“ ပညာရေးအကယ်ဒမီ ရိက္ခာ အလှူတော်”

မင်းကွန်း၊ ပုထိုးတော်ကြီး၊ ပညာရေးအကယ်ဒမီကျောင်းအတွက် ဆန်,ဆီရိက္ခာအဖြစ် အလှူငွေ- ၁,၅၀၀,၀၀၀ိ/ကို ထားဝယ်မြို့၊ ပန်းသုံးဝ ဆရာတော်နှင့် ဝင်းသိင်္ဂီစတိုး မိသားစုတို့က လှူဒါန်းပါသည်။

ပန်းသုံးဝဆရာတော်က ၁၂သိန်းကျပ်၊ ဝင်းသိင်္ဂီစတိုး မိသားစုက ၃သိန်းကျပ်၊ စုစုပေါင်း ၁၅သိန်းကျပ် လှူဒါန်းခြင်း ဖြစ်ပါသည်။

ပညာရေးအကယ်ဒမီကျောင်း၌ ဆရာတော်များ၊ ဆရာ/မများ G-9, G-10, G-11နှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများ စုစုပေါင်း သုံးရာငါးဆယ်ကျော် ရှိပါသည်။

၎င်းတို့၏ ဆွမ်းနှင့် ထမင်းအတွက် တစ်ရက်လျှင် ဆန်သုံးအိတ် ကုန်ကျပါသည်။
ရိက္ခာအတွက် ဆွမ်းပဒေသာပင်အဖြစ် သီးခြားမထူထောင် နိုင်သေးပါ။ ကမ္ဘာကျော်ဆရာတော်၏ ထောက်ပံ့မှုနှင့်သာ ခရီးဆက်နေခြင်း ဖြစ်ပါသည်။

သို့အတွက် ပညာပါရမီဖြည့်ဆည်းလိုသော အမျိုးကောင်းသား/သမီးများကို ဖိတ်ခေါ်အပ်ပါသည်။
ရိက္ခာအလှူရှင် ပန်းသုံးဝဆရာတော်နှင့် ဝင်းသိင်္ဂီစတိုး မိသားစုတို့သည် ပညာပါရမီပြည့်ဝစေလျက် မဂ်ဖိုလ် နိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ရောက်ရှိပါစေသော်…………ဝ်။