Daily Archives: June 14, 2017

မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်နေ ကိုရန်ကြီးအောင်+မတင်တင်မော် (မော်မော်ရတနာရွှေဆိုင်)မိသားစုမှ အလှူငွေ သိန်း(၂၀)ကျပ် လှူဒါန်းစဉ်။(10.6.2017) (မော်မော်ရတနာရွှေဆိုင်မိသားစုသည် 9.7.2016 ရက်နေ့ကလည်း မဟာဝီရမဂ္ဂဇင်း ပဒေသာပင်အဖြစ် သိန်း(၂၀)ကျပ် လှူဒါန်းဖူးပါသည်။) အလှူရှင် ကိုရန်ကြီးအောင်+မတင်တင်မော်(မော်မော်ရတနာရွှေဆိုင်)မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ...
သတင်း

ဇွဲကပင် မဘသ အောင်ပွဲ ၂

ကရင်ပြည်နယ် မဘသ အခမ်းအနားကို မဲဘောင်ကျောင်းတိုက်မှာ ဆက်လက်ကျင်းပပါတယ်။ မွန်းလွဲ ၁း၀၀ နာရီမှာ အခမ်းအနားစတင်ဖို့ ကြေညာထားသော်လည်း မြို့နယ်အသီးသီးမှ ပရိသတ်များ ကြိုတင်ရောက်နေမှုကြောင့် နေရာအခက်အခဲနှင့် အချိန်ကြာညောင်းမှာစိုးတာကြောင့် မွန်းတည့် ၁၂း၀၀ နာရီမှာ စတင်ကြပါတယ်။ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စံပြသာသနာပြုကျောင်းတိုက် မြေပုံဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လမထေရ်က ပထဝီဘာသာရေးသမိုင်းကို ဟောပြောသွားပါတယ်။ မော်လမြိုင်မြို့ မြစေတီရဲကျောင်းဆရာတော်ကြီးက ကရင်ပြည်နယ်ရဲ့ အထင်ကရ ဆရာတော်ကြီးများဖြစ်တဲ့ မြိုင်ကြီးငူဆရာတော် ဇွဲကပင်ဆရာတော်ကြီးတို့ရဲ့ အရိပ်အာဝါသအောက်မှာ စည်းစည်းလုံးလုံးနှင့် ငြိမ်းချမ်းဖြောင့်တန်းစွာ လျှောက်လှမ်းဖို့ သြဝါဒပေးပါတယ်။ စာရေးသူကတော့ အိမ်ရှင်အခွင့်အရေးဆုံးရှုံးနေရတဲ့အကြောင်းတွေ ဟောကြားပြီး သွေးစက်ချ၍ ...
သတင်း

ဘူဒိုဇာအစိုးရနှင့် ချိန်းစောအစိုးရ

မန္တလေး ကံကြီးကုန်းဇီးအုပ် အရေးအခင်းတုန်းက အဖြစ်အပျက်လေးကို ပြန်သတိရမိပါတယ်။ အခုဖြစ်ပွားနေတဲ့ လှည်းကူးအရေးအခင်းနဲ့ ပုံစံတူနေလို့ပါ။ ကံကြီးကုန်းဇီးအုပ်မှာ နိုင်ငံတော်ပိုင်မြေကို အကွက်ရိုက်ပြီး ရောင်းစားကြတယ်။ နေစရာမရှိတဲ့သူတွေက ဈေးပေါပေါနှင့်ဝယ်ကြတယ်။ ရွာသူကြီးက သက်သေလက်မှတ်ထိုးပေးတယ်။ တကယ့် တရားဝင်မြေအရောင်းအဝယ် စာချုပ်တွေ ပိုင်ထားတဲ့ ပြည်သူတွေက ဘူဒိုဇာနဲ့အထိုးခံလိုက်ရတယ်။ အိမ်ပေါင်း ရှစ်ထောင်ကျော် ပြည်သူတွေ အတိဒုက္ခရောက်ရတယ်။ ယာယီနေထိုင်ဖို့နေစရာတွေလည်းမပေး ပစ္စည်းပစ္စယတွေထားစရာနေရာလည်းမပေးဘဲ ဖျက်ပြီးကားပေါ် တင်ကာ သယ်ယူသွားကြတာပါ။ အဲ့ဒီအရေးအခင်းမှာ ပြည်သူမှားတယ်ဆိုပြီး ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမှ ပြည်သူ့ဘက်မှ မရပ်တည်ခဲ့ပါဘူး။ စာရေးသူက NLD ပါတီဝင်အချို့ကိုပြောပါတယ်။ ပင်နီလေးဝတ်ပြီး ဦးဇင်းနားမှာပဲ လာရပ်ပေးပါ ဦးဇင်းပဲဒိုင်ခံရှင်းပါ့မယ် ခင်ဗျားတို့ တစ်ခွန်းမှ ဝင်ပြောစရာ မလိုပါဘူး။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၉၂)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မြစ်ကြီးနားမြို့ မီးအိမ်ရှင်သာသနပျိုးခင်းအသင်းမှ အလှူငွေ ၃၀၀၀၀ (သုံးသောင်း) ကျပ် လှူဒါန်းပါသည်။(12.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၅,၄၅၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၂,၆၅၅,၅၀၀ (တစ်ထောင့်ခုနစ်ရာနှစ်ဆယ့်ငါးသိန်း ...
ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း

ဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ (၄၉)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ

  ဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ (၄၉)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် “ပါရမီပျိုးခင်း” သွေးလှူအသင်း၏ (၁၇)ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ၁၃၇၉ ခုနှစ်၊ ဝါဆိုလဆန်း(၃)ရက် 26.6.2017 တနင်္လာနေ့ ကျောက်ဆည်မြို့၊ ကံဦးရပ်၊ မင်းကုန်းမဟာစာသင်တိုက်၌ ကျင်းပမည်ဖြစ်ပါသည်။ နေ့ရက်=26.6.2017ရက်နေ့ အချိန်= နံနက်(၇း၀၀)နာရီမှ(၁၂း၀၀)နာရီအထိ နေရာ ကျောက်ဆည်မြို့၊ ကံဦးရပ်၊ မင်းကုန်းမဟာစာသင်တိုက်။ ဆက်သွယ်ရန် ___________ ဦးဝိစာရိန္ဒ-09.402755991 မင်းကုန်းကျောင်း-066.50016 ဦးတေဇော-09.259484886 ဖြူသီလ္ဘက်ပွဲရုံ-09.402748001/066.50454 ကိုဇော်နိုင်-09.402694762 ဒေါ်မြင့်ရီ-09.2054895