သတင်း

“ဓမ္မသဟာယ မနက်ဆွမ်း အလှူတော်”

“ဓမ္မသဟာယ မနက်ဆွမ်း အလှူတော်”

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယက
စာချ စာသင်သံဃာတော်များအား မနက်ဆွမ်း ဆက်ကပ်ပွဲလေးပါ။

ဒီနှစ် တန်ဆောင်မုန်းလကွယ် (22.11.2022)ရက်နေ့ မနက်-6:00မှာ ဆက်ကပ်တာ ဖြစ်ပါတယ်။
မနက်ဆွမ်းအဖြစ် ရှမ်းခေါက်ဆွဲ၊ ဆီချက်ခေါက်ဆွဲ၊ ပေါက်စီ၊ ကော်ဖီ၊ လ္ဘက်ရည်နှင့်
သစ်သီးများကို ဆက်ကပ်လှူဒါန်းခြင်း ဖြစ်သည်။

အလှူရှင်ကတော့ ရမည်းသင်းမြို့၊ KT2-စတိုးဆိုင်ပိုင်ရှင် ဒေါ်ချိုဖြစ်ပါသည်။
ဖခင် ဦးမြင့်ဆွေကို ရည်စူး၍ မိခင်ကြီး ဒေါ်တင်စုကို အမှူးထား ဆက်ကပ်ခြင်းဖြစ်ပြီး ယခုအကြိမ်နှင့်ဆိုလျှင် သုံးကြိမ်ရှိပြီ ဖြစ်သည်။

ဒေါ်ချို(KT2)သည် ဓမ္မသဟာယ သံဃာတော်များအား မနက်ဆွမ်း ဆက်ကပ်တာ သုံးကြိမ်ရှိပြီ ဖြစ်သလို ကျန်းမာချမ်းသာ တရားရိပ်သာ၌ ယောဂီဆောင် (တစ်ပါးနေကမ္မဋ္ဌာန်းကျောင်း) ဆောင် လုပ်ဖို့အတွက် ပထမအကြိမ် ၁၀သိန်းကျပ်၊ ဒုတိယအကြိမ် ၁၀သိန်းကျပ်၊ တတိအကြိမ် ၁၀သိန်းကျပ် စုစုပေါင်း သိန်း-၃၀ကျပ် လှူဒါန်းပြီး ဖြစ်သည်။

မိခင်ကြီး ဒေါ်တင်စုနှင့်အတူ အလှူရှင် ဒေါ်ချို မိသားစုသည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကာ သာသနာတော်အကျိုး လောကအကျိုး သယ်ပိုးထမ်းရွက်လျက် မဂ်ဖိုလ် နိဗ္ဗာန်ကို ဘဝတိုတိုဖြင့် ရလွယ် ရောက်လွယ် မျက်မှောက်ပြုလွယ် နိုင်ကြပါစေသော်………ဝ်။