Daily Archives: June 7, 2017

သတင်း

မဘသ(ဗဟို)ညီလာခံ ပထမနေ့ ညဦးပိုင်း

27.5.2017 ည 7:00 နာရီမှာ ကျင်းပပါတယ်။ ရွာမဆရာတော်ကြီးက သြဝါဒပေးပါတယ်။ သြဝါဒပေးအပြီးမှာ နိုင်ငံခြားဆရာတော်များက သီးခြားဆွေးနွေးပါတယ်။ မဆွေးနွေးခင်မှာ ဒေါက်တာအရှင်ဥတ္တမသီရိက နိုင်ငံခြားဆရာတော်များအား တစ်ပါးချင်း ပရိသတ်နှင့်မိတ်ဆက်ပေးပါတယ်။ ထိုင်း၊ လာအို၊ ကမ္ဗောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ တိဘက်၊ တရုတ်၊ ထိုင်ဝမ်၊ နယ်သာလန် စသော နိုင်ငံ(၁၀)နိုင်ငံမှ ထေရဝါဒ မဟာယာန ဆရာတော်များ ကြွရောက်ချီးမြှောက်ကြတာပါ။ အင်္ဂလိပ်လို ဆွေးနွေးကြတာပါ။ နားလည်သူများက ဝင်ရောက်နားထောင်ကြပါတယ်။ စာရေးသူတို့က ရွာမဆရာတော်ကြီးအပါအဝင် ဆရာတော်ကြီးများ ဦးဆောင်ဆရာတော်လေးများနှင့် သီးသန့်ဆွေးနွေးပါတယ်။ အခြားတစ်နေရာတွင် မန်း မဘသ ဆရာတော်များဦးဆောင်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးမှ မဘသဦးဆောင် ...
သတင်း

မဘသ(ဗဟို)ညီလာခံ ပထမနေ့ မွန်းလွဲပိုင်း

  27.5.2017 ရက်နေ့ မွန်းလွဲ 1:00 နာရီမှာ စတုတ္ထအကြိမ်ညီလာခံ ပထမနေ့ ဒုတိယပိုင်း ပြန်စတင်ပါတယ်။ မြစေတီရဲကျောင်းဆရာတော်ကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိ(မဘသဗဟို အတွင်းရေးမှူး) က သြဝါဒပေးပါတယ်။ အဲဒီနောက် တိုင်းနှင့်ပြည်နယ်အသီးသီးမှ မေးမြန်းမှုများကို ဖြေဆိုပေးပါတယ်။ မေးခွန်း ၁၂ ခုရှိရာတွင် အများစုမှာ မဟနအမိန့်စာနှင့်ပတ်သက်လို့ မေးမြန်းတာတွေပဲဖြစ်ပါတယ်။ ဗဟိုဦးဆောင်ဆရာတော်များ တစ်လှည့်စီဖြေကြားတာရှိသလို ဥပဒေပိုင်းဆိုင်ရာ ဖြေရှင်းချက်များကို ရှေ့နေကြီး ဦးကျော်ကျော်နှင့်ဒေါ်ခင်ခင်ဌေးတို့က ဒိုင်ခံဖြေကြားပါတယ်။ အချို့သောမေးခွန်းတွေအတွက် ဗီဒီယိုဖိုင်လ်များပြသ၍ သာဓကထိုး ဖြေကြားကြပါတယ်။ နောက်ဆုံးပိတ် နိဂုံးချုပ်သြဝါဒကို ကရင်ပြည်နယ် မဲဘောင်ကျောင်းတိုက် ဇွဲကပင်တောင်ဆရာတော်ကြီး ဘဒ္ဒန္တကဝိဓဇ ချီးမြှင့်ပါတယ်။ ...
သတင်း

မဘသ ညီလာခံ ပထမနေ့ မနက်ပိုင်း

27.5.2017 ရက်နေ့ မနက် 8:00နာရီမှာ အခမ်းအနား စတင်ပါတယ်။  မဘသ(ဗဟို)ဥက္ကဋ္ဌရွာမဆရာတော်ကြီးသြဝါဒပေးပါတယ်။ ရွှရတုတိပိဋကမော်ကျွန်းဆရာတော်က ၂၃ ရက်နေ့က ကမ္ဘာအေးမှာ တွေ့ကြုံခဲ့တာတွေကို ရှင်းပြပါတယ်။ စတုတ္ထအကြိမ် ညီလာခံက ခါတိုင်းနှစ်တွေထပ် ပိုပြီး စည်ကားနေပါတယ်။ မဘသ အဖွဲ့ဝင် ရဟန်းရှင်လူပြည်သူများတင် မကဘဲ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြတဲ့ မဘသ အဖွဲ့ဝင်မဟုတ်သော မဘသများ အင်နှင့်အားနှင့် လာရောက် အားပေးကြလို့ပါ။ သွးအေးမှာစိုးလို့ တစ်နှစ်တစ်ခါဆိုသလို သွေးပူလေ့ကျင့်ခန်းလုပ်ပေးနေတဲ့ အနီအစိုးရကို ကျေးဇူးတင်ရမလိုပါ။ ထူးခြားတာနှစ်ခုက ဖိတ်စာပို့စရာမလိုဘဲ ကိုယ်ပိုင်အသိစိတ်ဓာတ်နှင့် လာရောက်အားပေးကြတဲ့ မျိုးချစ်သံဃာလူထုအင်အား ကောင်းခြင်းနှင့် ညီလာခံမဖြစ်တော့မှန်း ...
သတင်း

အခြေခံစာကြည့်တိုက်ပြုစုပျိုးထောင်ရေးသင်တန်း

အခုအကြိမ်ဟာ အဋ္ဌမအကြိမ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်လာခဲ့တာပါ။ မန္တလေး လူထုစာကြည့်တိုက် စာကြည့်တိုက်မှူး ဦးအောင်မြင့်ဦး၏ဇနီး ဆရာမဒေါ်ခင်သီတာလတ် (ရတနာပုံတက္ကသိုလ် စာကြည့်တိုက်နှင့်သုတေသနဌာန)ကပို့ချပါတယ်။ ဒီနေ့ စတင်ဖွင့်လှစ်တာပါ။ တစ်လကျော်ပို့ချမှာပါ။ မည်သူမဆို လာရောက်သင်ယူနိုင်ပါတယ်။ မစိုးရိမ်တိုက်သစ် သံဃာတော်များအပြင် မစိုးရိမ်တိုက်ကြီး၊ ဝိသုဒ္ဓါရုံ၊ ဆင်တဲ၊ ရေပန်း စတဲ့ ကျောင်းများမှ သင်တန်းသားရဟန်းတော်များနှင့် စာကြည့်တိုက်လုပ်ငန်းလေ့လာသူ အမျိုးသားနှစ်ယောက် အမျိုးသမီး သုံးယောက်လည်း တက်ရောက်ကြပါတယ်။    
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း(မစိုးရိမ်တိုက်သစ်ဆွမ်းပဒေသာပင်အလှူတော်)

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် စာချစာသင် သံဃာတော်အရှင်သူမြတ်များ ဆွမ်းပဒေသာပင်အတွက် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျွန်းကုန်းရွာနေ ဦးကြင်သကဲ+ဒေါ်စန်းစန်းထွေး (သား)မောင်အာကာဟိန်း၊ (သမီး) မမိုးဖြူသက်ထွေး၊ မကြည်ဖြူသဲသက် မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (30.5.2017)
နဂါးနီစုဘူးသတင်း

ဇဇ(၃/၄) ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်ရှိ နဂါးနီစုဘူး အမှတ်(၄) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ ဒီကနေ့ (29.5.2017) မွန်းတည့်(၁၂း၀၀)နာရီ ကံသာယာရပ်ကွက် အောင်သုခဓမ္မာရုံမှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ သတင်းထောက် အရှင်ခေမိန္ဒ (ဝီရ ခေမိန်)တို့ တက်ရောက်ကြပါတယ်။ အသင်းနာယက အရှင်ဇဝနမှ သြဝါဒမိန့်ကြားပါတယ်။ အသင်းသူ/သားများအနေဖြင့် စည်းမျဉ်းစည်းကမ်းများ လိုက်နာရန်၊ ရိုးသားကြိုးစားကြရန်၊ စာရိတ္တကိုအခြေခံတဲ့ အောင်မြင်ကြီးသူများဖြစ်အောင် ရည်မှန်းကြိုးစားကြရန်၊ လတ်တလောဖြစ်ပေါ်နေသော မဘသ သတင်းဂယက်ကြောင့် နဂါးနီစုဘူးအသင်းအပေါ် တစုံတရာသက်ရောက်မှုမရှိ၍ အသင်းသူ/သားများအနေဖြင့် မဘသပျက်ပြီး နဂါးနီစုဘူးငွေ ...
မုဒိတာရပ်ဝန်းသတင်း

“မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၈၃)

  မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရန်ကုန်မြို့နေ အရှင်သောပါက(သာသနာနွယ်)အမှူးပြုသော ဒကာ ဒကာမများက အလှူငွေ ၉၁၀၀၀၀(ကိုးသိန်းတစ်သောင်း)ကျပ် လှူဒါန်းစဉ်။ (28.5.2017) (ဆရာတော်ဦးဝီရသူ၏ နဝကမ္မအတွက် အလှူငွေ ၂၅၀၀၀၀(နှစ်သိန်းငါးသောင်း)ကျပ် လှူဒါန်းသည်။) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၄,၁၇၅,၅၀၀ ...
သတင်း

မဘသလည်း ပြောင်းလဲခဲ့ရပြီ

  26.5.2017 ည 7:00 မှာ ဆွးနွေးကြပါတယ်။ 10:00 မှာ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။ အဖွဲ့အမည် ပြောင်းလဲဖို့နဲ့ အမည်သစ်ရွေးချယ်မှုအတွက် ဆုံးဖြတ်ချက်ချနိုင်ခဲ့တာပါ။ အဖွဲ့အမည်ပြောင်းလဲ ဆောင်ရွက်မှာကို အားလုံးက သဘောတူပေမယ့် အမည်သစ်ရွေးချယ်ရာမှာ အကြိတ်အနယ် အားပြို င်မှုရှိတာကြောင့် နာက်ဆုံး မဲခဲဆုံးဖြတ်ခဲ့ရပါတယ်။ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအမည်နဲ့ ဗုဒ္ဓဓမ္မပရဟိတအသင်းကြီးလို့ ရှိရာမှာ ပထမအမည်က ၇၆ရာခိုင်နှုံးနဲ့ အသာရရှိသွားလို့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအမည်သစ်ကို ရွးချယ်နိုင်ခဲ့ပါတယ်။ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုတာ ရဟန်းရှင်လူပြည်သူများ ပေါင်းစုပါဝင်တဲ့ N G Oအဖွဲ့အစည်းကြီးအဖြစ် တရားဝင်ရပ်တည်သွားနိုင်အောင် ၂၀၀၈ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၄ ခုနှစ် အသင်းအဖွဲ့ဆိုင်ရာ ပည်ထောင်စုလွှတ်တော်ဥပဒေတို့နဲ့အညီ စီစဉ်ဆောင်ရွက်သွားမှာပါ။ ဗုဒ္ဓဓမ္မပရဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုသော ရဟန်းရှင်လူ ပြည်သူမှန်သမျှ ပါဝင်ဆောင်ရွက်နိုင်ပါပြီ။ ဝီရသူ ( မစိုးရိမ်) 28.5.2017 am ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၈၂)

  မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ တောင်ဝိုင်းကျောင်း ဦးစန္ဒာသိရီ မှ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ဦးဝေပုလ္လမှ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ ဦးကောဝိဒမှ ၅၀၀၀၀(ငါးသောင်း)ကျပ် ပေါင်း ၂၅၀၀၀၀(နှစ်သိန်းငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (27.5.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ ...