သတင်း

နိုင်ငံရေးဆိုတာ ဆဲစရာလား

စာရေးသူ အိုးဘိုထောင်မှာ နေရစဉ်က ဖြစ်သည်။
ထုံးစံအတိုင်း သီးခြား အကျဉ်းသားများ ဂေဟာမှာ နေရသည်။

စာရေးသူတို့ နေထိုင်ရာအဝန်းအဝိုင်းကို အမျိုးသားတိုက်ဆောင်ဟု ခေါ်ဆိုသည်။
တိုက်ခြောက်လုံးရှိ၏။
၁၅ခန်းလေးလုံး၊ ၇ခန်း နှစ်လုံးဖြစ်၏။

သီးခြားအကျဉ်းသားများ စုံလင်သည်။
အထူးသဖြင့် ၅/ည အကျဉ်းသားဦးရေက ပို၍များပြားသည်။
ကွန်မြူနစ်များရှိသည်။
NLD များရှိသည်။
NLD ကို ဝန်းရံသူများရှိသည်။
ကျောင်းသားများရှိသည်။
လက်နက်ကိုင် တပ်ဖွဲ့များရှိသည်။
သံဃာများရှိသည်။
အရပ်သားများရှိသည်။
သေဒဏ်ကျ ကြိုးသမားများရှိသည်။
ထောက်လှမ်းရေးနှင့် နစက ဝန်ထမ်းများရှိသည်။

စာရေးသူက စာအုပ်အများဆုံးသွင်းသူဖြစ်သည်။
စာရေးသူနှင့် အကိုဝမ်းကွဲ ဦးဝင်းမောင်တို့က ညနေဆိုလျှင် တန်းမတင်မီ(လှောင်အိမ်ထဲ ပြန်မဝင်မီ) စာအုပ် စာစောင်တွေ လိုက်လံဝေငှသည်။

စာအုပ်များက စုံလင်သည်။
တရားစာအုပ်လည်းပါသည်၊ နိုင်ငံရေးစာအုပ်လည်းပါသည်။ ဝတ္ထုကာတွန်းလည်းပါသည်၊ ဂျာနယ်မျိုးစုံလည်း ပါသည်။

တရားစာအုပ် ဖတ်သူများက အရှင်ဆန္ဒာဓိက စာအုပ်များဆိုလျှင်မဖတ်ကြ၊ စကားလုံးတွေက ကလက်လွန်းသည်ဆို၍ ငြင်းသူတွေလည်းရှိသည်၊ စာအုပ်နောက်ပိုင်းပါ အလှူရှင် စာရင်းများကြောင့် ငြင်းဆန်သူများလည်းရှိသည်။

အလှူရှင် စာရင်းများကြောင့် ငြင်းဆန်သူက ပိုများပါသည်။
၎င်းတို့ကဆိုသည်မှာ ဖတ်စရာမရှိလျင် မဖတ်ဘဲနေမည်၊ အရှင်ဆန္ဒာဓိကစာအုပ်ဆိုလျှင်တော့ မဖတ်နိုင်၊ မဖတ်ချင်ဟု ဆိုသည်။

၎င်းတို့သည် အရှင်ဆန္ဒာဓိက စာအုပ်ပါ စာသားများကို အလွတ်ရွတ်ဆိုပြ၍ သရော်လေ့ရှိကြ၏။

ငါ့ကိုမချစ်ပါနဲ့ တဲ့ ဟားးးးးးးးးးးးးးးး

ကျေးဇူးပဲ အချစ်ရယ်တဲ့ ဝါးဟားးးးးးးးးး

ခိုင်ဆိုမှ ခိုင်ပါခိုင်တဲ့ ဟေးဟေးးးးးးးးးးးးး

လမ်းခွဲတာ ဝမ်းနည်းစရာလားတဲ့ ဝေးဟေးးးးးးးးးးးးး

ချစ်ခြင်းကို မခွဲပါနဲ့တဲ့ ကောင်းလိုက်တဲ့စာသား ဟီ ဟိ

အကောင်းကံချစ်မှ အချစ်ကံကောင်းမည် ဟီးဟီးးးးးး

အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် ဝိုး ဟိုးးးး

စသည် စသည်ဖြင့် သရော်ကြ လှောင်ပြောင်ကြ၏။

အကျဉ်းသားများဖြစ်နေသဖြင့် ကိုယ်ကြမ်း စိတ်ကြမ်း စရိုက်ကြမ်းများကြောင့် အနုအလှလေးများ မခံစားတတ်၍ သရော်ခြင်းဖြစ်မည်ဟု စာရေးသူကိုယ်တိုင် မှတ်ချက်ချခဲ့ဘူးလေသည်။

အရှင်ဆန္ဒာဓိက၏ ဥပဓိကို ကြည့်ပြီး ရုပ်ရှင်မင်းသားတစ်ဦး…..လိုလို အမည်တပ်၍ ကဲ့ရဲ့သူများ အနုအလှလေးများသာ ရေးသဖြင့် ယောက်ျားမပီသသည့် ပုံစံမျိုး ပြစ်မှားသူများလည်း ရှိပါသည်။
ထိုလူမျိုးကို ကြည့်လျှင် သတင်းစာဖတ်တိုင်း ဆဲဆိုနေကြသူများ ဖြစ်နေသည်ကို တွေ့ရ၏။

နဝတအစိုးရ ဘုရားတည် ကျောင်းဆောက် ထီးတော်တင် ဆွမ်းကြီးလောင်း စသည်တွေကို ဓာတ်ပုံကြည့်၍ ဆဲဆိုနေကြခြင်းဖြစ်၏။
သူတစ်ပါးကုသိုလ်ကောင်းမှု ပြုနေသည်ကို ဝမ်းမြောက်ဝမ်းသာ သာဓုမခေါ်နိုင်ဘဲ ဆဲရေးတိုင်းထွာနေသည်မှာ မသင့်တော်ကြောင်း အပြစ်ကြီးကြောင်း စာရေးသူက ပြောသည့်အခါ သူတို့တတွေက အကြောင်းပြပါသည်။

သူတို့၏ အကြောင်းပြစကားရပ်များတွင်

ရည်ရွယ်ချက်မကောင်းဘူး၊ ယတြာချေတာ။

စေတနာမမှန်ဘူး၊ နိုင်ငံရေးအရ စည်းရုံးတာ။

သူတို့ပိုက်ဆံတစ်ပြားမှ မပါဘူး၊ မသာလ္ဖက်နှင့် မျက်နှာလုပ်နေတာ စသည်တို့ ပါဝင်၏။

သေပါစေ ကျိန်ဆဲနေသူများကလည်း နေစဉ်နှင့် အမျှ၊ ဝန်ကြီးတစ်ဦးဦး ပြောင်းလဲလျှင် အောင်ပွဲခံသူကလည်း မနည်း၊ ဗိုလ်ချုပ်ခင်ညွန့်တို့ ထောက်လှမ်းရေးအဖွဲ့ ရုပ်သိမ်းလိုက်တော့ ဝမ်းသာလွန်း၍ ကခုန်ကြသူများ အိပ်မပျော်ကြသူများပင် ရှိကြပါသည်။

ထိုသူများသည် အရှင်ဆန္ဒာဓိက၏ စာပေနှင့် အရည်အချင်းကို မကြိုက်၍ မဟုတ်ပါ၊ အရှင်ဆန္ဒာဓိကနှင့် နဝတအစိုးရ အကြီးအကဲများ အကျွမ်းတဝင်ရှိခြင်းကြောင့် အရှင်ဆန္ဒာဓိကအပေါ် မလိုမုန်းပွား အငြှိုးထားခြင်းသာ ဖြစ်ပါသည်။

၎င်းတို့ ပြောသည့်စကား ရှိပါသည်။

လေးသိန်းလှူတဲ့သူကို ထိပ်ဆုံးကနေရာပေး၊ ကျပ် သုံးဆယ့်နှစ်သိန်း အပါအဝင် လေးသိန်းအထက်လှူသူများကိုတော့ လေးသိန်းအလှူရှင်အောက်မှာ နေရာပေး၊ အတော်မျက်နှာလိုက်တဲ့ကိုယ်တော်ဟု အမြဲတမ်း ငြူစူနေကြခြင်း ဖြစ်ပါသည်။

အရှင်ဆန္ဒာဓိကစာအုပ်များမှ ဗိုလ်ချုပ်ကြီးခင်ညွန့်မှစ၍ တပ်ကြပ်ကြီးအဆင့်အထိ စစ်မျိုးစစ်နွယ်အလှူရှင်များကိုကြည့်၍ အရှင်ဆန္ဒာဓိကကို နိုင်ငံရေးအကျဉ်းသားများက အမြင်မကြည်ကြခြင်း စိတ်မကြည်ကြခြင်း မကြည်ညိုကြခြင်းဖြစ်ပါသည်။

အရှင်ဆန္ဒာဓိက ထွက်ရှိသမျှ စာအုပ်များ၏ အချပ်ပို၌ ထိုစဉ်ထိုအခါက စစ်မျိုးစစ်နွယ်များကို အလှူရှင်စာရင်းတွင် တွေ့ရသည်ကိုထောက်လျှင် တပ်မတော်အရာရှိများက အရှင်ဆန္ဒာဓိကအား မည်မျှ ကြည်ညိုသည်ကို တွေ့ရပါမည်။

တစ်ခြားတစ်ခြားသော နိုင်ငံရေးဆရာတော်များလို နှုတ်ပိတ်လို၍ လဘ်ထိုးသည့်အနေဖြင့် လှူဒါန်းကြခြင်းမျိုး မဟုတ်နိုင်ပါ။

အဘယ်ကြောင့်ဆိုသော် အရှင်ဆန္ဒာဓိကသည် နိဗ္ဗာန်ကိုရည်ရွယ်၍ သာသနာ့ဘောင်သို့ ဝင်ရောက်လာသူ အထက်တန်းလွှာ သူဌေးသားတစ်ပါးဖြစ်သလို ဓမ္မာစရိယဘွဲ့ရပြီးသည့်နောက်ပိုင်း၌လည်း ကမ္မဋ္ဌာန်းရိပ်သာမှာ သီတင်းသုံးနေထိုင်ခြင်း တရားပြ တရားဟောခြင်း တစ်ယောက်တည်းနေ တစ်စိတ်တည်းထား စာအုပ်မှစ၍ ကိုယ့်စိတ်ကိုယ်စစ် စာအုပ်အပါအဝင် ဝိပဿနာ သစ္စာ မေတ္တာ တရားများစာအုပ်များရေးသားကာ တောရဆောက်တည်နေသောကြောင့်ဖြစ်၏။

ထိုအချိန်ထိုအခါက အရှင်ဆန္ဒာဓိကကို မကြည်ညိုခဲ့သော ငြူစူစောင်းမြောင်း သရော်လှောင်ပြောင်ခဲ့သော ထောင်ထွက်ကြီးများသည် ယခုအခါ အရှင်ဆန္ဒာဓိကကို အလွန်အမင်းကြည်ညိုနေလျက် ရှိနေသည်ကို တွေ့ရပေသည်။

အရှင်ဆန္ဒာဓိကအား ဖူးဖူးမှုတ်ထားလျက် နိုင်ငံရေးစင်မြင့်ပေါ်သို့ တင်ပေးလျက်ရှိနေပေသည်။

နိုင်ငံရေးလောကထဲသို့ မသိမသာခေါ်သွင်းကာ ကိုယ့်တရားနှင့်ကိုယ် နားအေးပါးအေးနေသူကိုပင်မရှောင် နိုင်ငံရေးဇာတ်သွင်းနေသည်ကို တွေ့ရပေသည်။

မြန်မာ့နိုင်ငံရေးကား အံ့သြဖွယ်ရှိပေစွ။

အမုန်းခံသမားကြီး
ဝီရသူ(မစိုးရိမ်)

======== ========= ============

အရှင်ဆန္ဒာဓိကစာအုပ်များတွင် ပါဝင်သော
အလှူရှင်များမှ စစ်မျိုးစစ်နွယ်များစာရင်းတွင်

၁။ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ဇနီး ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ သားသမီး မြေးများ မိသားစုက ကျပ်လေးသိန်း လှူဒါန်းပါသည်ဟူသော အလှူရှင် စာရင်းက ထိပ်ဆုံးမှ ပါလာတတ်ပါသည်။

ထို့အတူ – – –

၂။ ဗိုလ်မှူးကြီးထိန်ဝင်း(ငြိမ်း)ဒေါ်အေးမာလာ အစ်မ ဒေါ်အေးစန္ဒာ ကျပ်လေးသိန်း။
၃။ဗိုလ်မှူးနိုင်ဌေး+ဒေါ်မိုမိုအိ။ စွမ်းထက်စွမ်း။ မေညွှန်းကေသရီ။ ကျပ်နှစ်သိန်းခွဲ
၎။ သံအမတ်ကြီးဦးနေဝင်း+ဒေါက်တာနွယ်နွယ်နိုင် ကျပ်နှစ်သိန်း။
၅။ ဗိုလ်မှူးကြီးမောင်မောင်အောင်+ဒေါ်စန္ဒာကျော်ဝင်း ဒုမြို့တော်ဝန်ဗိုလ်မှူးကြီးမောင်+ဒေါ်ခင်ညွန့်မြိုင် ကျပ်နှစ်သိန်း။
၆။ ဗိုလ်မှူးစိန်ညွန့်+ဒေါ်နုယဉ်။ မဝါဝါစိန်။ ဒေါက်တာ အေးအေးစိန်။ ကျပ်တစ်သိန်းခွဲ။
၇။ ဝန်ကြီး ဗိုလ်ချုပ်တင်ငွေ(ငြိမ်း)+ဒေါ်လှလှသိန်း တစ်သိန်းကျပ်။
၈။ ဝန်ကြီးဗိုလ်ချုပ်ညွန့်တင်+ဒေါ်ခင်မျိုးဦး တစ်သိန်းကျပ်။
၉။ ဝန်ကြီးဗိုလ်ချုပ်ကျော်သန်း(ငြိမ်း)+ဒေါ်စိန်စိန် ကျပ်တစ်သိန်း။
၁၀။ ဝန်ကြီး ဗိုလ်မှူးချုပ်လွန်းသီ+ဒေါ်ခင်မာအေး တစ်သိန်းကျပ်။
၁၁။ ဗိုလ်မှူးချုပ်စိုးတင့်(ငြိမ်း)+ဒေါ်စိုးစိုး တစ်သိန်းကျပ်။
၁၂။ တပ်ကြပ်ကြီးထွန်းကြိုင်+ဒေါ်မြမြသန့်(မအိ) တစ်သိန်းကျပ်။
၁၃။ ဗိုလ်မှူးချုပ် သူရအောင်ကို+ဒေါ်မြင့်မြင့်ရီ တစ်သိန်းကျပ်။
၁၄။ ဗိုလ်မှူးကြီးကျော်တင်လှ+ဒေါ်ခင်အေးသာ တစ်သိန်းကျပ်။
၁၅။ ဒုဗိုလ်မှူးကြီးတင်အောင်+ဒေါ်ခင်ခင်ထား တစ်သိန်းကျပ်။
၁၆။ ဗိုလ်မှူးခင်မောင်ဦး+ဒေါက်တာဝေဝေလွင် တစ်သိန်းကျပ်။
၁၇။ ဗိုလ်မှူးသူရ၊ ဒေါ်ခင်ရည်ရည်စူး၍ ဒေါ်မေသန်းမြင့် တစ်သိန်းကျပ်။
၁၈။ ဒုဗိုလ်မှူးကြီးတင်ဦး+ဒေါ်ခင်သိန်း၊ ဝေမျိုးဦး၊ သော်တာညီညီ တစ်သိန်းကျပ်။
၁၉။ ဒုဗိုလ်မှူးကြီး တင်မျိုးမြင့်(ငြိမ်း)+ဒေါ်လှလှမြင့် တစ်သိန်းကျပ်။
၂၀။ ဒုဗိုလ်မှူးကြီး ဇင်ဝေသိန်း+ဒေါ်ခင်ခင်ဝင်း တစ်သိန်းကျပ်။
၂၁။ ဗိုလ်မှူးစိုးသူရ+ဒေါ်သီတာလှ တစ်သိန်းကျပ်။
၂၂။ အရှင်စန္ဒာဓိက၏ ညီတော် ဗိုလ်ကြီးနိုင်ဝင်း(ဆေးမှူး)+မမိုးစန္ဒာတင် (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၂၃။ ဒုဗိုလ်မှူးကြီးအောင်မြင်(ငြိမ်း)+ဒေါ်ခင်ငြိမ်းငြိမ်း (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၂၄။ ဗိုလ်မှူးညွန့်ဖေ(ငြိမ်း)+ဒေါ်ခင်သန်းဆွေ (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၂၅။ ဗိုလ်မှူးမြင့်ထွန်း+ဒေါ်ဟေမာမြင့် (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၂၆။ ဒုဗိုလ်မှူးကြီးစိန်ဖိုး+ဒေါ်ချိုရီ(သမီး)မေသက်ချို (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၂၇။ ဗိုလ်ချုပ်သူရသီဟသူရစစ်မောင်(ရည်စူး)မိသားစု (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၂၈။ ဗိုလ်မှူးမင်းဆွေမြင့်+ဒေါက်တာခင်စောဦး၊ ဟိန်းသုတ (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၂၉။ ဗိုလ်ကြီးထွန်းလင်း(ငြိမ်း)+ဒေါ်စန္ဒာထင်ကျော် (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၃၀။ ဗိုလ်မှူးဣဒ္ဓိလှ+ဒေါ်ခင်သိန်းစိုး၊ မောင်ထွန်းဝင်းလှ၊ ဗိုလ်မှူးလှိုင်မြင့်+ဒေါ်သင်းသင်းအေး(ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၃၁။ ဒုဗိုလ်မှူးကြီးတင်မောင်ထွန်း+ဒေါ်ကြင်အေး (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၃၂။ ဗိုလ်မှူးမြင့်သိန်း+ဒေါ်ခင်သန်းမြိုင် (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၃၃။ ဗိုလ်မှူးအောင်မြိုင်+ဒေါ်သန်းသန်းမြင့် (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၃၄။ ဒုဝန်ကြီး ဒုဗိုလ်မှူးကြီးသိန်းညွန့်(ငြိမ်း)+ဒေါ်မူမူဆွေ (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၃၅။ ဗိုလ်မှူးကြီးထိန်လင်း+ဒေါ်မာလာ (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၃၆။ ဗိုလ်မှူးမျိုးဦး+ ဒေါ်ဝင်းမာသိန်း (ရှစ်သောင်းမှ ငါးသောင်း အလှူရှင်)
၃၇။ ဗိုလ်မှူးချုပ်နေဝင်း+ဒေါက်တာနွယ်နွယ်လှိုင် ကျပ်ငါးသောင်း
၃၈။ ဗိုလ်မှူးချုပ်ကျော်ဆန်း+ဒေါ်ကြည်ကြည်ဝင်း ကျပ်ငါးသောင်း
၃၉။ ဒုဗိုလ်မှူးကြီးသိန်းတင်+ဒေါ်ခင်လှဖြူ ကျပ်ငါးသောင်း
၄၀။ ဗိုလ်မှူးအောင်အောင်ကြီး+ဒေါ်သီတာဝင်း ကျပ်ငါးသောင်း
၄၁။ ဗိုလ်ကြီးဘိုနီ+ဒေါ်နန်းမတ် ကျပ်ငါးသောင်း
၄၂။ ဗိုလ်မှူးတင်မြင့်+ဒေါ်မြင့်မြင့်စိုး ကျပ်ငါးသောင်း
၄၃။ ဒုဗိုလ်မှူးကြီးကိုကိုကြီး+ဒေါ်မေသန်း သုံးသောင်းကျပ်
၄၄။ ဗိုလ်မှူးမြင့်သိန်း+ဒေါ်ခင်သန်းမြိုင် (နှစ်သောင်းနှင့်အထက် အလှူရှင်)
၄၅။ ဗိုလ်မှူးအောင်နိုင်+ဒေါ်သန်းသန်းမြင့် နှစ်သောင်းနှင့်အထက် အလှူရှင်
၄၆။ ဗိုလ်မှူးငွေကိုင် သမီးဒေါ်ခင်သန်းဦး ကျပ်တစ်သောင်းနှင့်အထက် အလှူရှင်
၄၇။ ဗိုလ်မှူးခင်မောင်ညွန့်+ဒေါ်ခင်သန္တာဦး သုံးသောင်းနှင့် လေးသောင်းအလှူရှင်များ
၄၈။ ဗိုလ်မှူးမြတ်သွင်+ဒေါ်အေးအေးခိုင် သုံးသောင်းနှင့် လေးသောင်းအလှူရှင်
၄၉။ ဗိုလ်မှူးမောင်မောင်မြင့်+ဒေါ်ခင်ဆွေဝင်း သုံးသောင်းနှင့် လေးသောင်းအလှူရှင်
၅၀။ ဗိုလ်မှူးမင်းချစ်ဦး+ဒေါ်ညိုညိုလွင် သုံးသောင်းနှင့် လေးသောင်းအလှူရှင်
၅၁။ ဗိုလ်မှူးချစ်မောင်(ငြိမ်း)+ဒေါ်လှမြင့်၊ မချစ် သုံးသောင်းနှင့် လေးသောင်းအလှူရှင်
၅၂။ ဗိုလ်မှူးချုပ်သန်းဌေး+ဒေါ်နွဲ့နွဲ့ဝင်း ကျပ်နှစ်သောင်းအလှူရှင် စသည်စသည်။