Monthly Archives: July 2017

သတင်း

ဝီရသူကိုချစ်ကြသူများ(၄)

24.6.2017 ရက်နေ့ နေ့လည်ပိုင်းမှာ ရွှေပြည်သာသို့ ခရီးဆက်ခဲ့ပါတယ်။ ရွှေပြည်သာဝင်ခါနီးမှာ မိုးတအားသည်းပါတယ်။ မဏ္ဍပ်ကလေးကသေးသေး လူတွေကများများ မဏ္ဍပ်အမိုးက နေမထိုးရုံမျှသာ စာရွက်စာတမ်းတွေတောင် မိုးလုံအောင် ထားစရာမရှိ။ မိုးထဲရေထဲမှာ ကြိုဆိုနေကြတဲ့ ဦးဇင်းလေးတွေရော သီလရှင်ဆရာလေးတွေရော မျိုးချစ်ပြည်သူများပါ အင်တိုက် အားတိုက်ရှိလှတာမို့ မိုးထဲဆင်းပြီး အားပေးမိတယ်။ ရန်ကုန်မိုးရေ ဒီတစ်ခါချိုးဖူးတာပါပဲ။ ရွှေပြည်သာမျိုးချစ်တွေက ကောက်ခါငင်ကာ ထလုပ်ပုံရပါတယ်။ လက်မှတ်ဇယားတွေတောင် မိတ္တူတွေဆွဲပြီး ဖြစ်သလိုစီစဉ်နေကြတာတွေ့လို့ ဝီရသွေးအဖွဲ့နှင့် ဆက်သွယ်ပေးခဲ့ရကြောင်း သိရှိရပါတယ်။ မိုးရွာလို့ လူပါးသွားပေမဲ့ မိုးထဲမှာ အမျိုးတွေနဲ့အတူ စကားပြောရတာ ပျော်စရာတစ်ခုပါပဲ။ ရွှေပြည်သာပရိသတ်ကတော့ အံ့မခန်းပါပဲ။ အပြန်မှာ မော်မော်ရွှေဆိုင်ပိုင်ရှင် ဒကာရန်ကြီးအောင်တို့အိမ်မှာ ...
သတင်း

မျိုးချစ်စိတ်

အရင်ပွဲတုန်းက အရေးနိမ့်သူကိုအားပေး ကရုဏာပေါင်းများစွာနဲ့ စာနာစိတ်တွေစီးဆင်းခဲ့ရ သြော်……ပွဲမြန်မြန်ပြီးပါစေသတည်း။ အခုပွဲကျ အောင်ပွဲရတာကိုကျေနပ် အောင်နိုင်သူနှင့်အတူ မုဒိတာတွေစီးဆင်း အောင်ပွဲခံချိန်ကိုပဲရောက်ချင်နေမိတယ်။ ဝီရသူ(မစိုးရိမ်) 1.7.2017 PM 5:48
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၅)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် လင်းမေတ္တာ(အလန်းကြီး)ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)မှ အလှူငွေ ၅၀၀၀၀ (ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (25.6.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၇,၁၀၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၄,၃၀၅,၅၀၀ (တစ်ထောင့်ခုနစ်ရာလေးဆယ့် သုံးသိန်း ငါးထောင့်ငါးရာကျပ်) ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ အမျိုးဘာသာသာသနာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးပေါက်ရန်အလို့ငှာ ရွှေဘိုမြို့ ဒေါ်သန်းသန်းဌေး မှ နဝကမ္မအလှူငွေ ၅၀၀၀၀ (ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (19.6.2017) အလှူရှင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုတရသူများ ဖြစ်ကြပါစေ…သောဝ်။
သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၃)

မေး – ဝီရသူချစ်သူများ လှုပ်ရှားမှုက ရန်ကုန်မှာ တစ်သောင်းကျော်၊ မန္တလေးမှာက သုံးသောင်းနီးပါး၊ ကရင် ပြည်နယ်မှာ လေးထောင့်ငါးရာကျော် ရရှိထားပြီလို့သိရပါတယ်။ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာလည်း ကောက်နေတာ သိရပါတယ်။ လက်မှတ်တွေဟာ မျှော်လင့်ထားတဲ့ အရေအတွက်ရရင် ဘာလုပ်ဖို့ ရှိပါသလဲဘုရား။ ဖြေ – တစ်ယောက်စ နှစ်ယောက်စက မီဒီယာအားကိုးနဲ့ အသရေဖျက်နေတဲ့အချိန်မှာ အများစုက ထောက်ခံပါတယ်ဆိုတာလေးကို မြင်စေချင်တာပါ။ လူအများစု ထောက်ခံမှုရှိပြီး တစ်ယောက်စ နှစ်ယောက်စ ဆန့်ကျင်ကန့်ကွက်တာကိုတော့ တို့ဂေါတမမြတ်စွာဘုရားတောင် မလွန်ဆန်နိုင်ဘူးလေ။ တိတ္ထိတို့ဘာတို့ဆိုတာတွေကတော့ ဘာသာမတူလို့ ဘုရားကိုယှဉ်ပြိုင်တယ်ဆိုတာက ...