Daily Archives: July 23, 2021

ဆောင်းပါး

သို့ / ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်

သို့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန နေပြည်တော် စာအမှတ်။ ၃/ဝီရဝံသ(ပထစ)/၂၀၂၁ ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်။ အကြောင်းအရာ။  မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယကဆရာတော် ဘဒန္တဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ-မစိုးရိမ်)အား စွဲဆိုထားသော အမှုမှ ရုပ်သိမ်းပေးပါရန် ဒုတိယအကြိမ် ထပ်မံတင်ပြခြင်း။ ၁။ ဝီရဝံသအဖွဲ့သည် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒန္တဝိစိတ္တာဘိဝံသ(အရှင်ဝီရသူ-မစိုးရိမ်)က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၂ ရက်၊ တနင်္လာနေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် အဖွဲ့ဖြစ်ပါသည်။ ၂။ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ဖြင့် ဆရာတော်ကို ...
ဆောင်းပါး

“ပါပဂြိုဟ်လော စေတန်လော”

“ပါပဂြိုဟ်လော စေတန်လော” သင်္ဃန်းဖြူဆရာတော် (22.7.2021 ရက်နေ့ထုတ် Golden Hand ဂျာနယ် အတွဲ(၂) အမှတ်(၃၁) မှ ကူးယူဖော်ပြပါသည်။)           တိုင်းပြည်မအေးချမ်းသေး၍ ထင်သည်၊ စာရေးသူ ကျောင်းပြန်ခွင့်မရသေး။ နိုင်စီမံအစိုးရ တက်လာ သည်မှာ တစ်လခွဲပြည့်ခဲ့ပြီဖြစ်သော်လည်း အမေ့သားသမီးများကား ပြည်ပအားကိုးဖြင့် မိုက်ကောင်းလျက်ရှိကြ ဆဲ။ ညအခါ တရားထိုင်ချိန်၌ ခါတိုင်းဆိုလျှင် သံပုံးတပ်ဖွဲ့နှင့် အသံချဲ့စက်သံလောက်သာ ကြားရသော်လည်း ယမန်နေ့ညကမူ သေနတ်သံများပါ ကြားလာရ၏။ တစ်ချက်စ၊ နှစ်ချက်စလည်းမဟုတ်။ သီတင်းကျွတ် ဗြောက် ဖောက်သည့်အလား မြောက်မြားစွာ ...