သတင်း













“မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟစာမေးပွဲ”

ဒုတိယဝါဆိုလပြည့်ကျော် ၃ ရက်၊ 30.7.2018 ရက်နေ့၊ မွန်းတည့် ၁၂း၀၀ နာရီမှာ စတင်ကျင်းပပါတယ်။
ရှင်ကျင့်ဝတ်မှစပြီး စာချတန်း ကျမ်းရင်းသုံးကျမ်းအထိ အတန်းစုံဖြေဆိုရတဲ့ စာမေးပွဲပါ။
လေးလတစ်ကြိမ် ကျင်းပလေ့ရှိပြီး အောင်မြင်သူများကို ဆုငွေများချီးမြှင့်ပါတယ်။
ဓမ္မမဟိဒ္ဓိ လေးထပ်ဆောင်၊ ဓမ္မသမ္ပတ္တိ သုံးထပ်ဆောင်နှင့် ဓမ္မရက္ခိတ ငါးထပ်ဆောင်တို့မှာ ဖြေဆိုကြရတာပါ။
ဝါဆိုသံဃာ ၂၈၀၆ ပါးရှိပြီး စာဖြေသံဃာ ၁၉၅၀ ပါးရှိပါတယ်။
စာရေးသူက ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး မြေညီထပ်မှာ အစောင့်ကျပါတယ်။
ဓမ္မဒီပနာယကဆရာတော်လေး ဘဒ္ဒန္တသောဘိတာဘိဝံသ၊ ဓမ္မသီတလနာယကဆရာတော်လေး ဘဒ္ဒန္တဇာနေယျာဘိဝံသတို့နှင့်အတူ မူလတန်း၊ ရှင်ကျင့်ဝတ်၊ သီလက္ခန်ကျမ်းစာဖြေသံဃာများကို စောင့်ကြပ်ရပါတယ်။
သုံးရက်တာကျင်းပတဲ့ စာမေးပွဲပါ။
တန်ဆောင်မုန်းလမှာ ဒုတိယအကြိမ်
တပေါင်းလမှာ တတိယအကြိမ် ဆက်လက်ဖြေဆိုကြရမှာပါ။
သောတုဇနအားလုံး ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ကြပါစေသော်ဝ်…။