သတင်း

“ပညာရေးအကယ်ဒမီ အာဟာရအလှူတော်”

“ပညာရေးအကယ်ဒမီ အာဟာရအလှူတော်”
============================

မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းရှိ ဆရာတော် သံဃာတော်များနှင့် ဆရာမများ၊ ကျောင်းသူ/သားများအား နေ့ဆွမ်းအဖြစ် အာဟာရဒါန ဆက်ကပ်လှူဒါန်းပွဲကို သီတင်းကျွတ်လဆုတ် – ၁၃ရက်(7.102022)နေ့
မှာ ကျင်းပခဲ့ပါတယ်။

အလှူရှင်ကတော့ မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်း၊ ဆရာတော်ကြီး ဦးကုသလ
(ပါဠိပါရဂူ)ပဲ ဖြစ်ပါတယ်။

ပါဠိပါရဂူဆရာတော်ကြီးက နေ့ဆွမ်းတစ်နပ်စာ ကျွေးမွေးလှူဒါန်းတဲ့အပြင် ကျောင်းသူ/သား သုံးရာကျော်အား မုန့်ဖိုးငါးရာကျပ်စီ၊ ဆရာ/မ နှစ်ဆယ်ကျော်အား မုန့်ဖိုးတစ်ထောင်ကျပ်စီ၊ ဆရာတော် သံဃာတော်များအား နဝကမ္မ
ငါးထောင်ကျပ်စီ လှူဒါန်းတော်မူပါတယ်။

ထို့အပြင် ပါဠိပါရဂူ ဆရာတော်ကြီးက ဆရာ/မနှင့် ကျောင်းသူ/သားများအား လိမ္မာရေး ရှိစေရေး၊ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ စာကြိုးစား သင်ယူနိုင်ရေး၊ စိတ်ကောင်း စေတနာကောင်း မွေးမြူနိုင်စေရေးအတွက် သြ၀ါဒတရားများ ဟောကြားကာ အားပေးတိုက်တွန်းတော် မူပါတယ်။

ပါဠိပါရဂူ ဆရာတော်ကြီးဟာ ပညာရေးအကယ်ဒမီစတင် ဖွင့်လှစ်ချိန်မှစပြီး ယနေ့အထိ နှစ်စဉ် အာဟာရဒါန ပြုလုပ်လေ့ရှိပြီး ရေခဲမုန့်၊ ဒန်ပေါက် အစရှိတဲ့ ကလေးတွေ စားလိုရာ အာဟာရများကို အမြဲကျွေးမွေး စောင့်ရှောက်တော်မူတဲ့ ကျေးဇူးရှင် ဆရာတော်ကြီးပဲ ဖြစ်ပါတယ်။

ညာပါရမီ ဖြည့်ဆည်းလိုသူများ-—
ဆက်သွယ်ရန်
ကျောင်းအုပ်ဆရာတော်09-781513980
တာဝန်ခံဆရာတော် 09-445580969
အက်ဒမင်ဆရာတော် 09-697866969