Monthly Archives: June 2020
Uncategorized
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၁)
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၁)“ဘုရားဝတ်တက်ကျင့်စဉ်” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) စားရေးသူသည် နေ့စဉ် ကိုယ်ပိုင်အချိန် သုံးချိန်အရယူလေ့ရှိပါသည်။ ရွတ်ဖတ်ခြင်း၊ ပွားများခြင်းများ ပြုလုပ်ပါသည်။ ဝတ်တက်ခြင်းမပါသလောက်ပင် ဖြစ်ပါသည်။ အကြောင်းမှာ အာဝါသသပ္ပါယ (နေရာထိုင်ခင်း အကြောင်းညီညွတ်မှု) မရှိခြင်း (ဝါ) နေရာအခက်အခဲရှိခြင်းကြောင့် ဖြစ်ပါသည်။ စာသင်တိုက်ကြီးလည်းဖြစ် ကျောင်းဆောင်ကလည်းကျဉ်း သံဃာကလည်း များပြားလှသဖြင့် စာသင်သားများ နေရထိုင်ရ ခက်ခဲနိုင်သောကြောင့် ဖြစ်ပါသည်။ အပေါ်ထပ်မှာ ဘုရားဝတ်တက်ဖို့ ဘုရားကျောင်းဆောင် သီးသန့် လုပ်ထားသော်လည်း ခဏသာ ဝတ်တက်လိုက်ရပါသည်။ ဂျာနယ်လ်ရုံးခန်းနှင့် ...
အဆိုအမိန့်
“ မြန်မာ့နိုင်ငံရေး” (၆)
သတင်းဆောင်းပါး
ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၀)
“တရားပွဲ မေတ္တာ” (ဆရာတော်ဦးဝီရသူ၏ နှစ်သစ်ကူး အထူးလက်ဆောင်) စာရေးသူသည် ဝါတွင်းကာလ စာဝါဖွင့်ချိန်များ၌ စာဝါအပျက်မခံပေ။ တရားပွဲများကိုလည်း မန္တလေးပတ်ဝန်းကျင် မြို့ရွာပွဲမ်ားဖြစ်မှသာ လက်ခံနိုင်ပါသည်။ ညတွင်းချင်းပြန်ရောက်မည့်ပွဲမျိုး မဟုတ်လျှင် အဖိတ်နေ့ညနှင့် ဥပုသ်နေ့ညတို့ကိုသာ ပေးလေ့ရှိပါသည်။ ပြည်နယ်ပွဲများဆိုလျှင် သီတင်းကျွတ်ကျောင်းပိတ်ချိန်နှင့် နွေကျောင်းပိတ်ချိန်များ၌သာ ကြွရောက်လေ့ရှိပါသည်။ စာရေးသူတို့မစိုးရိမ်တိုက်သစ်၌ တစ်နှစ်တာစာဝါများကို ကဆုန်လမှစတင်ပို့ချကြသဖြင့် ပြာသို တပို့တွဲရောက်ပြီဆိုလျှင် စာဝါပြီးပြတ်သည်က များပါသည်။ ထိုအခါမျိုး၌ ကရင် ကချင် ရခိုင် စသည့် ပြည်နယ်များသို့ ဓမ္မဒူတခရီးများ ကြွရောက်ရပါသည်။ ရပ်နီးဖြစ်စေ ရပ်ဝေးဖြစ်စေ တရားပွဲများသွားသည့်အခါ ...
အဆိုအမိန့်
“အကန်းယုံ အကုန်ရမ်း” (၁၂)
အရိဋ္ဌရဟန်းက မှီဝဲကောင်းတယ်လို့ ယူဆထားတဲ့ အန္တရာယ်ငါးပါးကတော့ – ကံ၊ ကိလေသ၊ ဝိပါက၊ ဥပဝါဒ၊ အာဏာဝီတိက္ကမတို့ပါပဲ။ယုတ်မာတဲ့အယူဝါဒယူထားတဲ့ အရိဋ္ဌလိုရဟန်းမျိုး တွေ့ကြုံလာရင် သံဃာ့အလယ်ဆွဲခေါ်ပြီး ဆုံးမရမယ်။ အဲဒီလိုဆုံးမလို့်မှ မရရင် သမနုဘာသနကံ ပြုရမယ်လို့ စည်းကမ်းချမှတ်ထားပါတယ်။ထမိံခြုံနွား ငမှောင်သားကို သံဃာ့အလယ်ခေါ်ပြီး ဆုံးမဖို့ အချိန်တန်ပါပြီ။ ဆုံးမလို့မှ မရရင် သမနုဘာသနကံ ပြုတော်မူကြပါ။ သုဏာတု မေ ဘန္တေ သံဃော၊ သောဘိတဿ ဘိက္ခုနော ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ – တထာဟံ ဘဂဝတာ ...
အဆိုအမိန့်
“အကန်းယုံ အကုန်ရမ်း” (၁၁)
အရိဋ္ဌရဟန်းရဲ့ အယူဝါဒက ဘုရားဟောနဲ့ ပြောင်းပြန်ကြီးပါ။ဘုရားက အန္တရာယ်ငါးပါးကို မှီဝဲရင် အန္တရာယ်ရှိတယ်လို့ ဟောထားပေမယ့် အရိဋ္ဌက အန္တရာယ်ငါးပါးကိုမှီဝဲရင်လည်း အန္တရာယ်မရှိဘူးလို့ ယူဆနေတာပါ။ပိုပြီးဆိုးတာက သူ့အမှားထဲ ဘုရားကိုပါဆွဲထည့်ပစ်ခြင်းပါပဲ။အန္တရာယ်ငါးပါးကို မှီဝဲရင်လည်း အန္တရာယ်မဖြစ်ဘူးလို့ ဘုရားဟောကြားတော်မူတယ်လို့ ဘုရားကိုပါ တရားခံအဖြစ် အမှုတွဲနေတာကြောင့် ရဟန်းကောင်းများက မခံမရပ်နိုင်ဖြစ်ပြီး “ဘုရားကို အဲလိုမစွပ်စွဲပါနဲ့၊ ဘုရားက အဲလိုမဟောကြားဘူး၊ ဘုရားကိုစွပ်စွဲတာ မကောင်းပါဘူး” စသည်ဖြင့် တရားပြ နားချကြပေမယ့် လုံးဝမရပါဘူး။နောက်ဆုံးမှာတော့ ဘုရားကိုယ်တိုင် စစ်ဆေးမေးမြန်းပြီး အရိဋ္ဌကို လူပုံအလယ်မှာ ကဲ့ရဲ့ရှုတ်ချတော်မူတာပါ။“အပ္ပသာဒါ ကာမာ ဝုတ္တာ မယာ ...
သတင်း
“ အောင်သာယာရပ်ကွက် နဂါးနီစုဘူးအသင်း ဆန်း/ဆီ အလှူတော်”
1.6.2020 ရက်နေ့၊ မနက် ၁၀း၀၀နာရီ၊ အောင်သာယာ မဘသရုံးစိုက်ရာ ၄၅×၄၇ လမ်း၊ မြတ်လေးလမ်းနှင့် ဂန္ဓမာလမ်းကြား ရတနာသိဒ္ဓိကျောင်းတိုက်မှာ လှူဒါန်းပါတယ်။ အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်တဲ့ အောင်သာယာရပ်ကွက်ရှိ နဂါးနီစုဘူး(အမှတ်-၆) အသင်းဝင် (၁၅၁)ဦးတို့အား အသင်းမှ ဆန်(၄)ပြည်နှင့် ဆီ(၁)ပိဿာစီ လှူဒါန်းထောက်ပံ့တာ ဖြစ်ပါတယ်။ အသင်းတာဝန်ရှိသူများဖြစ်ကြတဲ့ နာယကဆရာတော် အရှင်ဇဝန၊ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ စာရင်းစစ် ဒေါ်တင်တင်စန်းနှင့် အောင်သာယာရပ်ကွက် စုဘူးတာဝန်ခံ အီးစီများက ကြီးကြပ်စီမံ လှူဒါန်းကြတာဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် အောင်သာယာ နဂါးနီစုဘူးအသင်းဟာ အမှတ်(၆)စုဘူးဖြစ်ပြီး ...