သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – ခ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – ခ)

သမဂ္ဂ စိတ်ထား
————
အရှင်ဝီရသူ (မစိုးရိမ်)

တစ်နေ့သောအခါ စာရေးသူအား အနီးနေတပည့်လေးတစ်ပါးက လျှောက်ထားလာ၏။

ဓမ္မဝါးတင်းဆရာတော်သတင်းကို မာတုဂါမတစ်ဦးက ပေးပို့လာသော ဆို၏။ ထိုအမျိုးသမီးကိုယ်တိုင် ဓမ္မဝါးတင်း ဆရာတော်၏ အဓမ္မကျင့်ခြင်းကို ခံလိုက်ရသော ဟူ၏။ အထောက်အထားရှိလျှင် ပို့ပေးပါဟု ပြန်လည်ခိုင်းစေလိုက်ရ၏။ အမှုဖြစ်ပွားသည်ကား အမှန်ပင်။

သို့သော် တစ်ဖက်သတ်လုပ်လျှင်လည်း မပြည့်စုံနိုင်၊ ဓမ္မဝါးတင်းဆရာတော်နှင့် တိုက်ရိုက်ဆက်သွယ်လျှင်လည်း မသင့်လျော်သဖြင့် နိုင်ငံခြားတွင်နေသော အမျိုးသမီးကြီးတစ်ဦးကို အကူအညီတောင်းလိုက်ရတော့၏။ ထိုအမျိုးသမီးကြီးသည် ထိုဆရာတော်လေးအား သားတစ်ဦးပမာ စောင့်ရှောက်ထောက်ပံ့နေသူ ဖြစ်ပါသည်။ စာရေးသူနှင့်လည်း ဆရာ – ဒကာ ဆက်ဆံရေးရှိသူ ဖြစ်ပါသည်။

ထိုအမျိုးသမီးကြီးကခါးသီးစွာငြင်းပါ သည်။ စွပ်စွဲသူကို သိရှိကြောင်း တွင်တွင် ပြောလေသည်။ ထိုနေ့၌ပင် ဓမ္မဝါးတင်းက စာရေးသူထံ ဆက်သွယ်လာပါသည်။ ၎င်း နှင့် ပြောဆိုတိုင်းလည်း အသံဖမ်းထား ပါသည်။ စောဒက၊ စုဒိတက (စွပ်စွဲသူနှင့် စွပ်စွဲခံရသူ) နှစ်ဦးလုံး၏ စကားများကို နားထောင်ပြီးသည့်အခါ အမှုသွား၊ အမှု လာကို တီးခေါက်မိသွားပါသည်။ သို့သော် မပြည့်စုံသေးပါ။ ထို့ကြောင့် ၎င်းတို့နှင့် ဆက်စပ်သမျှထံ စုံစမ်းလေ့လာရပါတော့ သည်။ ထိုအခါမှသာ လုံးဝဥဿုံ အလုံးစုံ ပြည့်စုံသွားလေ၏။

ဓမ္မဝါးတင်းဆရာတော်က မလေးရှားတွင် နေသည်။ အမျိုးသမီးကလည်း မလေးရှား၌ပင် အိမ်ထောင်ရှိသည်။ ကလေးနှစ်ယောက်ရှိသည်။ ခင်ပွန်းသည်က မြန်မာစကားမပြောတတ်သည့် ပြည်ကြီးတရုတ်ဖြစ်သည်။ ရုံးပိတ်ရက်တွင်သာ မိသားစုနှင့် အတူနေရ၏။ ကျန်ရက်များတွင် ဓမ္မဝါးတင်းထံ၌သာ အမြဲရှိသည်။

မလေးရှားရောက် ရွှေမြန်မာများက ကျောင်းအိပ်၊ ကျောင်းစား ထိုသားအမိကို သဘောမကျကြ။ ဘုန်းကြီးကိုလျှောက် ထားသော်လည်း မရ။ မာတုဂါမကို ပြော ဆို၍လည်း မရ။ ဤသို့ဖြင့် အကြင်လင် မယားအဆင့်သို့ ရောက်ရှိကြလေသည်။ တိတ်ပုန်း၊ ကြိတ်လုံးလင်မယားတည်း။

ဓမ္မဝါးတင်း ရန်ကုန်ပြန်လာသည်။ ကျောင်းများထောင်၊ သင်တန်းများ ဖွင့်သည်။ သူတို့ချင်း အဆက်အသွယ်ရှိကြသည်။ နှစ်အတန်ကြာသည့်အခါ ဓမ္မဝါးတင်းက အခြားတစ်ဦးနှင့် ပြောင်းတွဲသည်။ မလေးရှားသူ သိသွားသည်။ ဖြတ်ခိုင်းသော်လည်းမရ။ မလေးရှားသူက ဓမ္မဝါးတင်းနှင့် လက်ထပ်ကြရန်အထိ အားခဲထားသည်။ တရုတ်ကြီး ပြည်တော်ပြန်သွားလျှင် ကလေးနှင့်စည်းစိမ်ကျန်ခဲ့မည်။ ထိုအခါ ဓမ္မဝါးတင်းနှင့် အတူနေမည်။ ဤမျှထိ စိတ်ကူးယဉ်ထားသည်။ ယခုကား အိပ်မက်တို့ ပျက်ပြယ်သွားခဲ့ပြီ။ အိမ်တွင် အတူနေခဲ့ခြင်း မဟုတ်သဖြင့်လည်း အထောက်အထားမရှိ။ ထိုအခါ မာယာသုံးရသည်။ ရန်ကုန်ပြန်လာသည်။ တည်းခို ခန်း၌သာနေသည်။ သူ့မောင်တော်ကို လှမ်းခေါ်သည်။ စားနေကျကြောင်ဖားက တစ်ကိုယ်တည်းလာသည်။ အခန်းထဲတွင် ဧကော ဧကာယ(နှစ်ကိုယ်တည်း)နေသည်။ နှမတော်က အလိမ္မာသုံးသည်။ မောင်တော်က အဟုတ်ထင်ပြီး တကယ်လုပ်သည်။ မောင်တော်ရေချိုးနေစဉ် သင်္ကန်းများယူကာ ထွက်ပြေးသွားပါတော့သည်။

ငါးစာမမြင်သောငါးပမာ ငါးမျှားချိတ်၌ မိသွားတော့၏။ ဝတ်စရာ ဘာမျှမရှိတော့သဖြင့် မွေ့ရာပေါ်မှ စောင်အဖြူကြီးကို သင်္ကန်းကဲ့သို့ရုံကာ ထွက်ပြေးခဲ့ရလေတော့၏။ ထိုအခါမှ ကာမဂုဏ် ချိုမြိန်မှန်း သိသွားပုံရလေသည်။ ထိုနေ့၌ပင် ဓမ္မဝါး တင်းက သံဃနာယကရုံး လာရ၏။ မာတုဂါမက အသင့်ရောက်နေလေသည်။ အထောက်အထားအားလုံး ခိုင်လုံနေ၍ သံဃနာယကက ဆရာတော်များ ရှေ့မှောက်တွင် လူဝတ်လဲခဲ့ရတော့၏။ မာတုဂါမကျေနပ်သွားသည်။ မလေးရှား ပြန်သွားသည်။

နှစ်အတန်ကြာသည့်အခါဓမ္မဝါးတင်း သင်တန်းပို့ချနေသည့်သတင်းများပြန်လည် တွေ့ရသည်။ လူထွက်ရန်(လူထွက်ပြီး သူ့ကိုယူရန်) အကြိမ်ကြိမ်ပြောသော်လည်း မရသဖြင့် တရားစွဲရန်ပြင်ဆင်ရသည်အထိ ရောက်ခဲ့ခြင်း ဖြစ်ပေသည်။

စာရေးသူနှင့် ဓမ္မဝါးတင်း ဆက်ဆံ ရေးအနေအထားကို သိသွားသဖြင့် စာရေးသူထံ အကူအညီတောင်းခြင်း ဖြစ်ပေမည်။ နိုင်ငံရေးဘုန်းကြီးဆိုလျှင် ဤပြဿနာ သည် ဧရာမအကွက်ကြီး ဖြစ်သွားပေ လိမ့်မည်။

ဘုရားမျက်နှာမျှမထောက် အားရဝမ်းသာဖွကြ၊ ဆွကြပေလိမ့်မည်။ စာရေးသူမှာကား သမဂ္ဂစိတ် အပြည့်အဝရှိသဖြင့် ရုံးရောက် ဂါတ်ရောက် အဖြစ်မခံပေ။ မောင်တော်၊ နှမတော် ပြန်ညှိခိုင်း၏။ လုံးဝ မညှိနှိုင်းကြ။

နှမတော်က ဆိုလာသည်မှာ အနိုင်ကျင့် ခံရသည်ကို စိတ်မဆိုးကြောင်း၊ သူ့ကို ထောင်လည်း မချချင်ကြောင်း၊ လူထွက်လျှင် ကျေနပ်ပြီဖြစ်ကြောင်း၊ ဒီလိုပဲ ဆက်နေနေလျှင် ထေရဝါဒသာသနာ မသန့်ရှင်းနိုင်ကြောင်းပင်။ တစ်ဖက်သတ်နားထောင်လျှင်ကား လေးစားဖွယ်၊ ကရုဏာသက်ဖွယ် စကားများပင်တည်း။

ဤအမှု လိုင်းပေါ်တက်မှာ ကြောက် ပါသည်။ အမည်းအကြိုက်၊ အရဲအကြိုက် ဖြစ်သွားပေတော့မည်။ သူကဲ့သို့ ရဟန်း တစ်ပါးအတွက်နှင့် သာသနာတော်တစ်ရပ်လုံး မျက်နှာပျက်စရာ၊ အရှက်ရစရာ ကြုံရနိုင်သောကြောင့်တည်း။

ထို့ကြောင့် မောင်တော်ထံ ဖုန်းဆက်သကဲ့သို့ နှမတော်ကိုလည်း နှစ်သိမ့် ပေးခဲ့ပါသည်။ မကြာပါ။ နှမတော်က လူပျံကျော်တစ်ပါးနှင့် အဆက်အသွယ်ရသွားကာ အမှုတွဲကို ကမ္ဘာအေးထိ အရောက်ပို့နိုင်သွားခဲ့ပေသည်။ ရဲစခန်းတွင်လည်း တိုင်ချက်ဖွင့်ထားသောဟူ၏။

မောင်တော်က စာရေးသူထံ ဖုန်းဆက်လာ၏။ တင်ပေး၊ တိုင်ပေးသူကို အပြစ်တင်၏။ တစ်ဖက်သတ်မလုပ်သင့် ဟု ဝေဖန်နေလေသည်။ စာရေးသူထံ ဖုန်း ဆက်ကာ အကြံဉာဏ်တောင်းလေသည်။ စာရေးသူ၏ သမဂ္ဂစိတ်ထားကြောင့် ယခင် က စာရေးအပေါ် မကောင်းခဲ့သူ ဖြစ်သော် လည်း ဖုန်းလက်ခံစကားပြောသဖြင့် ဦးဇင်းရေ၊ ဦးဇင်းရဲ့ သမဂ္ဂစိတ်ကိုတော့ မလေးစားဘဲကို မနေနိုင်တော့တာပါ။ အရင်တုန်းက ကိစ္စတွေအတွက်လည်း တောင်းပန်ပါတယ် ဟု လှိုက်လှဲစွာ တောင်းပန်သွားပေသည်။

မောင်တော် ပျောက်ချက်သား ကောင်းသွားလေသည်။ သို့သော် မကြာလိုက်ပါ။ တီဗွီသတင်းနှင့်အတူ မောင်တော်သတင်းကို သာဝန်ကိုယ်တိုင် ဖွင့်ဟပြောချသည်နှင့် ကြုံလိုက်ရတော့၏။ အဓမ္မကျင့်သည်ထင်ကာ အတော် ဆိုးတယ်ဟု မီဒီယာတွင် သာဝန်က ထုတ်ပြောသည်ကိုထောက်လျှင် သာဝန်ကိုယ်တိုင် ဂဃနဏမသိမှန်း သိသာထင်ရှားပေသည်။ ထိုအခါမှ မောင်တော် အဖမ်းခံထားရမှန်း သိခဲ့ရလေသည်။ သာသနာတစ်ရပ်လုံး ထိခိုက်လာတော့မည့်သတင်းပင်ဖြစ်သည်။ ထင်သည့်အတိုင်းပင် နှမတော်ထံမှ အထောက်အထားများ လိုင်း ပေါ်တွင် ဂယက်ရိုက်နေပေတော့၏။ အနီ ဘုန်းကြီးဖြစ်နေ၍ တော်ပါသေးသည်။ မျိုးချစ်ရဟန်းတော်တစ်ပါးဆိုလျှင် မျက်စိ ရော၊ နားပါ ပိတ်ထားရမည့်အဆင့်သို့ ရောက်နိုင်ပေသည်။