Daily Archives: March 28, 2022

ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၃)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၃)  စာနာမှုကျင့်စဉ် (၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁၉)တွင် ဖော်ပြပါရှိသည့်ဆောင်းပါး) ~~~~~~~~~~~~~~~~ စာရေးသူသည် တိရစ္ဆာန်များကို ချစ်ခင်ကြင်နာတတ်ပါသည်။ ချစ်ရခြင်းအကြောင်းက သနားခြင်းပင် ဖြစ်ပါသည်။ သူတို့ဘဝလေးများ အတိတ်ကံအကြောင်းတစ်ခုကြောင့် တိရစ္ဆာန်ဖြစ်ကြရသည်ဟူသော အတွေးက ချစ်တတ်အောင်သင်ပြပေးသကဲ့သို့ ရှိလေသည်။ လူနှင့်နီးကပ်သည့် ခွေး၊ ကြောင်လေးများမဆိုထားဘိ လူနှင့်မနီးကပ်သည့် ငှက်ကလေးများ၊ ရှဥ့်ကလေးများကိုလည်း တွေ့မြင်ရတိုင်း ချစ်ခင်ကြင်နာစိတ်များ တဖွားဖွားပေါ်လာတတ်ပေသည်။ ထို့ကြောင့် စာရေးသူသည် ...
သတင်း

ဉေယျဓမ်တောရသို့ … (၁၁)

ဉေယျဓမ်တောရသို့ … (၁၁) ================= တပေါင်းလဆန်း ၁၄ရက် (15.3.2022)ရက်နေ့၊ မနက် ၄း၀၀နာရီ အိပ်ရာထပြီး ပုံမှန်အတိုင်း မဟာသမယပရိတ်တော်များ ရွတ်ဖတ်ပူဇော်ပြီး တရားထိုင်ပါတယ်။ ညတုန်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့ စိတ်ပိုလန်းနေပါတယ်။ ရောက်ကာစတုန်းက နာရီကလည်း ၁၅မိနစ်တစ်ခါမြည်၊ ဆရာတော်ကြီးကို ဖူးချင်တဲ့စိတ်ကလည်း ဆန္ဒစောနေတာကြောင့် တစ်ဆက်တည်း မအိပ်လိုက်ရပေမယ့် မနေ့ညတုန်းကတော့ တစ်ဆက်တည်း အိပ်နိုင်ခဲ့ပါတယ်။ အရုဏ်ဆွမ်းစားပြီး နမောတဿ ရွတ်ရင်း ရေလောင်း၊ ရေလောင်းရင်း ဂုဏ်တော်ပွားဖြင့် သေနာသနဝတ် ဖြည့်ကျင့်ကြပါတယ်။ ကျောင်းသန့်ရှင်းရေးကုသိုလ်က တစ်ပိုင်း၊ ဂုဏ်တော်ပွားတဲ့ကုသိုလ်က တစ်ပိုင်း၊ ...