သတင်း

“ဂဟေသမားများနှင့် ရွှေမျက်စဉ်း”

“ဂဟေသမားများနှင့် ရွှေမျက်စဉ်း”
====================

သံဂဟေတို့ခြင်း သံဂဟေဆော်ခြင်းအလုပ်ကို လုပ်ရသော ဝရိန်သမားများသည် လုံလောက်သော အကာအကွယ်မယူမိလျှင် မျက်စိထိခိုက်တတ်ပါသည်။ ထိုအခါ မျက်စိနီခြင်း၊ မျက်ခွံမို့ခြင်း၊ မျက်ခမ်းရောင်ခြင်းများဖြစ်ကာ အလင်းရောင်ကို မကြည့်နိုင်လောက်အောင် အလင်းကြောက်သွား တတ်ကြပါသည်။ ၎င်းကို ဝရိန်ထိသည်ဟု ခေါ်ပါသည်။ ထိုသို့ ဝရိန်ထိသည့်အခါ အခန်းထဲမီးပိတ်ကာ အမှောင်ချ၍ နေရတတ်ပါသည်။ ဆေးလိပ်မီးမြင်လျှင်ပင် မခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်လေ့ရှိသည်ဟု ဆိုပါသည်။

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပညာအကယ်ဒမီကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဥက္ကဋ္ဌသည် စာသင်ခုံများကို ကိုယ်တိုင်ပြုလုပ်ရာမှ ဝရိန်ထိသည့်အဆင့်သို့ ရောက်ရှိသွားပါသည်။ အစပိုင်းတွင် တစ်ညလုံး အခန်းအောင်းကာ အမှောင်ထဲမှာသာ အိပ်စက်ရပါသည်။ မနက်လင်းသည့်အခါ ဝေဒနာလျော့ပါးသွားပါမှ ပြန်လည်ကြည့်ရှု၍ ရပါသည်။ ထိုသို့ ဝရိန်ထိလိုက် ညလုံးပေါက် အမှောင်ထဲမှာ အိပ်လိုက်ဖြင့် နေခဲ့ရာမှ ရွှေမျက်စဉ်းခတ်ကြည့်ရာ ချက်ချင်းဆိုသလို ပျောက်ကင်းသွားပါသည်။ မီးဖွင့်၍ စမ်းကြည့်ရာ အလင်းရောင်ခံနိုင်သွားသဖြင့် မီးသီးကိုစိုက်ကြည့်ရာ ပကတိအကောင်းမျက်စိအတိုင်း စိုက်ကြည့်၍ ရနိုင်ခဲ့ပါသည်။ စမတ်ဖုန်းဖြင့် အင်တာနက်ကြည့်ရာ၌လည်း ပုံမှန်အတိုင်း ကြည့်ရှုနိုင်ခဲ့ပါသည်။ မျက်စဉ်းခတ်ချိန် စက္ကန့်ပိုင်းလေးသာ ကြာမြင့်ပြီး မျက်စိဖွင့်ကြည့်လိုက်သည်နှင့် ယူပစ်သလို ပျောက်ကင်းသွားခြင်း ဖြစ်ပါသည်။ ၎င်းဆရာတော်သည် ထိုအချိန်မှစ၍ မျက်စဉ်းဘူးကို ခါးကြားလိပ်ထားလေ့ရှိပြီး ဝရိန်ထိသည့်အခါ ချက်ချင်း မျက်စဉ်းခတ်လေ့ရှိပါသည်။ ၎င်းအဆို “ရောဂါကို အိပ်ရာထဲထိ ယူမသွားဘဲ ချက်ချင်းကုသပစ်ခြင်း” ဖြစ်ပါသည်။

၎င်းမှတစ်ဆင့် ကျောင်းဆရာမတစ်ဦး၏ ခင်ပွန်း သိရှိသွားသဖြင့် နေ့စဉ် မျက်စဉ်းလာခတ်လေ့ရှိပါသည်။ ထိုဆရာသည် သင်္ဘောများကို သံဂဟေတို့သည့် အလုပ်သမားဖြစ်ပြီး ဝရိန်ထိတိုင်း မျက်စဉ်းလာခတ်ခြင်း ဖြစ်ပါသည်။ ထိုစဉ်အခါက မျက်စဉ်းတစ်ဘူးသာရှိသဖြင့် မျှခတ်ရခြင်း ဖြစ်ပါသည်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြရနန္ဒာရပ်ကွက်နေ ဒေါ်မြင့်မြင့်ကြည်သည် ၎င်း၏မိတ်ဆွေ လူငယ်သံဂဟေသမားတစ်ဦးကို မျက်စဉ်းပေးခတ်ရာမှ ဝရိန်ထိအနာများ ချက်ချင်းပျောက်ကင်း သွားပါသည်။ ထိုလူငယ်လည်း ဝမ်းသာပျော်ရွှင်သွားပြီး ဘဝတူ သံဂဟေသမားများကို ပေးခတ်ရာ အားလုံးပင် ဝရိန်ထိဝေဒနာများ အလျှင်းပျောက်ကင်းသွားကြပါသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အရှေ့ကျေးရွာအုပ်စု၊ သပြေကန်ကျေးရွာနေ ဒုတိယနှစ်ကျောင်းသား မောင်နေဝင်းဦးသည် သံဂဟေ(ဝရိန်)ဆော်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ဝရိန်ထိသဖြင့် မျက်စိရောင်၊ မျက်စိနီ၊ မျက်စိယားယံကိုက်ခဲသည့် ဝေဒနာများ မကြာခဏခံစားရတတ်ပါသည်။

၎င်း၏မိခင် (ဒေါ်ယမင်းဦး) ရွှေမျက်စဉ်းခတ်ရင်း ရောဂါများသက်သာပျောက်ကင်းသွားသည်ကိုတွေ့ရရှိရသဖြင့် စမ်းခတ်ကြည့်ရာ ဝရိန်ထိသည့်ဝေဒနာများ ထူးထူးခြားခြားသက်သာပျောက်ကင်းသွားသည်ဟု ဆိုပါသည်။
တစ်ကြိမ်ခတ်ရုံဖြင့် အိပ်လို့ရပြီး မနက်လင်းသည်နှင့် အကောင်းပကတိ ပြန်ဖြစ်သွားသည်ဟု ဆိုပါသည်။
၎င်းတို့လူငယ်အသိုင်းအဝိုင်းသည် ရွှေမျက်စဉ်း၏ အကျိုးကျေးဇူးများ လက်တွေ့ခံစားနေကြရသဖြင့် ယုံကြည်မှုများ တိုးတက်လာကာ လူကြိုက်များ ရေပန်းစားလာသည့် မျက်စဉ်းကောင်းတစ်လက်ဖြစ်ကြောင်း သိရပါသည်။

ပဲခူးတိုင်း၊ ဖြူးမြို့နေ မောင်ပြည့်ဖြိုးမင်းသည် ပန်းနွယ် ပန်းခွေ စသည့် မြန်မာမှုလုပ်ငန်း လုပ်ကိုင်သူဖြစ်ပါသည်။
တစ်နေ့မှာ ပန်းနွယ် ပန်းခွေများ ဝရိန်ဆော်ခြင်းများလုပ်ကိုင်ပြီး လုပ်ငန်းသိမ်း အိပ်ပြန်သွားပါသည်။ ည ၁နာရီခန့်တွင် မျက်လုံးများဖွင့်မရတော့ဘဲ ကျိန်းစပ်ပြီး သဲနဲ့ပက်သလိုခံစားရချိန်တွင် ဝရိန်ထိကြောင်း သိရှိလိုက်ရပါသည်။

ရွှေမျက်စဉ်းယူပြီး တစ်ဖက်ကို သုံးစက်စီခတ်ပြီး ၅မိနစ်ခန့်ကြာတွင် တစ်ကြိမ်ထပ်ခတ်ပါသည်။ မိနစ် ၂၀ခန့်အကြာတွင် မျက်လုံးများဖွင့်နိုင်လာပြီး ဝေဒနာများလည်း ထူးထူးခြားခြားသက်သာသွားသည်ဟု ဆိုပါသည်။

နောက်တစ်ကြိမ်ထပ်ခတ်ပြီး အိပ်လိုက်ရာ မျက်လုံးများအေးပြီး အိပ်ပျော်သွားသည်ဟု ဆိုပါသည်။
“ဘေးထွက်ဆိုးကျိုး ဘာမှမဖြစ်ဘဲ မိနစ်ပိုင်းတွင် ပျောက်ကင်းသွားတယ်၊ မနက်အိပ်ရာနိုးတော့ မျက်စိက ကြည်ကြည်လင်လင်ပါပဲ။ တကယ်ကောင်းတဲ့မျက်စဉ်းပါ။”ဟု မောင်ပြည့်ဖြိုးမင်းမှ မျက်စဉ်းနှင့်ပတ်သက်ပြီး ဝမ်းမြောက်စွာ မှတ်ချက်စကား ပြောကြားလာတာ တွေ့ရပါသည်။

သို့ဖြစ်၍ ဝရိန်ထိ အနာရောဂါများကို ရွှေမျက်စဉ်းက စက္ကန့်ပိုင်းအတွင်း ပျောက်ကင်းအောင် ကုသပေးနိုင်ကြောင်း၊ ရွှေမျက်စဉ်းသည် ရောဂါဝေဒနာများကို ယူပစ်သလို ပျောက်ကင်းအောင် ကုသပေးနိုင်သော မြန်မာ့ဆေးစွမ်းကောင်းတစ်လက်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
မန္တလေး၊ မဟာအောင်မြေမြို့နယ်နေ အလူမီနီယံလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဝေလင်းဦးသည် မှန်လုံခန်းများ ဖွဲ့စည်းရာ၌ အလူမီနီယံများကို စက်လွှဖြင့်ဖြတ်ခြင်း၊ မှန်တပ်ဆင်ခြင်း လုပ်ငန်းများကို လုပ်ကိုင်လာသည်မှာ နှစ်ပေါင်း သုံးဆယ်ကျော်ပြီဆို၏။ မျက်စိများလည်း ကြည့်မကောင်းတော့ပေ။ နေ့စဉ် သံမှုံ မှန်မှုံများနှင့် ထိတွေ့နေရသော်လည်း မျက်စိကို သန့်စင်ပေးရကောင်းမှန်း မသိခဲ့ပေ။ တစ်နေ့သော် ရွှေမျက်စဉ်းလက်ဆောင်ရရှိလာသဖြင့် စမ်း၍ခတ်ကြည့်ရာ သူ၏မျက်စိများ အညစ်အကြေးထူပြောနေမှန်း သိလိုက်ရ၏။ အကြောင်းကား မနက်အိပ်ရာထချိန်တွင် မျက်စိဖွင့်၍မရလောက်အောင် မျက်ဝတ်များ တစ်ခဲနေသောကြောင့်ဖြစ်၏။ မျက်ကြည်လွှာပေါ်မှာ တင်ကျန်နေသော အညစ်အကြေးများသည် မျက်ဝတ်အဖြစ် ထွက်ခွါသွားသောကြောင့်ဖြစ်၏။

“နှစ်ပေါင်းသုံးဆယ်ကျော် လုပ်လာတာ မျက်စိကို သန့်စင်ပေးရကောင်းမှန်း မသိခဲ့ဘူး။ မနေ့က မျက်စဉ်းခတ်ကြည့်လိုက်မှ သိလိုက်ရတာ။ မျက်စိအတော်ညစ်ပေနေပြီပဲ”
“မျက်စဉ်းကောင်းတယ်။ မဆိုးဘူး”ဟု မှတ်ချက်ပြုလေ၏။

၎င်းတို့နည်းတူ ဖုန်တထောင်းထောင်း သဲတရှပ်ရှပ်ဖြင့် အလုပ်လုပ်နေသော အခြေခံလူတန်းစားများလည်း မျက်စိသန့်ရှင်းရေးအတွက် ရွှေမျက်စဉ်းကို ဆောင်ထားသင့်ပေသည်။

ကြည်လင်သန့်ရှင်း ရွှေမျက်စဉ်း၊
မျက်လုံးကျန်းမာ စိတ်ချမ်းသာ။