သတင်း

‘‘ မစိုးရိမ်တိုက်သစ် ရှင်သာမဏေများ အလှူတော် ’’

‘‘ မစိုးရိမ်တိုက်သစ် ရှင်သာမဏေများ အလှူတော် ’’
=====================================

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ မစိုးရိမ်တိုက်သစ်၌ ၀ါဆိုဝါကပ်တော်မူကြသော သံဃာတော်ပေါင်း တစ်ထောင့်ရှစ်ရာကျော်ရှိရာ ရှင်သာမဏေ (ကိုရင်) များက နှစ်ရာကျော် ရှိပါသည်။

ထိုနှစ်ရာကျော်သော ကိုရင်လေးများအား ယနေ့မှစ၍ အလှူဒါနပြုလုပ်၍ ထောက်ပံ့လှူဒါန်းသူ ပါရမီရှင်များ ပေါ်ပေါက်လာပါသည်။ ထိုအလှူရှင်များက ကိုရင်လေးများ လတ်တလောလိုအပ် လျက်ရှိသော ခြင်ထောင်၊ သင်္ကန်း အစရှိသော လှူဖွယ်ဝတ္ထုများကို စာရင်းကောက်၍ လှူဒါန်းကြပါသည်။

ယခုအကြိမ်သည် ပထမအကြိမ်ဖြစ်ပြီး ကိုရင်အပါးသုံးဆယ်ရှိကာ၊ ဒုတိယအကြိမ်ကို တော်သလင်းလတွင် ဆက်လက် လှူဒါန်းသွားမည်ဖြစ်၍ အပါးစေ့လှူနိုင်သည်အထိ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

အလှူရှင် မိသားစုများ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ…………။