Monthly Archives: January 2018

သတင်း

ဒါမှ အရေခြုံအစစ်

( သာသနာကို အမှန်တကယ် သန့်ရှင်းစေချင်ရင် ဒါမျိုးကို နှိမ်နင်းပေးရမှာ။ သာသနမလဝိသောဓနီ- သာသနာသန့်ရှင်းရေးကုသိုလ်ပါ။ ဘုရားလည်းလုပ်ခဲ့တယ်။ ရှင်မောဂ္ဂလာန်လည်းလုပ်ခဲ့တယ်။ ထေရဝါဒအစဉ်အဆက်လည်းလုပ်ခဲ့တယ်။ အခုလည်း လုပ်ရမယ်။ သံဃနာယကမှာ တာဝန်ရှိတယ်။သာသနာရေးမှာ တာဝန်ရှိတယ်။ မြို့နယ်ထွေအုပ်မှာ တာဝန်ရှိတယ်။ ငှက်ဆိုးတွေက သံဃာအစစ်အမှန်မှ ရေးသားစော်ကားကြတာ။ ဒီလိုမျိုးအရေခြုံအစစ်ကျ ရူးချင်ယောင်ဆောင်နေကြမှာပဲ။ သာသနာကို တကယ်ချစ်လို့မှမဟုတ်တာ။ သာသနာဖျက်မကို ကာကွယ်ချင်လို့သာ သံဃာတွေကို ထိုးဆိတ်နေကြတာ။ မွန်မဘသ ချီတက်လာပါပြီ။ မုဒုံမဘသနဲ့ပေါင်းပြီး ဥပဒေကြောင်းအရ ဆောင်ရွက်ပါတော့မယ်။) ဝီရသူ( မစိုးရိမ်) 18.1.2018 am 8:40 ********* ...
သတင်း

၁၅နှစ်ပြည့် အထိမ်းအမှတ်ပူဇာမင်္ဂလာ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ လွန်တော်မူခြင်း (၁၅)နှစ်ပြည့် အထိမ်းအမှတ် ပူဇော်ပွဲကို ၁၃၈၀ပြည့်နှစ်၊ ကဆုန်လဆန်း(၁၂)ရက်၊ (၂၆.၄.၂၀၁၈)နေ့တွင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိလေးထပ်ကျောင်းကြီး၌ နံနက်(၉း၀၀)နာရီအချိန် စတင်ကျင်းပ ပူဇော်ကြမည်ဖြစ်ပါ၍ တပည့်များစုံညီကျင်းပနိုင်ပါရန် ကဆုန်လဆန်း(၁၁)ရက်နေ့ ည(၇း၀၀)နာရီအရောက် မစိုးရိမ်တိုက်သစ်သို့ ကြွရောက်ကြပါမည့်အကြောင်း(နီး+ဝေး)တပည့်အပေါင်းတို့အား ပင့်ဖိတ်လျှောက်ထားအပ်ပါသည်ဘုရား။ ပူဇော်ပွဲဖြစ်မြောက်ရေးဦးဆောင်စီမံအဖွဲ့ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။ ဖုန်း-09.259004300/09.2035013
သတင်း

NLDအစိုးရလက်ထက် အမျိုးသားရေးယုံကြည်ချက် အချုပ်သားတစ်ဦး၏ ပစ္စက္ခဘဝအခြေအနေ

ကိုကျော်မျိုးရွှေရဲ့ ကျန်းမာရေးအခြေအနေကတော့ မြင်တဲ့အတိုင်းပါပဲ။ ဒီရောဂါက အခုမှ ချက်ချင်းလက်ငင်းကြီး ဖြစ်ပေါ်လာတာမဟုတ်ပါဘူး။ နဂိုကတည်းက ကုသမှုခံယူနေတဲ့ရောဂါပါ။ ခါးရိုးတီဘီလို့ခေါ်ပါတယ်။ အခုလိုနေ့ချင်းညချင်းကြီး အခြေအနေဆိုးသွားတာကတော့ အပြင်ထွက်၍ ဆေးကုသမှုခံယူခွင့်မရခြင်း၊ ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသခွင့်မရခြင်း၊ အပတ်စဉ်ပုံမှန် ရုံးထွက်နေရခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ဆေးရုံတက်ဖို့ ထောင်ဆရာဝန်ကရော၊ ထောင်ပိုင်ကြီးကပါ ခွင့်ပြုပါတယ်။ ကိုကျော်မျိုးရွှေရဲ့ အခြေအနေကို ဖုန်းဆက်မေးမြန်းတဲ့အခါမှာလည်း ထောင်အရာရှိတွေက အမှန်တကယ် ကျန်းမာရေးချို့တဲ့တာဖြစ်ကြောင်းပဲ ဒိုင်ခံဖြေကြားပါတယ်။ ထောင်ထဲကို တိုင်းတရားသူကြီးချုပ်တို့ လာရောက်လှည့်လည်တဲ့အခါမှာလည်း ကိုကျော်မျိုးရွှေရဲ့ ကျန်းမာရေးအခြေအနေကို အရှိအတိုင်း မြင်သွားပါတယ်။ ထောင်ဆရာဝန်နှင့် ထောင်ပိုင်ကြီးရဲ့ ကျေးဇူးကြောင့် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခွင့် ရခဲ့ပေမယ့် ဆေးရုံတက်ခွင့်မရခဲ့ပါဘူး။ ဆေးရုံကြီး ...
သတင်းအင်တာဗျူး

ဘယ်အစိုးရမှ အမျိုးသားရေးစိတ်ဓာတ်နဲ့ကင်းပြီး ရပ်တည်လို့မရနိုင်ဘူး(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး- ဒီရက်ပိုင်းအတွင်းမှာပဲ ၀န်ကြီးချုပ်တစ်ယောက်နဲ့ ၀န်ကြီးငါးယောက်ထိ အပြောင်းအလဲဖြစ်ခဲ့ပါတယ်ဘုရား။ အဲဒီအပေါ်မှာ ဘယ်လိုသုံးသပ်ချင်ပါသလဲဘုရား။ ဖြေ – ရည်ရွယ်ချက်ကတော့ အပြောင်းအလဲလုပ်ချင်လို့ အောက်ခြေကနေ စပြောင်းတဲ့သဘောပေါ့။ ဒါပေမဲ့ ဒီလောက်လေးနဲ့ ရပ်သွားပြီဆိုရင် ဘာမှ ထူးမှာမဟုတ်ဘူးလေ။ မိုးမလုံတဲ့ခေါင်ကို ၀ိုင်းပြီးတော့ မိုးကြကာကြရမှာကို အိမ်တိုင်တွေ အစားထိုးနေတယ်၊ ကြမ်းခင်းတွေချွတ်ပြီးတော့ အစားထိုးနေတယ်ဆိုရင် ဒီအိမ်က ဆွေးမှာက ဆွေးမှာပဲလေ။ အိမ်သူအိမ်သားတွေက မိုးဒဏ်ခံရမှာက ခံရမှာပဲလေ။ စနစ်ကြီးတစ်ခုကို အပြောင်းအလဲလုပ်ချင်တယ်ဆိုရင်တော့ အထက်ဆုံးက ပုဂ္ဂိုလ်ကိုပြောင်းရင်ပြောင်း သို့မဟုတ် အထက်ဆုံးက ...
သတင်း

သီတဂူဆရာတော်ကြီး၏ မေတ္တာတော်

ပြာသိုလဆုတ် ၁၅ရက် 16.1.2018 ညနေပိုင်းမှာ ညီတော်လေးတွေ လာပေးသွားကြတာပါ။ သီတဂူဆရာတော်ကြီးရဲ့ လက်မှတ်ထိုးပါတဲ့ မေတ္တာလက်ဆောင် စာအုပ်တွေပါ။ ဆယ်စုနှစ်သြဝါဒများစာအုပ်ရယ်၊ ဗုဒ္ဓဘာသာနဲ့ ကမ္ဘာ့အခြေအနေ ဆက်နွယ်နေမှုစာအုပ်ရယ်၊ အာဖရိကတိုက် ယုဂန္ဓာနိုင်ငံ သာသနာပြုခရီးမှတ်တမ်းစာအုပ်ရယ် အားလုံးသုံးအုပ်ပါ။ ရက်စွဲကတော့ ကြာပါပြီ။ ညီတော်မောင်တွေဆီပေးထားတာ စာရေးသူထံ အရောက်လာပေးဖို့ နောက်ကျနေလို့ အခုမှ ရရှိတာပါ။ ကျေးဇူးရှင် သီတဂူဆရာတော်ကြီးက တပည့်ငယ်တစ်ပါးကို အဝေးကနေ တကူးတက လက်မှတ်ထိုးပြီး စာအုပ်ပို့ပြီး မေတ္တာလက်ဆောင် ပေးတော်မူတယ်ဆိုကတည်းက စာရေးသူကို အာဟာရဓာတ်ပြည့်ဝတဲ့ ဗီတာမင်အားဆေးတွေ အများကြီး စားလိုက်ရသလိုပါပဲ။ ညီတော်လေးတွေကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးရှင် သီတဂူဆရာတော်ကြီး ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၀၂

အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အရှင်စန္ဒာဝရာလင်္ကာရ(မဟာဂန္ဓာရုံ)အား ဦးထိပ်ထား၍ မသင်းသင်း တာချီလိတ်(မြန်မာ့စာတိုက်လုပ်ငန်း)မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (15.1.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၂၆,၆၂၀,၅၀၀ိ ကျပ်။ စုစုပေါင်း – ၁၉၁,၈၂၀,၅၀၀ (တစ်ထောင့် ...
သတင်း

ဝီရသူ(သို့မဟုတ်)လမ်းကြောင်းမပြောင်းတဲ့သူ

“NLDကိုမဲ​ပေးပါ …လွပ်​လပ်​မှချမ်းသာနိုင်​ပါမယ်​ ဒါ​ကြောင့်​ဦးဇင်းကတိုက်​တွန်းပါတယ်​ အမျိုးသားဒီမိုက​ရေအဖွဲ့ချုပ်​ကို မဲ​ပေးကြပါ” NLDပါတီအာဏာမရခင်​က ဆရာ​တော်​​လေးဦးဝီရသူမှ မဲဆွယ်​စည်းရုံး​နေ​သော စကား​လေးဖြစ်​ပါသည်​။ လူသားတိုင်း လူသားတိုင်းမှာ ရည်​မှန်းချက်​ကိုယ်​စီရှိကြ​လေ၏။ ထိုသူများထဲတွင်​ မစိုးရိမ်​တိုက်​သစ်​၊ဓမ္မသဟာယ​ကျောင်းစာချနာယက ၊အမျိုးသား​ရေးဓမ္မကထိကဆရာ​တော်​ဦးဝိစိတ္တာဘိဝံသ(၀ီရသူ-မစိုးရိမ်​)သည်​လည်းအပါအ၀င်​ဖြစ်​၏။ လူအ​ယောက်​တစ်​ရာတွင်​ အ​ယောက်​ကိုးဆယ်​သည်​ မိမိတို့ချမ်းသာဖို့၊ရာထူးအာဏာရဖို့၊လုပ်​ကြသည်​သာဖြစ်​၏။ ဆရာ​တော်​သည်​ကားထူးခြား၏။ ထိုရာထူး၊အာဏာရမည့်​အလုပ်​မျိုးကိုစိတ်​မ၀င်​စား​ပေ။ လူမုန်းများ​သော၊ရာထူးအာဏာ​နေရာမရ​သော “အမျိုးသား​ရေး”အလုပ်​ကိုသာစိတ်​၀င်​စား၏။ မိမိတို့တိုင်းရင်းသားများကို အခြားဘာသာဝင်​များက စော်​ကား​နေသည်​ကိုမခံနိုင်​​ပေ။ မိမိတို့နိုင်​ငံ၊အမျိုးဘာသာ သာသနာကို ကမ္ဘာတည်​သ၍ တည်​​စေချင်​၏။ ထို့​ကြောင့်​ဆရာ​တော်​က…အမျိုးသား​ရေးလမ်း​ကြောင်း​ပေါ်​လျှောက်​ရန်​ဆုံးဖြတ်​လိုက်​​တော့၏။ ထိုဆုံးဖြတ်​ချက်​အတိုင်း အစိုးရအဆက်​ဆက်​တွင်​ အမျိုးသား​ရေးလမ်း​ကြောင်း​ပေါ်သို့ ရဲရဲကြီး​လျှောက်​ခဲ့၏။ အမျိုးသား​ရေးလမ်း​လျှောက်​ရင်း..​ထောင်​နန်းလည်းစံခဲ့ရ၏။ အချို့နိုင်​ငံ​ရေးသမားများသည်​ ​ထောင်​ကထွက်​​သောအခါ အမတ်​၊၀န်​ကြီးဘာညာ ဖြစ်​ကုန်​​တော့၏။ ပြည်​သူ့ဘက်​က အမြဲရပ်​တည်​ပါတယ်​ဆို​သော အချို့နိုင်​ငံ​ရေးဘုန်းကြီးများကလည်း ယ​နေ့အချိန်​တွင်​​တော့ ပြည်​သူဘက်​က ရပ်​မတည်​ကြ​တော့​ပေ။ မင်းအကိုးအကွယ်​ခံ မင်းဆရာအဖြစ်​ခံယူသွား​တော့၏။ ဆရာ​တော်​ဦးဝီရသူက​တော့ ​ထောင်​ကထွက်​​တော့လည်း အမျိုးသား​ရေးလမ်း​ပေါ်သာဆက်​​လျှောက်​​နေခဲ့၏။ ...
သတင်း

ရန်ကုန်တိုင်းအစိုးရ သိစေရန်

တာဝန်သိပြည်သူတစ်ဦးပေးပို့တဲ့ သတင်းလေးပါ။ နိုင်ငံ့ဝန်ထမ်းကောင်းများပီပီ နိုင်ငံ့တာဝန်ကျေပြွန်ကြပါစေ။ ဝီရသူ(မစိုးရိမ်) 16.1.2018 PM 9:08 ========== ******* ======== မင်းမဲ့တိုင်းပြည်ကဲ့သို့ဖြစ်နေသော ရန်ကုန်အောင်မင်္ဂလာကားဝင်းအဝင်ပေါက်က၃ချပ်လိမ် . သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တကွ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှအရာရှိများခမျာ . အောင်မင်္ဂလာကားဝင်းအဝင်ပေါက် YBS ၁၇ YBS ၃၅ကားဂိတ်တွင်မနက်၂နာရီမှ မနက်၅နာရီအချိန်တိုင်း အများပြည်သူအားလိမ်လည်လှည့်ဖျားပြီး အုပ်စုလိုက်အဖွဲ့လိုက်ညစ်ပတ်ကာ တောနယ်မှရန်ကုန်မြို့ပေါ်သို့ဈေးဝယ်တက်လာသော မိန်းကလေးငယ်များအဒေါ်အရွယ်များအား မထိုးချင်ပါဘူး.မသိပါဘူးမထိုးပါဘူးပြောလဲမရ .အတင်းထိုးခိုင်းပြီးအတင်းစားတယ်စားတယ်ဆိုကာ တောနယ်ကဈေးဝယ်ဖို့ချွေးနှဲစာလေးတွေ စုစေါင်းလာသမျှကိုပေါ်တင်ဓားပြတိုက်သလို နေ့စဉ်တိုက်ယူနေသည်မှာ အချိန်ကာလအတော်ကြာနေပါပြီ . ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေနဲ့ ထိုမျှမင်းမဲ့တိုင်းပြည်ကဲ့သို့ ပြုမူနေကြသောအဖွဲ့အုပ်စုများကို မျက်စိရှမ်း၍ပဲမမြင်လေသလား တမင်မမြင်ချင်ယောင်ပဲဆောင်ပေးနေသလား ...
သတင်း

မြစေတီဆရာတော်ကြီးအား ဦးတင်ပူဇော်ပါ၏ဘုရား ညီတော်နောင်တော်များ ကျေးဇူးအထူးပါ

  ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးအတွက် ပညာဒါနအလှူတော် ဓမ္မပူဇာသဘင် —– —– —– —– ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးအတွက် ပညာဒါနအလှူတော် ဓမ္မပူဇာသဘင်အား ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်း စတုဘုမ္မိကမဂ္ဂင်ရိပ်သာကျောင်းရှေ့ တွင် ၂၀၁၈ ဇန္နဝါရီ ၂၁ မှ ၂၅ ထိ ၅ ညတိုင်တိုင်ကျင်းပသွားမည်ဖြစ်ပါတယ်။ ဓမ္မသဘင်ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်က ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးလျင်မြန်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက်ပဲဖြစ်ပါတယ်၊ ၅ ညတိုင်တိုင်ဟောကြားမည့် ဓမ္မကထိကဆရာတော်ဘုရားများမှ ခုနှစ်ရက်သားသမီးအပေါင်းလှူဒါန်းသည့် နဝကမ္မဝထ္ထုငွေအားလုံးကို ပညာဝေဖြာ မဟော်သဓာ(မန္တလေး)ကျောင်းတော်ကြီးသို့ ပြန်လည်လှူဒါန်းသွားမည်ဖြစ်ပါတယ်။ တရားပွဲဝေယျာဝစ္စ အစအဆုံးကုန်ကျစရိတ်များကို ...
သတင်း

သုံးစားမရမှန်း မသိကြသေးသမျှ

အစစအရာရာ ဘာတစ်ခုမှအဆင်သင့်မရှိသူတွေကိုမှ နိုင်ငံ့အာဏာအပ်ခဲ့မိကြတာ။ ဝန်ကြီးမလုံလောက်တော့ ဌာနတွေပေါင်းခဲ့ရတယ်။ လူမလုံလောက်တော့ ဒုဝန်ကြီးတွေ မခန့်နိုင်ခဲ့ဘူး။ ဒါကိုပဲ ကြံဖန်လော်တဲ့သူတွေက လော်ခဲ့ကြသေးတယ်။ ပြည်သူတွေကလည်း အဟုတ်ထင်ကြပြန်တာပါပဲ။ အခုတော့ ဌာနအချို့ ပြန်ခွဲပြန်ပြီ။ ဒုဝန်ကြီးတွေလည်း ပြန်ခန့်နေပြီ။ ဒါပေမဲ့ ဝန်ကြီးချုပ်အစားထိုးဖို့ မပြင်ဆင်ရသေးဘဲ ဝန်ကြီးချုပ်ကို နုတ်ထွက်ခိုင်းကြတယ်။ အရေးပေါ်အစည်းဝေးခေါ်ထားတာတောင်မှ ဝန်ကြီးချုပ်တင်မြှောက်စရာ မရှိလို့ ပြန်သိမ်းသွားရတယ်။ ဘယ်သူ့မှာတာဝန်ရှိလဲ? ဘယ်သူ့အမိန့်စောင့်နေတာလဲ? ပြည်သူ့အတွက်ဆို အမြဲနောက်ကျနေတတ်တဲ့ ပြည်သူ့အစိုးရကို ပြည်သူတွေက ကူညီဖို့ အဆင်သင့်ပါဗျာ။ အမုန်းခံသမားကြီး ဝီရသူ( မစိုးရိမ်) 16.1.2018 pm ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၀၁

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၂လမ်း၊ ၈၅လမ်းနေ ကိုချစ်ကို(ခ)ကိုစိုးစိုးဦး+မစိုးစိုးမာ မိသားစုမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (12.1.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ...
သတင်း

ဓမ္မဓရဝါဆိုကျောင်းဆရာတော်မွေးနေ့ပွဲ

ပြာသိုလဆုတ် ၁၄ရက် 15.1.2018 ရက်နေ့ မနက် ၉း၀၀ နာရီ မန္တလေး ချမ်းမြသာစည်မြို့နယ် ဓမ္မဓရဝါဆိုကျောင်းမှာ ကျင်းပပါတယ်။ ဓမ္မဓရ ဝါဆိုကျောင်းဆရာတော် ဓမ္မဓရဒေါက်တာအရှင်ကုမာရ သက်တော် ၅၀ပြည့် မွေးနေ့ပွဲနှင့် စာအောင်သံဃာ ဆုပေးပွဲပါ။ ပရိယတ္တိ ပဋိပတ္တိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်ကြပါတယ်။ အခမ်းအနားမစခင် သဘာဝအာဟာရ မြန်မာ့အစားအစာများ ဆက်ကပ်လှူဒါန်းပါတယ်။ အခမ်းအနားမှာ မဟာဂန္ဓာရုံ မဟာနာယကဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် မော်ကွန်းထိန်းဆရာတော်ကြီးဘဒ္ဒန္တကေသရ တိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော်ကြီးဘဒ္ဒန္တဝိစိတ္တာဘိဝံသတို့က စာအောင်သံဃာတော်များအား အောင်လက်မှတ် ချီးမြှင့်ပါတယ်။ ဓမ္မဓရဝါဆိုကျောင်းမှာ ဒီနှစ် ဝါဆိုသံဃာ ၃၆၈ပါးရှိပါတယ်။ ဓမ္မဓရဝါဆိုကျောင်း ၇နှစ်တာကာလအတွင်း ...
သတင်း

တည်ငြိမ်အေးချမ်းရေးက အဓိက

တည်ငြိမ်အေးချမ်းရေးက အဓိက ဘယ်ဖိအားတွန်းအားမှ ဂရုစိုက်စရာမလိုဘူး။ တည်ငြိမ်အေးချမ်းစေချင်ရင် အကြမ်းဖက်ခွင့်မရအောင် နေရာချထားပေးရမှာ။ ဒါမှ ဘေးကင်းလုံခြုံပြီး တည်ငြိမ်ပေးချမ်းမှာ။ ရခိုင်သားရှေ့ဆက် ရခိုင်သားတွေနှင့်အတူရှိနေမယ်။ ဝီရသူ( မစိုးရိမ် ) 15.1.2018 pm 9:18 ဆက်လက်ဖတ်ရှုရန် https://m.facebook.com/story.php…
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၁၂)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၃)ခန်းစာအတွက် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ အောင်မင်္ဂလာ(၁)လမ်းမှ မစိုးစိုးစံ(ခေတ္တ-စင်္ကာပူ)မိသားစုမှ အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းပါသည်။ အလှူရှင် မစိုးစိုးစံ မိသားစုနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း” (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ အောင်မင်္ဂလာ(၁)လမ်းမှ မစိုးစိုးစံ(ခေတ္တ-စင်္ကာပူ)မိသားစုမှ နဝကမ္မအလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်နှင့် မစိုးရိမ်တိုက်သစ် စာသင်သံဃာတော်များ စာအုပ်နှင့် စာရေးကိရိယာများအတွက် အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (15.1.2018) (15.6.2017 ရက်နေ့တုန်းကလည်း နဝကမ္မတစ်သိန်းကျပ်နှင့် မစိုးရိမ်တိုက်သစ် စာသင်သံဃာတော်များလေ့ကျင့်ခန်းစာမေးပွဲ စာရေးကိရိယာနှင့် စာအုပ်များအတွက် အလှူငွေ နှစ်သိန်းကျပ် လှူဒါန်းဖူးပါသည်။) အလှူရှင် မစိုးစိုးစံမိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၀၀

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မြင်းမူမြို့၊ ရေဝန်မင်းသားကျောင်း ဘဒ္ဒန္တခေမာစာရ(မြင်းမူရွှေမင်းသား)မှ အလှူငွေ USAဒေါ်လာ ၁၀၀ လှူဒါန်းစဉ်။ (11.1.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ...
သတင်း

အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား(၃)

ဟိုတလောက ဓမ္မရဝေတောရကျောင်းတိုက်မှာ သိမ်ရေစက်ချပွဲ အခမ်းအနား ကျင်းပတာတွေ့ရပါတယ်။ ထူးခြားတာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်တာပါပဲ။ ပိုပြီးထူးခြားတာက စာတတ် ပေတတ် ကျမ်းတတ်အကျော် ဆရာတော် တော်တော်များများ ကြွရောက်ချီးမြှောက်ကြတာပါ။ အစီအစဉ်လေးကလည်း ထူးခြားပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆရာတော်တွေထံ သြဝါဒခံယူ ထေရ်ကြီးဝါကြီးဆရာတော်သံဃာတော်တွေက ကိုယ်စီကိုယ်ငှ အသီးအသီး သြဝါဒတွေပေးကြနဲ့ အတော်ကြည်နူးစရာကောင်းပါတယ်။ စာရေးသူတို့ကလည်း ဒီလိုပဲ အစိုးရနဲ့သံဃာတော်တွေ အမြဲတမ်း ထိတွေ့နေစေချင်တာပါ။ ဒါမှလည်းဘာသာရေးဘက်က ထိန်းကျောင်းလို့ရစရာရှိတာတွေ ထိန်းကျောင်းနိုင်မှာပါ။ ပြုပြင်လို့ရစရာရှိတာတွေ ပြုပြင်နိုင်မှာပါ။ အဲဒီအတွက် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရပါတယ်။ ဘာပဲပြောပြော ဆရာတော် သံဃာတော်တွေထံ သြဝါဒခံယူဖော်ရသေးတယ်ဆိုပြီး အားရ ကျေနပ်ခဲ့ရတာပါ။ ဆက်စပ်ပြီးတွေးမိတာကတော့ ကုသိုလ်လုပ်တာချင်းအတူတူ ...
သတင်း

နောင်ချိုမြို့နယ် သပြေဒိုးရွာ ကျောင်းအပ်ပွဲ

9.1.2018 ပြာသိုလဆုတ်၁၀ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သပြေဒိုးကျေးရွာ ဘုန်းကြီးကျောင်းတိုက်မှာကျင်းပပါတယ်။ ကျောင်းထိုင်ဆရာတော်ဦးကောဝိဒက စာရေးသူရဲ့ နောင်တော်အရွယ်လည်းဖြစ် မစိုးရိမ်တိုက်သစ် သိမ်ကျောင်းမှာအတူနေရစဉ် သကျသီဟစာသင်တန်း စာအတူလုပ်ဘက်လည်းဖြစ်လို့ မစိုးရိမ်တိုက်သစ်သူငယ်ချင်းများ မစိုးရိမ်တိုက်သစ်နာယက ဆရာတော်များ ကြွရောက်အားပေးကြပါတယ်။ သပြေဒိုးရွာ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးမရှိသေးတာကြောင့် ရွာသူရွာသားများက ရပ်ကျေးသံဃနာယက သုံးဆယ်ရွာ မြို့မကျောင်းဆရာတော်ထံ လျှောက်ထားရာ မြို့မကျောင်းဆရာတော် ဦးပညာသာရက စာရေးသူထံ ရွာသူရွာသားများလွှတ်ပြီး ကျောင်းထိုင်ဆရာတော်ရှာခိုင်းတာပါ။ နောင်တော်ကြီးဦးကောဝိဒက ကျောင်းမထိုင်ရသေးဘဲ မန္တလေးကို အလည်ရောက်နေတာနဲ့ကြုံလို့ တစ်ခါတည်း မိတ်ဆက်ပေးလိုက်ပါတယ်။ ရွာသူရွာသားတွေကလည်း နောင်တော်ကြီးဦးကောဝိဒကိုကြည်ညိုလို့ တစ်ပါတည်း ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း သားသားမီးမီးလေးတွေ

လောကအလင်း သားသားမီးမီးလေးတွေ ဒီလိုလေးတွေ စာကျက်ကြတယ်။ 14.1.2018 ရက်နေ့ ညနေ 4:00 အချိန် သင်္ချာဆရာကြီး ဦးမင်းအောင် ခွင့်ယူထားလို့ ဆရာတော်ဦးဝေပုလ္လ Engပြရင်း လေ့ကျင့်ခန်းလုပ်ခိုင်း စာကျက်ခိုင်းနေတာပါ။ အောင်မြင်ကြပါစေသော်—- ဝ်။
သတင်း

မောင်တောမြို့နယ် သက္ကယ်ပြင် ဗလီရေကန်ထဲမှ လက်လုပ် သေနတ် ၃၂ လက် သိမ်းဆည်းရမိ

နိရဉ္စရာ၊ ဇန်န၀ါရီ ၁၄ ရခိုင်ပြည်နယ် မောင်တောမြို့နယ် သက္ကယ်ပြင် မူဆလင်ကျေးရွာ ဗလီရှေ့ ရေကန်မှ လက်လုပ် သေနတ် ၃၂ လက်ကို ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်က သိမ်းဆည်းရမိသည်ဟု မောင်တော ခရိုင် ရဲမှူုးကြီး ထွန်းမြင့်ထွန်းက အတည်ပြု ပြောကြားသည်။ “ဟုတ်တယ်ဗျာ။ ဖားရှာ၊ ငါးရှာရင်းနဲ့ သက္ကယ်ပြင်ကျေးရွာ ဗလီရှေ့ ရေကန်က တွေ့တာပါ။ စုစုပေါင်း လက်လုပ်သေနတ် ၃၂ လက်ပါ” ဟု နိရဉ္စရာသတင်းဌာနသို့ အတည်ပြု ...