်ထူကာ ကုသိုလ်ပါဝင်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

          အမေရိကန်ရောက် ရွှေမြန်မာ အလှူရှင်များအားလုံး ပညာပြည့်ဝ နလုံးလှလျက် ဗုဒ္ဓသာသနာတော်မြတ်ကြီးကို အမြဲမပျက် ထောက်ပံ့ လှူဒါန်းနိုင်ကြကာ မဂ်ဖိုလ်နိမ္ဗာန်ကို ဘဝတိုတိုဖြင့် ရလွယ် ရောက်လွယ် မျက်မှောက်ပြုလွယ်နိုင်စွမ်းသော သူတော်ကောင်း သူမြတ်လောင်းများ ဖြစ်ကြပါစေသော်…..ဝ်

ဆက်သွယ်ရန်

ကျောင်းအုပ်ဆရာတော် 09-781513980

 တာဝန်ခံဆရာတော် 09-445580969 KPay

09-2004013 KPay