မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်း

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ၏ ပဒေသာပင် အလှူရှင်များ

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီ၏ ပဒေသာပင် အလှူရှင်များ

==========================================

          ကမ္ဘာကျော်ဆရာတော် တည်ထောင်ထားတဲ့ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းဟာ အခုဆိုရင် ခြောက်နှစ်တာခရီးပြည့်ခဲ့ပါပြီ။

          ၂၀၁၇/၂၀၁၈ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ် တက္ကသိုလ်ဝင်တန်းမှာ အောင်ချက်ကောင်းသလို ဂုဏ်ထူးတွေလည်း ထွက်ခဲ့ပါတယ်။

          ပြီးခဲ့တဲ့ ၂၀၂၂/၂၃ပညာသင်နှစ်မှာတော့ ၄၂ဦး အောင်မြင်ကာ ဂုဏ်ထူးရှင် ၁၁ဦး ပေါ်ထွက်ပြီး ၄ဘာသာဂှဏ်ထူးရှင် နှစ်ဦးပေါ်ထွန်းခဲ့ပါတယ်။

          လောလောဆယ် G9.G10.G11 နှင် တက္ကသိုလ်ဝင်တန်း ကျောင်းသား/ကျောင်သူ သုံးရာကျော်ရှိပြီး ပညာရေးပဒေသာပင်အဖြစ် လစဉ် ၁၅ သိန်းအလှူရှင်တစ်ဦး တစ်သိန်းအလှူရှင် တစ်ဦးသာ ပေါ်ထွန်းပါသေးတယ်။

          ၂၀၂၃/၂၀၂၄ ပညာသင်နှစ်၌ G9 မှ G12 အထိ အထက်တန်းကျောင်းသူ/ ကျောင်းသား သုံးလေးရာကျော်ကို ထိန်းကျောင်း၊ ကျွေးမွေး၊ ပညာသင်ပေးဖို့ရာ ဆွမ်းပဒေသာပင် အလှူရှင်များ၊ ရေ/မီး ပဒေသာပင် အလှူရှင်များ ဆေးပဒေသာပင် အလှူရှင်များ လိုအပ်လျက် ရှိပါတယ်။

          သို့ဖြစ်ပါ၍ အမိမဲ့ ကလေးငယ်များ၊ အဖမဲ့ ကလေးငယ်များ၊ အမိအဖ နှစ်ပါးစုံမဲ့ ကလေးငယ်များ အမိအဖ နှစ်ပါးရှိသော်လည်း ပညာသင်စရိတ်ချိုတဲ့သော ကလေးငယ်များအတွက် ကရုဏာအလှူ ပါရမီဒါနပြုလိုတဲ့ ပညာပါရမီရှင် ကုသိုလ်ရှင်များ အနေနဲ့ အောက်ပါဖုန်းနံပါက်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ကျောင်းအုပ်ဆရာတော်     ၀၉ ၇၈၁ ၅၁၃ ၉၈၀

တာဝန်ခံဆရာတော်     ၀၉ ၄၄ ၅၅ ၈၀ ၉၆၉

ဘဏ္ဍရေးဆရာတော်     ၀၉ ၂၅၀ ၉၁၁ ၂၂၁