သတင်း

“ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ ပညာဒါနကျူရှင်ကျောင်း ပညာရည်ချွန်ဆုပေးပွဲ”

“ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ ပညာဒါနကျူရှင်ကျောင်း ပညာရည်ချွန်ဆုပေးပွဲ” ===================================================== မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ ပညာဒါနကျူရှင်ကျောင်း ပညာရည်ချွန်ဆုပေးပွဲကို ယခုနှစ် (၁၃၈၄)ခု သီတင်းကျွတ်လဆန်း(၈)ရက် (2.10.2022)နေ့၌ မွန်းလွဲ ၁:၀၀နာရီ၌ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသာ/သားများအား အောင်လက်မှတ်နှင့် ဆုငွေပေးအပ်ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနား၌ ဒက္ခိဏာရာမဘုရားကြီးတိုက် ဇေယျာရွှေမြေကျောင်း ဆရာတော်ကြီးဘဒ္ဒန္တကုသလ(ပါဠိပါရဂူ)နှင့် အရှင်ဝီရသူ(မစိုးရိမ်) အမှူးပြုသော ဆရာတော်သံတော်များ၊ ဆရာ/မများ၊ မိဘပြည်သူများ၊ ကျောင်းသူ/သားများ တက်ရောက်ကြပါသည်။ ကျောက်ချောကျေးရွာ ပညာဒါနကျူရှင်ကျောင်းမှ 2022ခုနှစ် တက္ကသိုလ်ဝင်တန်းသို့ ၃၁-ဦး ၀င်ရောက်ဖြေဆိုရာ ၁၃-ဦးအောင်မြင်ပြီး၊ တစ်ဘာသာဂုဏ်ထူးရှင် ၆-ဦး ထွက်ရှိပါသည်။ မန်းမဟောသဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီအဖွဲ့မှ ဦးစီးတည်ထောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၁၇/၂၀၁၈-ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ ယခု ဆုပေးပွဲ၌ မန်းမဟော်ဗဟိုကော်မတီမှ ဂုဏ်ထူးရ ကျောင်းသူ/သား-၆ဦးအား ဆုငွေတစ်သိန်းကျပ်စီ၊ ဂုဏ်ထူးပြ ဆရာ/မများအား ဆုငွေတစ်သိန်းကျပ်စီနှင့် ရိုးရိုးအောင် ကျောင်းသူ/သားများအား အောင်လက်မှတ်နှင့် ဆုငွေ တစ်သောင်းကျပ်စီ ပေးအပ်လှူဒါန်းကြောင်း သိရပါသည်။ မန်းမဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေး ဗဟိုကော်မတီသည် ကျောင်းဆောက်လုပ်ခွင့်ရရှိရန် တင်ပြလျှောက်ထားခဲ့သော် အစိုးရအစဉ်အဆက်က ဆောက်လုပ်ခွင့် မပေးခဲ့ကြောင်း၊ ယခုလည်း အိမ်စောင့်အစိုးရကို တစ်ပြလျှောက်ထားဆဲဖြစ်ကြောင်း-အရှင်ဝီရသူက မိန့်ကြားခဲ့ပါသည်။