Daily Archives: June 25, 2017

မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၁)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရေစကြိုမြို့ ရှင်မတောင်ဆရာတော်ဘဒ္ဒန္တကဝိန္ဒောဘာသ မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (20.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီးခြားအလှူရှင်များ လှူဒါန်းငွေ ၁၆,၇၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၃,၉၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာသုံးဆယ့် ...
သတင်း

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၂)

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက် ___________________ (ခ) အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်(၄)နှင့် ငြိစွန်းမှုမရှိကြောင်း သုံးသပ်ချက် ၁၁။ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းအခန်း(၂) အပိုဒ်(၄)တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ ဤစည်းမျဉ်းအရ သက်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်းတစ်ခုတည်းသာ ရှိရမည် ဟု ပြဋ္ဌာန်းထားပါသည်။ ...
သတင်း

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆဲဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက်(၁)

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ကရင်ပြည်နယ် (၂၃.၅.၂၀၁၇) ရက်စွဲပါ စာအမှတ် ၀၆၂/၄၇-၁၂/၅/သာ-မဟန ဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သုံးသပ်တင်ပြချက် ရက်စွဲ။ ။ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၀)ရက် (က) အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် တည်ဆည်ဥပဒေများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း သုံးသပ်ချက် ၁။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဘာသာ သာသနာရေးနှင့်စပ်လျဉ်း၍ ပေါက်ပါအတိုင်း ပြဋ္ဌာန်း ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၀)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ ဟ-၁၁/၁၈-ခရပ်ကွက်နေ ဦးဝမ်းတင်+ဒေါ်တင်ရီ မိသားစုမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (19.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။  ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၆,၆၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၃,၈၀၅,၅၀၀ ...
သတင်း

မစိုးရိမ်တိုက်သစ် ဝင်ခွင့်စာမေးပွဲ နောက်ဆုံးနေ့

ဒီနေ့ မစိုးရိမ်တိုက်သစ်မှာ ဆက်လက်သီတင်းသုံးသော ပညာသင်ယူနိုင်ရန်အတွက် နေထိုင်ခွင့်စာမေးပွဲ တတိယနေ့ပါ။ လပြည့်လကွယ်နေ့တိုင်းကျင်းပပါတယ်။ သုံးပတ်ကျင်းပရာမှာ သုံးပတ်လုံး အောင်မှတ်ရမှ မစိုးရိမ်တိုက်သစ်မှာဆက်လက်နေထိုင်ခွင့်ရရှိပါမယ်။ သုံးပတ်မှာ နှစ်ပတ်အောင်ပြီး တစ်ပတ်ကျရင်တောင် ဆက်လက်နေထိုင်ခွင့်မရှိပါဘူး။ စာရေးသူ ကိုင်တဲ့အတန်းကတော့ စာချတန်း အဋ္ဌသာလိနီကျမ်းဖြစ်ပါတယ်။ စာရေးသူနှင့်အတူ ပူးတွဲကိုင်သူကတော့ ဓမ္မသီတဂူကျောင်းနာယက ဘဒ္ဒန္တကောဏ္ဍညာလင်္ကာရာဘိဝံသ (ကိုကြီးကွန်း)ပါ။ ဓမ္မရက္ခိတကျောင်းတော်ကြီးမှာ ဖြေဆိုကြရတာပါ။ အားလုံးဖြေဆိုနိုင်ကြပါတယ်။ ဝီရသူ(မစိုးရိမ်) 23.6.2017 PM-15:00