သတင်း







“ကျောင်းရေစက်ချပွဲနှင့် အာစရိယပူဇော်ပွဲ”

တန်ဆောင်မုန်းလဆုတ် ၉ ရက် (1.12.2018)ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ မန္တလေးတိုင်း၊ မတ္တာရာမြို့၊ မတ္တရာမစိုးရိမ်တိုက်သစ်မှာ ကျင်းပပါတယ်။

ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသအမှူးပြုသော မစိုးရိမ်တိုက်သစ် နာယကဆရာတော်များ ကြွရောက်ကြပါတယ်။

ကျောင်းရေစက်ချပွဲက 2.12.2018 ရက်နေ့မှပါ။ ထေရာသနကျောင်းတော်ကြီး ရေစက်ချပွဲဖြစ်ပါတယ်။

ဒီကနေ့ ညနေ ၆း၀၀ နာရီမှာ မစိုးရိမ်တိုက်ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲနှင့် သြဝါဒခံယူပွဲကျင်းပပါတယ်။

စတုဒိတာအလှူလည်း ပါဝင်ပါတယ်။ မုန့်တီ၊ မုန့်ဟင်းခါး၊ ကော်ဖီနှင့် မုန့်မျိုးစုံ အသီးအနှံ စတဲ့ စားစရာမျိုးစုံနဲ့ လာသမျှပရိသတ်တွေကို ပျော်ပျော်ပါးပါးကျွေးမွေးလှူဒါန်းနေကြတာ တွေ့ရပါတယ်။