Daily Archives: November 24, 2022

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းမုဒိတာရပ်ဝန်း

“ ပညာရေးအကယ်ဒမီ ရိက္ခာ အလှူတော်”

“ ပညာရေးအကယ်ဒမီ ရိက္ခာ အလှူတော်” မင်းကွန်း၊ ပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်းအတွက် ဆန်,ဆီရိက္ခာအဖြစ် အလှူငွေ- ၁,၅၀၀,၀၀၀ိ/ကို ထားဝယ်မြို့၊ ပန်းသုံးဝ ဆရာတော်နှင့် ဝင်းသိင်္ဂီစတိုး မိသားစုတို့က လှူဒါန်းပါသည်။ ပန်းသုံးဝဆရာတော်က ၁၂သိန်းကျပ်၊ ဝင်းသိင်္ဂီစတိုး မိသားစုက ၃သိန်းကျပ်၊ စုစုပေါင်း ၁၅သိန်းကျပ် လှူဒါန်းခြင်း ဖြစ်ပါသည်။ ပညာရေးအကယ်ဒမီကျောင်း၌ ဆရာတော်များ၊ ဆရာ/မများ G-9, G-10, G-11နှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ စုစုပေါင်း သုံးရာငါးဆယ်ကျော် ရှိပါသည်။ ၎င်းတို့၏ ဆွမ်းနှင့် ထမင်းအတွက် တစ်ရက်လျှင် ...
သတင်း

“ဓမ္မသဟာယ မနက်ဆွမ်း အလှူတော်”

“ဓမ္မသဟာယ မနက်ဆွမ်း အလှူတော်” မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကစာချ စာသင်သံဃာတော်များအား မနက်ဆွမ်း ဆက်ကပ်ပွဲလေးပါ။ ဒီနှစ် တန်ဆောင်မုန်းလကွယ် (22.11.2022)ရက်နေ့ မနက်-6:00မှာ ဆက်ကပ်တာ ဖြစ်ပါတယ်။မနက်ဆွမ်းအဖြစ် ရှမ်းခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ ပေါက်စီ၊ ကော်ဖီ၊ လ္ဘက်ရည်နှင့်သစ်သီးများကို ဆက်ကပ်လှူဒါန်းခြင်း ဖြစ်သည်။ အလှူရှင်ကတော့ ရမည်းသင်းမြို့၊ KT2-စတိုးဆိုင်ပိုင်ရှင် ဒေါ်ချိုဖြစ်ပါသည်။ဖခင် ဦးမြင့်ဆွေကို ရည်စူး၍ မိခင်ကြီး ဒေါ်တင်စုကို အမှူးထား ဆက်ကပ်ခြင်းဖြစ်ပြီး ယခုအကြိမ်နှင့်ဆိုလျှင် သုံးကြိမ်ရှိပြီ ဖြစ်သည်။ ဒေါ်ချို(KT2)သည် ဓမ္မသဟာယ သံဃာတော်များအား ...