Daily Archives: January 5, 2018

မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော် အုတ်တံတိုင်းအလှူတော် – ၅)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်းတစ်ခန်းစာအတွက် ကိုကိုခိုင်+မဇင်မမ(ရတနာခိုင်-ရွှေချည်ထိုး) မိသားစု အမရပူရမြို့မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ အလှူရှင် ကိုကိုခိုင်+မဇင်မမမိသားစုနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။
သတင်းအင်တာဗျူး

ခံယူချက်မဲ့ အမျိုးသားရေးသမားဆိုရင်တော့ ရာသီအလိုက် အရောင်ပြောင်းသွားမှာပဲ(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – ဒီဇင်ဘာ ၂၇ ကပဲ မန္တလေးမှာ အစိုးရဖြုတ်ချရေး သပိတ်စခန်း ဖွင့်လှစ်ခဲ့တဲ့ သံဃာတော်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ခြောက်လ ချမှတ်လိုက်တယ်လို့ သိရပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘာများပြောစရာရှိမလဲဘုရား။ ဖြေ – ပြောစရာတော့ ထွေထွေထူးထူး မရှိတော့ဘူးလေ။ အစိုးရလုပ်တာက ကမ်းကုန်သွားပြီကိုး။ ဒီမိုကရေစီအစိုးရလည်းပြောသေးတယ် သပိတ်စခန်းကို သူပုန်ဝင်စီးသလိုစီးတယ်၊ လူလိုသူလိုပြောပြီးတော့ မဖမ်းဘူး။ အကြမ်းဖက်ပြီးတော့ ရိုက်နှက်ထောင်းထုပြီးတော့ ကားပေါ်ကိုပစ်တင်တယ်။ ၀ရမ်းမပါဘဲဖမ်းပြီး လက်ထိပ်ခတ်တယ်။ ဒါတွေက ဒီမိုကရေစီတိုင်းပြည်မှာ ရှိရမယ့်လုပ်ရပ်တွေမဟုတ်ဘူးလေ။ အခု အမိန့်ချလိုက်ပြန်တော့လည်း အာဏာရှင်အစိုးရလက်ထက်အတိုင်းပဲ အပြည့်မောင်းပစ်တယ်။  ဘာအထောက်အထားမှ မရှိဘဲနဲ့လည်း ...
သတင်း

နိုင်ငံရေးဆိုတာ ဆဲစရာလား

စာရေးသူ အိုးဘိုထောင်မှာ နေရစဉ်က ဖြစ်သည်။ ထုံးစံအတိုင်း သီးခြား အကျဉ်းသားများ ဂေဟာမှာ နေရသည်။ စာရေးသူတို့ နေထိုင်ရာအဝန်းအဝိုင်းကို အမျိုးသားတိုက်ဆောင်ဟု ခေါ်ဆိုသည်။ တိုက်ခြောက်လုံးရှိ၏။ ၁၅ခန်းလေးလုံး၊ ၇ခန်း နှစ်လုံးဖြစ်၏။ သီးခြားအကျဉ်းသားများ စုံလင်သည်။ အထူးသဖြင့် ၅/ည အကျဉ်းသားဦးရေက ပို၍များပြားသည်။ ကွန်မြူနစ်များရှိသည်။ NLD များရှိသည်။ NLD ကို ဝန်းရံသူများရှိသည်။ ကျောင်းသားများရှိသည်။ လက်နက်ကိုင် တပ်ဖွဲ့များရှိသည်။ သံဃာများရှိသည်။ အရပ်သားများရှိသည်။ သေဒဏ်ကျ ကြိုးသမားများရှိသည်။ ထောက်လှမ်းရေးနှင့် နစက ဝန်ထမ်းများရှိသည်။ စာရေးသူက ...
သတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူငွေ-၁)

ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း ဆောက်လုပ်ရန် ၁၃ခန်းစာ အလှူခံရရှိထားသော အလှူငွေ ၁,၃၀၀,၀၀၀(တစ်ဆယ့်သုံးသိန်း)ကျပ်ကို အမရပူရမြို့နေ MK ကျောက်မျက်ရတနာလုပ်ငန်းပိုင်ရှင် ဦးမိုးကိုနှင့်တပည့်များက ဆက်ကပ်လှူဒါန်းစဉ်။ (4.1.2018) အုတ်တံတိုင်းအလှူရှင်များ ဦးမိုးကို-၀၉၂၀၂၀၂၀၁ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော် အုတ်တံတိုင်းအလှူတော် – ၄)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်းတစ်ခန်းစာအတွက် အမရပူရမြို့ ကိုဖိုးဇော်ကြီး၊ ကိုဇော်မင်း ညီအစ်ကိုများမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ အလှူရှင် ကိုဖိုးဇော်ကြီး၊ ကိုဇော်မင်း ညီအစ်ကိုများနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။
သတင်း

အမေနေ့ ကဗျာပြိုင်ပွဲ ပထမဆုရ ကဗျာ

(ပြာသလိုလပြည့် အမေနေ့အထိမ်းအမှတ်အဖြစ် သဟာယစာဖတ်ဝိုင်းက ကြီးမှူးကျင်းပတဲ့ ကဗျာပြိုင်ပွဲလေးပါ။ နီးစပ်ရာ စာသင်ရဟန်းပျိုများ ကျောင်းသူကျောင်းသားလေးများ လာရောက် ကဗျာရွတ်ဆိုကြပါတယ်။ အကဲဖြတ်ဒိုင်နှစ်ဦးကတော့ ပြည်ချစ်သားဂျာနယ် အယ်ဒီတာချုပ် ဦးနိုင်ဝင်းထွန်းနှင့်၊ ဦးကျော်သောင်းတို့ ဖြစ်ပါတယ်။ ယခု ဖော်ပြလိုက်တဲ့ ကဗျာကတော့ ဝိသုဒ္ဓါရုံတိုက်သစ်၊ မင်္ဂလဗိမာန်ကျောင်း စာသင်သားရဟန်းပျို ဦးဂန္ဓသာရာလင်္ကာရ၏ စာမူပါ။ ကလောင်အမည်နှင့်အတူ တွဲဖက်ဖော်ပြထားပါတယ်။ ) ======================================================== “အမေ” ဝါကျအကွဲအရှတွေနဲ့ ပစ်ပေါက်သော်လည်း ဘယ်တော့မှ သွေးမစွန်းဘူး သားတို့ရင်မှာ လာမှန်တာက စံပယ်ပွင့် စစ်စစ်တွေ….. အမေ့မေတ္တာဟာ လိုင်းခွဲမရှိတဲ့ ဆက်သွယ်ရေး ...