ပညာရေး အကယ်ဒမီ ရိက္ခာအလှူတော်

======================

        မင်းကွန်း ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီအတွက် မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် မင်းကန်ရွာ၊ ဆရာတော်ဦးတိလောကနှင့် ရွာသူရွာသား အလှူရှင်များက

မြေပဲဆီ ၄ပုံး(အချိန်လေးဆယ်) နှင့် အလှူငွေ ၂၀၀၀၀၀(နှစ်သိန်းကျပ်) လှူဒါန်းပါသည်။

        မင်းကန်ရွာဆရာတော် ဦးတိလောကသည် မင်းကန်ရွာနှင့် သာစည်ရွာတို့သို့ ကြွရောက် အလှူခံရာ ၎င်းနှစ်ရွာမှ ရွာသူ/ရွာသားများ အလှူရှင်များ စုပေါင်းလှူဒါန်းကြသော

မြေပဲတောင့်များကို ဆီစက်သို့အပ်နှံ၍ ကြိတ်ခိုင်းကာ ရရှိလာသော ဆီ၎ပုံးကို လာရောက်လှူဒါန်းခြင်းဖြစ်ပါသည်။

        မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းအတွက် ဆရာတော် သံဃာတော်များနှင့် အလှူရှင်များက လှူဒါန်းထောက်ပံ့လျက်ရှိပါသည်။

        လာမည့် ၂၀၂၃/၂၄ ပညာသင်နှစ်အတွက် အခြေခံစားသောက်ကုန်များကို ကြိုတင် စုဆောင်းလျက်ရှိရာ ဆန်၊ ဆီ၊ ပဲ၊ ငရုပ်၊ကြက်သွန် အစရှိသော အခြေခံ စားသောက်ကုန်များ လှူဒါန်းလိုသော အလှူရှင်များသည် အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

        ဒေသထွက် သီးနှံပေါ်ချိန်များတွင် ဆရာတော်များ ဦးဆောင်၍ ကိုရင်ကျောင်းသားများ လာရောက် အလှူခံမည်ဖြစ်ပါသည်။

        ဆရာတော် ဦးတိလောကနှင့် မင်းကန်ရွာ၊ သာစည်ရွာ ရွာသူ/ရွာသား အလှူရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊

လိုအင်ဆန္ဒ ပြည့်ဝကြပါစေ၊

အစစအရာရာ အဆင်ပြေကြပါစေ၊

အမျိုးဘာသာ သာသနာအကျိုးကို တိုးသထက်တိုး၍ သယ်ပိုးနိုင်ကြပါစေ—–။

ဆက်သွယ်ရန်

ကျောင်းအုပ်ဆရာတော်   09-781513980

တာဝန်ခံဆရာတော်    09-445580969

အက်ဒမင်ဆရာတော်    09-697866969