ဆောင်းပါး

“သိက္ခာမဲ့သော နိုင်ငံရေးပြည့်တန်ဆာ”

“သိက္ခာမဲ့သော နိုင်ငံရေးပြည့်တန်ဆာ”

သင်္ဃန်းဖြူဆရာတော်

(12.8.2021 ရက်နေ့ထုတ် အတွဲ(၂) အမှတ်(၃၄) Golden Hand ဂျာနယ်မှ ကူးယူဖော်ပြသည်။)

          ရှစ်လေးလုံးအရေးအခင်းကြီး ဖြစ်ပွားချိန်၌ စာရေးသူက ကျင့်မြတ်သိက္ခာ တစ်ဝါသာရသေးသည့် ရဟန်းခံပြီးခါစ ရဟန်းသစ်လေးဖြစ်၏။ နိုင်ငံရေးဆိုသည်ကို တစ်လုံးတစ်ပါဒမျှ မသိနားမလည်သေးသည့်အပြင် ဒီမိုကရေစီဟူသော ၀ါဟာရကိုလည်း ထိုအခါမှသာ စတင်ကြားဖူးခြင်းဖြစ်၏။ ဒီမိုကရေစီဆိုသည်ကို ဘာမျှမသိ ဘဲ “ဒီမိုကရေစီရရှိရေး တို့အရေး”ဟု ကြွေးကြော်သံတိုင်ပေးခဲ့သည်ကိုလည်း မှတ်မိနေသေး၏။ နေ့စဉ် စီတန်း လှည့်လည် ဆန္ဒပြပြီးသည့်အခါတိုင်း လေးမျက်နှာကွင်း သာသနာ့ဗိမာန်ဘေးတွင် စုဝေးကာ ဟောပြောပွဲ ကျင်းပခဲ့ကြ၏။ ထိုအခါ၌ ပွဲထိန်းလုပ်လျက် မိန့်ခွန်းများကို နားထောင်ဖြစ်၏။ နိုင်ငံရေးပညာရှင်အသီးသီးကား ဟောပြောမှု ကျွမ်းကျင်ပိုင်နိုင်၏။ စာရေးသူ၏ နိုင်ငံရေးမျက်စိ စတင်ပွင့်လင်းခဲ့ရပေသည်။ ရှစ်လေးလုံး ဆရာ-ဆရာမများ အားလုံးကား စာရေးသူ၏ နိုင်ငံရေးကျေးဇူးရှင်များပင်တည်း။

မိမိကိုယ်ကိုယ် ရှုံ့သောနှာခေါင်း

          စာရေးသူသည် အောင်စုတင်ကို အားပေး၏။ NLD ကို ထောက်ခံ၏။ ခမောက်တံဆိပ်ကို ရူးသွပ်ခဲ့၏။ စာရေးသူ၏ စံပြခေါင်းဆောင် (Role Model) မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်၏။ ထိုစဉ်က စာရေးသူသည် ပထမကြီးတန်း စာသင်သားရဟန်းတော်တစ်ပါးသာ ဖြစ်ပါသည်။ စာရေးသူသီတင်းသုံးရာ မိခင်စာသင်တိုက် ကား စည်းကမ်းလွန်စွာ ကြီးမားပါသည်။ ရေဒီယို၊ တိပ်ခွေ နားထောင်ခွင့်မရှိပါ။ စာရေးသူတို့က ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းများကို ခိုး၍နားထောင်ကြပါသည်။ တစ်နေ့သောအခါ ဆရာတော် သိသွားပါသည်။ တံခါးကို တွန်းဖွင့်ကာ ကျောင်းဆောင်ထဲထိ ၀င်လာပါသည်။ စာရေးသူတို့က ခုတင်အောက်သို့ ကိုယ်စီဝင်ပုန်းနေကြပါ သည်။ ခရမ်းချဉ်သီး မီးရောင်ခေတ်ဖြစ်၍ ဆရာတော်က စာရေးသူတို့ကို မမြင်ရပါ။ တံခါးဝမှာ ရပ်တော်မူလျက် အော်ဟစ်ဆူပူ ကြိမ်းမောင်းသွားပါသည်။ နောက်တစ်နေ့ည ဘုရားဝတ်တက်ပြီးသောအခါ ဆရာတော်က သြ၀ါဒပေးစဉ် စည်းကမ်းထပ်၍ထုတ်ခဲ့ပါသည်။ “နိုင်ငံရေးတရားဆိုရင် အောင်ဆန်းစုကြည်မပြောနဲ့ ဘုရား ဟောရင်တောင် နားမထောင်ရဘူး”ဟူ၍ ဖြစ်ပါသည်။

          အဆူခံထိခဲ့ရသော မိန့်ခွန်းကား ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်မကျမီ ပွဲကြမ်းထားသော မိန့်ခွန်းအခွေ ဖြစ်ပါသည်။ ရေဒီယို၊ ကက်ဆက် နားထောင်ခွင့်မရှိသည့်အခါ ဓာတ်ပုံ၊ ပိုစတာ များ၊ ရင်ထိုးများနှင့် စာအုပ်စာစောင်များကို အားပေးဖြစ်ပါသည်။ စာရေးသူတို့ သူငယ်ချင်းတစ်စု ကျိုက်ထီးရိုး ဘုရားဖူးထွက်သည့်အခါ လွယ်အိတ်ကိုယ်စီတွင် ရင်ထိုးကိုယ်စီ တပ်ဆင်ထားကြပါသည်။ စာရေးသူ့လွယ်အိတ် က အနီရောင်လွယ်အိတ်၊ ကိုင်းကအနက်ရောင်ဖြစ်ရာ လွယ်အိတ်ကိုင်းနှင့် ဘေးအိတ်များတွင်ပါ ဒေါ်အောင် ဆန်းစုကြည်၏ ရုပ်ပုံလှလှလေးများ တပ်ဆင်ထားပါသည်။ ခါးပိုက်နှိုက်များကား လက်တည့်စမ်းသည်လော၊ အမှန်တကယ် မြတ်နိုးသည်လော မပြောတတ်ပါ။ လိုင်းကားတစ်ခါစီးလျှင် ရင်ထိုးနှစ်ခု၊ သုံးခု ပျောက်သွားတတ် ပါသည်။ ကျောက်တန်းသို့ သင်္ဘောဖြင့်သွားသည့်အခါ စာရေးသူ၏လွယ်အိတ်ကိုကြည့်ပြီး ဒါယကာတစ်ဦးစ၊ နှစ်ဦးစက လက်ညှိုးထိုး၍ မေးတတ်ပါသည်။ “အဲဒါ ဘာတွေလဲ၊ ဘာလုပ်တာလဲ”ဟူ၏။ စာရေးသူက လက်မ ထောင်ပြကာ “အားပေးတာ၊ ထောက်ခံတာလေ”ဟု ဖြေဆိုသည့်အခါ ထိုဒါယကာကြီးများက “ရူးပါ့”ဟု ပြော ကာ အထင်သေးသည့်အမူအရာများ ပြသသွားပါသည်။ ထိုစဉ်က မိမိကိုယ်ကိုယ်မိမိ အဟုတ်ကြီးထင်ခဲ့မှုများ သည် ယခုအခါ၌ ထိုဒါယကာကြီးများရှုံ့သော နှာခေါင်းထက် အဆမတန် များပြားစွာ ပို၍ရှုံ့နေလေတော့၏။ မိမိကိုယ်ကိုယ်မိမိ ရွံသောနှာခေါင်းတည်း။

သံဃာတော်များမလာရဲသည့် တရားပွဲ

          စာရေးသူ ကျောက်ဆည်မြို့မှ မန္တလေးမြို့သို့ စာသင်ထွက်ခဲ့ပြီးနောက် ရန်ကုန်သို့ စာမေးပွဲလာဖြေ သည့်အခါတိုင်း၌ ၅၄ ခြံရှေ့ ရောက်ခဲ့ပါသည်။ စနေ၊ တနင်္ဂနွေ တရားပွဲများ၌ စာရေးသူက ရှေ့ဆုံးမှ နားထောင် ၏။ သံဃာဟူ၍ ရှားရှားပါးပါး ဤတစ်ပါးသာတွေ့မြင်ရ၍ နိုင်ငံခြားသတင်းထောက်များက စာရေးသူကိုသာ သဲကြီးမဲကြီး မှတ်တမ်းရိုက်ယူနေကြ၏။ စာရေးသူလည်း ရိုက်ကူးသည့်ရည်ရွယ်ချက်ကို မခန့်မှန်းတတ်၍ သင်္ကန်းခြုံကာ နားထောင်နေရ၏။ သဘောကျသည့်အခါ၌ အားပါးတရ လက်ခုပ်တီးမိတတ်ရာ သင်္ကန်းက ခေါင်းပေါ်မှ ပြုတ်ကျသွားလေ့ရှိပါသည်။ အခွင့်ချောင်းနေသော သတင်းထောက်များက ထိုအချိန်မျိုးကိုရွေး၍ အမိအရ ရိုက်ယူကြလေတော့၏။ ဒေါ်စုပြောသမျှကို တစ်လုံးချင်းစီ ဘာသာပြန်ပြနေသော မြန်မာဂိုက်များ လည်း စာရေးသူ၏ဘေးနားတွင် များပြားစွာရှိနေကြပါသည်။ နိုင်ငံခြားသူမကြီးက လစ်လျှစ်လစ်သလို စာရေးသူ ကို ခိုးရိုက်လိုက်၊ ဘာသာပြန်ပြသည်ကို နားထောင်လိုက်နှင့် စာရေးသူ၏ လက်ျာဘေးတစ်ယောက်ကျော်တွင် အလစ်ချောင်းနေ၍ ပိုဆိုးပါသည်။ တစ်ပါးတည်းခိုးထွက်၍ နားထောင်ပြီးပြန်အလာ သူငယ်ချင်းများကို ပြောပြ သည့်အခါ သူတို့လည်း လိုက်ကြမည်ဆို၍ တနင်္ဂနွေနေ့တွင် သူငယ်ချင်းများနှင့်အတူ ဟောပြောပွဲသို့ ရောက်ခဲ့ ပြန်ပါသည်။ ထိုစဉ်က ရန်ကုန်သံဃာတော်များ မလာဝံ့ကြပါ။ ထောက်လှမ်းရေးက တိုင်ကြားသဖြင့် တာဝန်ရှိ ဆရာတော်ကြီးများက အမိန့်ထုတ်ထားသောကြောင့်ဖြစ်၏။ စာရေးသူတို့ သွားသည့်အခါလည်း တည်းခိုရာ ကျောင်းတိုက်ကို ထောက်လှမ်းရေးမသိအောင် မျက်လှည့်ပြခဲ့ရပါသည်။ သူငယ်ချင်းများနှင့် နားထောင်ရသည့် အခါ ပို၍စိတ်တက်ကြွလာ၏။ “မန္တလေးဆို ပိုစည်မှာကွ”ဟု သူငယ်ချင်းတစ်ပါးက ပြောလေ၏။ ထိုသူငယ်ချင်း များတွင် ယခုအခါ စာရေးသူနှင့်အတူ အမျိုးသားရေးဆောင်ရွက်နေသည့် မစိုးရိမ်တိုက်ကြီးမှ ညီတော်မောင် တစ်ပါးလည်း ပါဝင်ပေသည်။

မန်ယူနှင့် NLD အိုးဘိုမှာ ပွဲကြမ်းပြီ

          စာရေးသူ အိုးဘိုရောက်သည့်အခါ၌ မြစ်ကြီးနားထောင်မှ ပြောင်းရွှေ့လာသော ၈၈ ကျောင်းသားကြီး များအဖွဲ့ဝင် ကပတ (ကျောက်ပန်းတောင်း) သားကြီးနှင့် နံနက်တိုင်း နိုင်ငံရေးဆွေးနွေးလေ့ရှိပါသည်။ ကပတ သားကြီးကား နိုင်ငံရေးလေ့လာမှု အားကောင်းသည့်အလျောက် နိုင်ငံရေးသုံးသပ်ရာ၌လည်း အစွဲကင်း၍ ဓမ္မ ဓိဋ္ဌာန်ကျစွာ သုံးသပ်တတ်သူ ဖြစ်ပေသည်။ သူက အစွဲကင်းကင်းနှင့် အမှားကိုထောက်ပြ၊ စာရေးသူက အစွဲ တန်းလန်းနှင့် အားနည်းချက်များကို ဖာထေးဖြင့် အမြင်ကွဲလွဲရာမှ စိတ်ဝမ်းကွဲသည့်အဆင့်ရောက်ကာ နပန်းလုံး ရမည့်အဆင့်ထိ အပြင်းအထန် ငြင်းခုံခဲ့ရဖူးလေ၏။ အထူးသဖြင့် ဂျွန်ယက်တောအရေးမျိုးပေတည်း။ စာရေးသူ နှင့် ငြင်းခုံရသည်မှာ လူသိရှင်ကြား မဟုတ်သော်လည်း မိုးကုတ်သားကြီး (ယခု-မိုးကုတ်အမတ်ကြီး) နှင့်ကား နောင်ချိန်ပလေးမည့်အဆင့်သို့ ရောက်ခဲ့ရလေ၏။ မကသားကြီးက စာရေးသူထက် အဆရာထောင်မက အစွဲ ကြီး၏။ မန်ယူနှင့် NLD ထိလျှင် လုံးဝလက်မခံ။ ကပတသားကြီးက NLD ကို ပယ်ပယ်နယ်နယ် ဝေဖန်၏။ ထထိုးကြတော့မည့် အခြေအနေသို့ ရောက်ခဲ့သည့်အဖြစ်ကား “မန်ယူတော်လို့ ဖလားရတာမဟုတ်ဘူး။ ချယ် ဆီး ကိုယ့်ဂိုးကိုယ်ရှူးလို့ ဖလားရတာ”ဟူသော စကားပင်တည်း။ “ဂျွန်ယက်တောအရေးမှာ န၀တတော်လို့ စစ်အာဏာရှင်စနစ် ခိုင်မြဲတာမဟုတ်ဘူး။ NLD ညံ့လို့ အာဏာရှင်သက်ဆိုးရှည်တာ”ဟု ဆိုလိုခြင်းဖြစ်၍ မက သားကြီးခမျာ မန်ယူလည်းထိ၊ NLD လည်းထိသဖြင့် မခံမရပ်နိုင်ဖြစ်ကာ မတ်တတ်ရပ်၍ ထထိုးမည့်ဟန် ဖြစ်ပါ လေတော့၏။ ၈၈ နှင့် NLD ကျော်မကောင်း၊ ကြားမကောင်း ဖြစ်မည်စိုး၍ စာရေးသူကပင် ကပတသားကြီးကို ရင်ချင်းအပ်၍ တင်းကျပ်စွာဖက်ထားကာ မကသားကြီးနှင့်ဝေးရာသို့ ခေါ်ခဲ့ရလေတော့၏။ ကပတသားကြီးခမျာ ဒေါသဖြင့် ပြန်အော်ရင်း စာရေးသူခေါ်ဆောင်ရာသို့ ယက်ကန်ယက်ကန်ဖြင့် နောက်ပြန်ကြီးလှမ်း၍ ပါခဲ့ရလေ တော့၏။ အဝေးရောက်မှ သတိရသွားကာ စာရေးသူအား “လွှတ်စမ်းပါ”ဟု အော်ငေါက်လေတော့၏။ စာရေးသူ လည်း ပဲလှော်ကြား ဆားညပ်ကာ ငန်ငြိငြိ ပူစပ်စပ်အရသာများ ခံစားလိုက်ရလေတော့၏။ စာရေးသူ သောက် နေကျ ရေနွေးမတ်ခွက်လေးလည်း ကွဲသွားခဲ့လေသည်။ ထောင်ထဲသို့ မတ်ခွက်တစ်လုံးရောက်ရန် မလွယ်ကူ သောခေတ်ဖြစ်၍ နှမြောတသ ဖြစ်ခဲ့ရလေသည်။ ကပတသားကြီး ပြောမည်ဆိုလျှင်လည်း ပြောစရာပင်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သက်တမ်း နှစ်တိုးရန်ခက်နေသည့်အချိန်၌ ဂျွန်ယက် တောအရေး ပေါ်ပေါက်လာသဖြင့် စစ်အစိုးရ အကြိုက်တွေ့သွားခြင်းဖြစ်၏။

နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ

          ဂျွန်ယက်တောအရေး၌ ဒေါ်စုက အင်းစိန်အချုပ်သူ၊ စာရေးသူက အိုးဘိုအကျဉ်းသား၊ ဒေါ်စု ရုံးထုတ် သတင်းများ ဖတ်ရသည့်အခါတိုင်း စာနာစိတ်များ တဖွားဖွားပေါ်လာလေ့ရှိ၏။ ထိုဝေဒနာများကို လုံးဝချုပ်တည်း ၍ မနိုင်တော့သည့်အဆုံး၌ ဒေါ်စုထံသို့ အိတ်ဖွင့်ပေးစာများ ရေးခဲ့မိလေတော့၏။ ဘောလ်ပင်နှင့် စာရွက်ကိုင် ခွင့်မရှိသောခေတ်၌ ကြံဖန်ရှာဖွေ ဖန်တီးရေးသား၍ လျှို့ဝှက်ခက်ခဲစွာ သိမ်းဆည်းထားရကာ သည်းထိတ်ရင်ဖို အပြင်ထုတ်ခဲ့ရခြင်းဖြစ်၏။ ထိုစာများကို မည်သည့်ဂျာနယ်ကမျှ မထည့်ရဲသည့်အခါ စာရေးသူ ကျောင်းပြန် ရောက်လာသည့်အခါမှ စုစည်း၍ စာအုပ်ထုတ်ခဲ့ရလေ၏။ စာအုပ်အမည်က “သဖန်းပင်ပေါ်က နှလုံးသား” ဖြစ်၍ မွေးမေထံသို့ အေးစေသံ အိတ်ဖွင့်ပေးစာများ ပါဝင်ပေသည်။ အကျဉ်းကျနေသော သားဖြစ်သူက အချုပ် ကျနေသော မိခင်တစ်ဦးထံ ရေးသားသည့်စာများအသွင် ပုံဖော်ထားခြင်း ဖြစ်ပါသည်။ ထိုစာအုပ် ထုတ်သော အချိန်၌ ကပတသားကြီးခမျာ လူ့ပြည်၌ မရှိရှာတော့ပြီ။ မိသားစုအရေးကြောင့်လောမသိ၊ အရက်အလွန်အကျွံ သောက်ရာမှ အသက်သေဆုံးရသည့်အဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်၏။ နာရေးအကူငွေ ထည့်လှူရုံမှလွဲ၍ မည်သို့မျှ မတတ်နိုင်ခဲ့ပါပေ။ ကပတသားကြီးသည် ဒီမိုကရေစီစစ်စစ် တော်လှန်ရေးသမား ဖြစ်သည့်အလျောက် နိုင်ငံရေးကိုသုံးသပ်ရာ၌ လွတ်လပ်သန့်ရှင်းစွာ သုံးသပ်လေ့ရှိ၏။ ဒေါ်စုကို ဒီမိုကရေစီခေါင်းဆောင်အဖြစ် လက်ခံသော်လည်း ဒေါ်စုလုပ်သမျှ ထောက်ခံရမည့်ပုံစံမျိုးကို လုံးဝလက်မခံ။ “ဘာတွေ လျှောက်လုပ်နေမှန်း လည်း မသိဘူး”၊ “သူလုပ်သမျှ ထောက်ခံရမဲ့ ပုံစံမျိုးကြီး”၊ “သူ့ကြောင့် အာဏာရှင် သက်ဆိုးရှည်တာ”ဟု မကြာခဏပြောလေ့ရှိ၏။ သူလွတ်လာသည့်အခါ သူ့အဖွဲ့သားများနှင့် သဘောထားတိုက်ဆိုင်ပုံမရသော်လည်း ဒီမိုကရေစီသဘောတရားအရ များရာကို ဦးစားပေသည့်သဘောပင်။ သူ့အသံ လုံးဝမကြားရတော့ပေ။

ဒေါ်စုခရေစီ ရဟန်းတော်တစ်ပါး

          စာရေးသူကို နိုင်ငံရေးမျက်စိ ဖွင့်ပေးသူများကား ရှစ်လေးလုံးအရေးတော်ပုံမှ နိုင်ငံရေးပညာရှင်များဖြစ် ပြီး နိုင်ငံရေးအမြင် ရှင်သန်ကြီးထွားစေသူမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လေသည်။ နိုင်ငံ ရေးအမြင် ကျယ်ပြန့်သည်ထက် ကျယ်ပြန့်စေသူများကား နိုင်ငံရေးစာပေပညာရှင်များနှင့် အထွေထွေစာပေ ပညာရှင်များ ဖြစ်ပေသည်။ အိုးဘိုကို ဘ၀တက္ကသိုလ်ဟုဆိုလျှင် စာရေးသူသည် နိုင်ငံရေးသိပ္ပံမေဂျာဖြင့် Ph.D ဘွဲ့ ရရှိခဲ့သည့် နိုင်ငံရေးပါရဂူတစ်ပါး ဖြစ်ပေမည်။ အိုးဘို၌နေရစဉ်အတွင်း နိုင်ငံရေးမဆွေးနွေးသောနေ့၊ နိုင်ငံ ရေးသတင်းနှင့် နိုင်ငံရေးစာပေများ မဖတ်ရှု မလေ့လာသည့်နေ့ဟူ၍ လုံးဝမရှိခဲ့ပါ။ နိုင်ငံရေးသမားများ အကြောင်းကိုလည်း ခရေစေ့တွင်းကျဟု ဆိုရလောက်အောင် အတွင်းရော၊ အဆင်းပါ သိအောင်လုပ်ထားခဲ့ပါ သည်။ ပိဋကတ်စာပေကို ဖတ်ရသဖြင့် ဘုရားအလောင်းတော်ကို ကြည်ညိုလေးစားမိသကဲ့သို့ လွတ်လပ်ရေး အကြောင်း ဖတ်ရသည့်အခါတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းကို အားကျမိသူ ဖြစ်ပါသည်။ ဤမှာဘက်ခေတ် တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများတွင် စီးမျောခဲ့ခြင်း၊ သူ၏တော်လှန်ရေးစိတ် ဓာတ်ကို လေးစားမိခြင်း၊ သူ၏ပေးဆပ်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုကို ကြည်ညိုမိခြင်း၊ သူ၏ခေါင်းဆောင်မှုကို အပြည့်အ၀ယုံကြည်ခဲ့ခြင်းတို့ကြောင့် ဒေါ်စုခရေစီတစ်ဦး ဖြစ်ခဲ့ရသည့် ရဟန်းတော်တစ်ပါးဟုပင် ခံယူခဲ့ပါသည်။

          သို့သော် … ဤသို့သော်ကား သာမန်မတူညီမှုတစ်ခု မဟုတ်တော့ပါ။ ဆန့်ကျင်ဘက်အဆင့်ထိ ဝေး ကွာခဲ့သည့် သို့သော်ဖြစ်ရပ်ဆန်းတစ်ခုသာ ဖြစ်ပါသည်။

ဂုဏ်နှင့် ဒြပ် မလိုက်ဖက်သော်

(၁)     အမှန်အားဖြင့် သူသည် လူထုခေါင်းဆောင်ဟု အမွှမ်းတင်ခံရသော်လည်း ခေါင်းဆောင်ကောင်း မပီသ ပါ။ ခေါင်းရှောင်သူတစ်ဦးသာ ဖြစ်ပါသည်။ ခေါင်းဆောင်လက္ခဏာနှင့် မညီသည့်အရာများတွင် No Rohingya ဟူသော စကားတစ်လုံးကို ယခုထိမပြောသေးဘဲ ဆင်ခြေပေးကာ ရှောင်လွှဲနေခြင်း၊ အမျိုးစောင့်ဥပဒေ မဲခွဲဆုံး ဖြတ်မည့်အရေး၌ ပါတီဝင်များကို ကန့်ကွက်ခိုင်းပြီး သူက လွှတ်တော်မတက်ဘဲ ခွင့်ယူသွားခြင်း စသည်တို့ ကြောင့် သူ့ကို စာရေးသူက လူထုခေါင်းရှောင်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

(၂)     သူသည် “တာဝန်ယူမှု၊ တာဝန်ခံမှု”ကို အမြဲပြောလေ့ရှိပါသည်။ သို့သော် သူကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ခြင်း၊ တာဝန်ခံဖြေရှင်းခြင်း လုံးဝမရှိခဲ့ပါ။ သူကိုယ်တိုင် တာဝန်ယူ၍ ပြည်သူ့အရေး ဆောင်ရွက်သည် ဟူ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတစ်ခုသာ တွေ့ဖူးပါသည်။ မြစ်ဆုံရေကာတာအရေး၌ သူ ဦးမဆောင်ပါ။ အလုပ်သမား၊ လယ်သမားအရေးတွင် သူလုံးဝမပါဝင်ပါ။ ရခိုင်အရေးဆိုလျှင် ယခုအချိန်အထိ ရေငုံနှုတ်ပိတ်နေဆဲပင် ဖြစ်ပါသည်။ ယခုအာဏာသိမ်းပွဲ တရားခံဆိုသည်မှာလည်း သူပင်ဖြစ်ပါသည်။ တာဝန် ယူထားသည့်သူက တာဝန်ခံ မဖြေရှင်းသောကြောင့် အာဏာအသိမ်းခံရခြင်း ဖြစ်ပါသည်။

(၃)     “ပွင့်လင်းမြင်သာမှု”သည် သူ၏လက်သုံးစကားများ ဖြစ်ပါသည်။ သူ့လက်ထက်ရောက်မှ လေဆိပ် အမှောင်ချခံရသည်အထိ ပိတ်လှောင်မှောင်မည်းခဲ့ရပါသည်။ တိုင်းပြည်အချုပ်အခြာအာဏာအတွက် အရေး အကြီးဆုံးကဏ္ဍများ၌ပင် သူ မပွင့်လင်းခဲ့ပါ။ ၀ါကာအူဒင်၊ အိုအိုင်စီအတွင်းရေးမှူးချုပ် အပါအ၀င် နိုင်ငံခြားသား များနှင့် နှစ်ကိုယ်တည်း တံခါးပိတ်ဆွေးနွေးသည်များက အန္တရာယ်အကြီးဆုံး ဖြစ်ပါသည်။

(၄)     သူ့ကို “တရားဥပဒေစိုးမိုးရေးနတ်သမီး”ဟု အမွှမ်းတင်ခဲ့ကြပါသည်။ သူကိုယ်တိုင်ကလည်း မျက်စိကို အ၀တ်စည်း၍ ချိန်ခွင်ကိုင်တွယ်နေပုံကို ပုံစံပြကာ ဘက်မလိုက် အမှန်တရားအဖြစ် အမြဲဟောပြောလေ့ရှိပါ သည်။ သူ့လက်ထက်ရောက်မှ ဥပဒေကို ငယ်ကျွန်ကဲ့သို့ သဘောထားကာ တရားရေးကို သွန်လိုသွန်၊ မှောက် လိုမှောက် လုပ်နေပါတော့သည်။

(၅)     သူသည် “လူ့အခွင့်အရေးမယ်တော်”ဘွဲ့ ရရှိထားသူဖြစ်ပါသည်။ သူ့လက်ထက်ရောက်မှ မြန်မာပြည်သူ များသည် ဖေ့စ်ဘုတ်လွတ်လပ်ခွင့်လေးကိုပင် မရရှိကြတော့ပါ။

(၆)     သူသည် “မြန်မာ့ဒီမိုကရေစီခေါင်းဆောင်”အဖြစ် ထင်ရှားသူဖြစ်ပါသည်။ သူ့လက်ထက်ရောက်မှ မြန်မာ ပြည်၌ ဒီမိုကရေစီများ ပျောက်ဆုံးသွားခဲ့ရပါသည်။ သူ့ပါတီတွင်း၌လည်း ဒီမိုကရေစီမရှိပါ။ သူ့အစိုးရအဖွဲ့ အတွင်း၌လည်း ဒီမိုကရေစီမရှိပါ။ ပြည်သူများထံတွင်လည်း ဒီမိုကရေစီမရှိပါ။ သူတစ်ဦးတည်း ဒီမိုကရေစီကို မယ်ပိုင်စီးကာ ထည်လဲသုံးနေသူ ဖြစ်ပါသည်။

(၇)     သူသည် “ဒုတိယဘုရားသခင်”အဖြစ် အားထားခံရသူ ဖြစ်ပါသည်။ အမှန်အားဖြင့် သူသည် “စေတန်” နတ်ဆိုးတစ်ပါးသာ ဖြစ်ပါသည်။ သူသည် တိုင်းပြည်ကို ကောင်းကျိုးမပြုသည့်အပြင် ဒုက္ခအထွေထွေကိုသာ ဖန် ဆင်းပေးသနားတော်မူခဲ့သောကြောင့် ဖြစ်ပါသည်။

(၈)     သူသည် “ငြိမ်းချမ်းရေးမိခင်” ဘွဲ့ထူးကို ရရှိခဲ့သူဖြစ်ပါသည်။ သူသည် သူပုန်မိခင်သာ ဖြစ်ပါသည်။ သူ့ လက်ထက် ငြိမ်းချမ်းရေးမရသည့်အပြင် ဘယ်ခေတ်၊ ဘယ်အခါနှင့်မျှမတူသော ICJ တရားစွဲခံရခြင်း၊ ယခုထိ သူ့သားသမီးများ အရောင်အသွေးစုံလင်စွာ ရောင်စုံသူပုန်အသွင်ဆောင်ကာ သောင်းကျန်းနေကြဆဲဖြစ်ပါသည်။ ထို့ကြောင့် မြို့တွင်း ဆူပူသောင်းကျန်းသူတို့၏ မိခင်ကြီးအစစ် ဖြစ်ပါသည်။

(၉)     သူ့ကို “ပြည်ထောင်စုမိခင်”ဟူ၍လည်း လော်ဘီလုပ်ပေးသူတို့က လော်ခဲ့ကြပါသည်။ အမှန်တွင်မူ သူ သည် ပြည်ထောင်စုပွဲစားမ အကြီးစားကြီး ဖြစ်ပါသည်။ မှန်ပါသည်။ သူသည် ၂၀၁၅ ရွေးကောက်ပွဲအကြို ကာလ၌ ရခိုင်ပြည်ကို ရောင်းစားရန် စရန်သတ်ကာ စာချုပ်ချုပ်ဆိုခဲ့ပါသည်။ သူ အစိုးရခေါင်းဆောင်ဖြစ်သည့် အခါ ရခိုင်ပြည်ကို အပြီးသတ်ရောင်းစားပစ်ကာ မြန်မာတစ်ပြည်လုံးကို ရောင်းစားရန် စာချုပ်အသစ်ချုပ်ဆိုကာ စရန်သတ်ထားခဲ့ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ယူပြီးလျှင် မြန်မာပြည်ကို အပြီးအပိုင် ရောင်းစားရန် ပြင်ဆင်ထားပါသည်။ ထို့ကြောင့် သူ့ကို ပြည်ထောင်စုပွဲစားမ အကြီးစားကြီးဟု ခေါ်ဆိုရခြင်း ဖြစ်ပါသည်။

အပြောင်းအလဲလား၊ ဗလောင်းဗလဲလား

          စာရေးသူသည် ယခင်က သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ် လက်ခံထားခဲ့ဖူးပါသည်။ ယခုမူ ခေါင်း ဆောင်တစ်ဦးအဖြစ် ဆရာတင်ရန်ဝေးစွ၊ ၀န်းရံခြင်း၊ ထောက်ခံအားပေးခြင်း၊ သဘောတူလက်ခံခြင်းပင် မပြု လုပ်ဝံ့တော့ပါ။ သူသည် တိုင်းပြည်ကို ရောင်းစားနေသူကြီး ဖြစ်သည့်အပြင် ရှေ့စကားနှင့် နောက်စကား မညီ ညွတ်မှုများ၊ အပြောနှင့် အလုပ် မညီညွတ်မှုများက ပြည့်တန်ဆာအသွင် ဆောင်နေသောကြောင့် ဖြစ်ပါသည်။ မှန်ပါသည်။ သူနှင့်အတူ NLD ပါတီ၊ NLD အစိုးရလူကြီးများသည် စကားကို ဗလောင်းဗလဲပြောတတ်ကြပါ သည်။ လုပ်ကိုင်ဆောင်ရွက်ရာ၌လည်း ပရမ်းပတာ အလွန်နိုင်သူများ ဖြစ်ကြပါသည်။

          သူ၏ ဗလောင်းဗလဲစကားများနှင့် ပရမ်းပတာသဘောထားများကို အနည်းအကျဉ်းမျှသာ ပြဆိုပါမည်။

(၁)     “ပြည်သူတွေ ဆင်းရဲနေချိန်မှာ ကားအကောင်းစားကြီးစီးရမှာ ကျွန်မရှက်တယ်”ဟု ပြောခဲ့ဖူးသောသူ သည် “ကျွန်တော်တို့ ထမင်းငတ်နေပါပြီ အမေ”ဟူသောစကားကို နားနှင့်ဆတ်ဆတ် ကြားခဲ့ရသည့်အပြင် စီးပွားရေးကျပ်တည်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် တစ်တိုင်းပြည်လုံး ချွတ်ခြုံကျ နေချိန်တွင် သူသည် ကားအကောင်းစားကြီးနှင့် လမ်းသလားနေခဲ့၏။ သူသာမက သူ့အဖွဲ့သားများကပါ ကျည် ကာကားအပါအ၀င် ကားအကောင်းစားကြီးများနှင့် မင်းမူနေကြ၏။ သူသည် ကားအကောင်းစားစီးရသည်ကိုပင် အားရကျေနပ်တော်မမူသေးဘဲ ပြည်သူ့ဘဏ္ဍာ ချွေးနှဲစာများဖြင့် ရဟတ်ယာဉ်ကြီး ၀ယ်စီးတော်မူခဲ့၏။

(၂)     “ပွင့်လင်းမြင်သာစွာချမပြဘဲ လျှပ်စစ်မီတာခတွေ တက်မယ်လုပ်တာ အာဏာရှင်အငွေ့အသက် မကုန် သေးလို့ပဲ”။ ဤစကားဖြင့် ဦးသိန်းစိန်ခေတ်၌ မီတာခတိုးမြှင့်ကောက်ခံမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့သောသူသည် သူ့လက်ထက်၌မူ လျှပ်စစ်မီတာခကို ဆင်းရဲသားပါမချန် အဆမတန် တိုးမြှင့်ကောက်ပစ်လိုက်လေ၏။ ဦးသိန်း စိန်လက်ထက်က မီတာခတိုးဖို့လုပ်ရာ၌ ဆင်းရဲသားပြည်သူများ မပါဝင်ပါ။ အသေးစား၊ အလတ်စား လုပ်ငန်း ရှင်များမှ အကြီးစားလုပ်ငန်းရှင်များထံမှ အခွန်တိုးကောက်ပြီး ဆင်းရဲသားပြည်သူများကို အလုပ်အကျွေးပြုရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါသည်။

(၃)     “တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် NCA ဆွေးနွေးရာ၌ အလျင်စလို လက်မှတ်မထိုးကြ ပါနှင့်”။ သူသည် နိုင်ငံရေးဣဿာ ကြီးမားပုံရပါသည်။ အပစ်အခတ် ရပ်စဲသည်ပင်ဖြစ်စေ၊ ထာဝရငြိမ်းချမ်းရေး ရယူသည်ပင်ဖြစ်စေ မြန်လေ၊ ကောင်းလေ၊ ယခုရလေ၊ ယခုအကျိုးရှိလေဖြစ်ရမည်ကို လျစ်လျူရှုကာ ဦးသိန်း စိန်လက်ထက် ငြိမ်းချမ်းရေးရသွားမည်ကို မနာလိုတိုရှည်ဖြစ်သည့် စကားများကို ပြောဆိုခဲ့သော်လည်း သူ့လက် ထက်၌ ငြိမ်းချမ်းအောင်မလုပ်နိုင်သည့်အပြင် ဆိုးရွားစွာပင် ပြည်တွင်း၊ ပြည်ပ အန္တရာယ်ကျရောက်လာခဲ့ပေ သည်။

(၄)     “နိုင်ငံတကာအသိုက်အ၀န်းအနေနှင့် အတိုက်အခံထက် အာဏာရအစိုးရနှင့် ပိုပြီးထိတွေ့ဆက်ဆံနေ တာ မဖြစ်သင့်ဘူး”။ ဤစကားသည်လည်း နိုင်ငံရေးမနာလို တိုရှည်ဖြစ်မှုပင်။ ဦးသိန်းစိန်လက်ထက်၌ ကမ္ဘာ့ ခေါင်းဆောင်များသည် ဦးသိန်းစိန်အစိုးရနှင့် လက်တွဲဆောင်ရွက်လျက်ရှိနေသည်ကို ကြည့်မရသောသူသည် မောင်တော်ကို အဆောင်တော်ခေါ်ကာ အနမ်းဖြင့်ကြိုဆိုသည့် နိုင်ငံရေးကြေးစားမအဆင့်ထိ ရောက်ရှိကာ အောက်ကြေးနှင့် ပေါက်ဈေးပေးခဲ့ရသကဲ့သို့ ဖြစ်ခဲ့ဖူးပါသည်။

(၅)     “ပြည်သူလက်မခံဘဲ ကပ်တွယ်နေမည့်သူတွေ မဟုတ်ဘူး”။ ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေးကာလ တွင် ပြောခဲ့သောသူ၊ ၂၀၂၀ ရွေးကောက်ပွဲသို့ရောက်သောအခါ သူကိုယ်တိုင် ဥပဒေကို ဗြောင်ကျကျကျူးလွန် ကာ မဲဆွယ်ခဲ့ပါသည်။ UEC က ပွဲစီစဉ်ပေးသူ ဒိုင်လူကြီးမလုပ်တော့ဘဲ မဲပွဲစားလုပ်ကာ သူအာဏာတည်မြဲရေး အတွက် မဲအရောင်းအ၀ယ်လုပ်နေမှန်းသိလျက် မဲတု၊ မဲလိမ်၊ မဲခိုး၊ မဲလှည့်၊ မဲပွားဖြင့် သူ မရိုးမသားအနိုင်ရခဲ့ မှန်းသိလျက် လွှတ်တော်ဇွတ်ခေါ်၍ အာဏာထပ်ယူရန်သာ အပတ်တကုတ် အားထုတ်ခဲ့ပါသည်။

(၆)     “ဘယ်နိုင်ငံခြား (သား) တိုင်းပြည်ကိုမှ အားမကိုးဘူး။ ပြည်သူကိုပဲ အားကိုးတယ်”။ သူပြောခဲ့ဖူးသည် ကို မှတ်မိနေပါသည်။ ဒေါနှင့်မောနှင့် စိတ်ဆိုးလေဟန်၊ အမျက်ထွက်နေဟန် ရွှေသံတွဲတွင် ပြောခဲ့ခြင်းဖြစ်ပါ သည်။ အာနန်ကော်မရှင်ဖွဲ့သည်ကား အားကိုးခြင်းလော၊ ခိုင်းစားခြင်းလော။ နိုင်ငံခြားသားအကြံပေး သုံးရာ ကျော်ခန့်ထားသည်ကား မွေးစားခြင်းလော၊ အားထားခြင်းလော။ သူမဖြေဆိုဝံ့သော မေးခွန်းများသာ ဖြစ်ပါ မည်။

(၇)     “အစိုးရက ကာကွယ်ပေးရမှာပေါ့။ အစိုးရက မကာကွယ်လို့ ဘယ်သူက ကာကွယ်ပေးရမှာလဲ” (နိုင်ငံ ခြားခရီးစဉ်)

          “အစိုးရမှာ တာဝန်ရှိတယ်” (ပြည်တွင်းမိန့်ခွန်း)။ ပြည်သူများအန္တရာယ်ကျရောက်လာသည့်အခါ အစိုးရ တွင်သာ တာဝန်အပြည့်ရှိကြောင်း ပါတီခေါင်းဆောင်ဘ၀၌ ယုံကြည်ခဲ့သောသူသည် အစိုးရခေါင်းဆောင်ဖြစ် သောအခါ၌ကား “အစိုးရကိုပဲ အားမကိုးနဲ့။ ပြည်သူတွေမှာ အဓိက တာဝန်ရှိတယ်”ဟု ပြောင်းလဲသွားကာ ဗလောင်းဗလဲစကား ဆိုခဲ့ပါလေတော့၏။ ပြည်သူတွေ ကပ်ဘေးသင့်၍ အငတ်ဘေးဆင့်ကာ သေကျေပျက်စီး နေချိန်၌မူ သူသည် အခန်းအပြင်သို့ လုံးဝမထွက်တော့ဘဲ ဗီဒီယိုတော့ရှိုးများဖြင့် ဆုံလည်လေးလှည့်၊ ခေါင်း လေးယမ်းကာ ပြုံးပန်းဝေဆာ ဆရာမကြီးဘ၀ကို ပျော်ပျော်ကြီး လုပ်နေလေတော့၏။

(၈)     သူ အာဏာမရမီက ဦးသိန်းစိန်အစိုးရအား “အဝေဖန်မခံနိုင်ရင် အစိုးရမလုပ်နဲ့”ဟု ပြတ်သားစွာ သတိ ပေးခဲ့၏။ အစိုးရအပေါ် ဝေဖန်မှုများနှင့်ပတ်သက်၍ အစိုးရ၏အခြေအနေကိုကြည့်ကာ ထပ်မံသတိပေးသည့် စကားဖြစ်၏။ အစိုးရဆိုသည်မှာ အဝေဖန်ခံနိုင်ရမည်ဟု ဆိုလို၏။ သို့သော် သူအာဏာရလာသည့်အခါ သူ့ အစိုးရကို ဝေဖန်သူများအား ၆၆၊ ၅၀၅၊ ၁၀၊ ၁၂၄ တို့ဖြင့် ပုဒ်မစုံလင်စွာတပ်ကာ ဖမ်းဆီးအရေးယူနေလေတော့ ၏။ ပုဒ်မ ၁၂၄ ဆိုလျှင် အင်္ဂလိပ်ခေတ်၌ ဆရာတော် ဦးဥတ္တမ၊ ဦးဝိစာရ အမှူးပြုသော မျိုးချစ်မြန်မာ့တော်လှန် ရေးသမားများကို နှိပ်ကွပ်ခဲ့သော ဥပဒေဖြစ်၏။ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း မည်သူမျှ မသုံးတော့ပေ။ အင်္ဂလိပ်မယားဖြစ်သော သူ့လက်ထက်တွင်မှ ပြန်လည်အသက်သွင်းခြင်းဖြစ်၏။ သူကား ကိုလိုနီခေတ်က ဥပဒေကို ပြန်လည်အသက်သွင်းခဲ့သော တစ်ကျော့ပြန် ကိုလိုနီမယားသာတည်း။

(၉)     “ကျောင်းသားတွေ နိုင်ငံရေးလုပ်ခွင့်မပေးတာ ဒီမိုကရေစီမကျဘူး”ဟု သူကိုယ်တိုင် ရပ်တည်ပေးခဲ့ဖူး သော်လည်း သူ့လက်ထက်တွင် ကျောင်းသားနိုင်ငံရေးကို သူ မည်သို့ပြောင်းလဲပစ်လိုက်လေသနည်း။ သူသည် ကျောင်းသားနိုင်ငံရေးကို အားပေးသေးသလော။ နိုင်ငံရေးကျောင်းသားများကို ကြည့်၍ရပါသေးသလော။

(၁၀)    “ဆရာတော်ဘုရားက တပည့်တော်မရဲ့ ဆရာတော်ဘုရားပါဘုရား”ဟု ယခင်က သီတဂူဆရာတော် ကြီးအပေါ် အားထားခဲ့ဖူးသောသူသည် ယခုအခါ သူ့အပေါ်ကျေးဇူးကြီးလှသော သီတဂူဆရာတော်ဘုရားကြီး ကို ပစ်ပယ်ထားကာ ကျေးဇူးကန်းသွားသည်မှာ အဘယ့်ကြောင့်ပါနည်း။

          စသည် စသည် အပုံအပင် အစုံအလင်ရှိသော်လည်း ပရိသတ်ငြီးငွေ့မည်စိုး၍ အမြည်းမျှသာ ရေးသား လိုက်ရပေ၏။ စာရေးသူတို့နယ်ပယ်တွင် စကားကို ဗလောင်းဗလဲပြောသူ၊ အပြောတခြား အလုပ်တခြား လုပ်သူ များကို “မင်း ယောက်ျားလေးဖြစ်နေလို့ တော်သေးတာ။ မိန်းကလေးသာဆို လင်ကောင်မပေါ်ဘဲ ကလေးတစ် ဒါဇင်လောက် ရမဲ့ကောင်”ဟု ရှုတ်ချစကား ပြောစမှတ်ပြုလေ့ရှိပါသည်။ ဗလောင်းဗလဲနှင့် ပရမ်းပတာ အမြဲဆန် သော သူနှင့် အဖွဲ့သားများစကား ကြားရတိုင်း ထိုစကားကိုကြားယောင်ကာ အမြဲပြုံးနေမိတတ်ပေသည်။

တောင်ပို့မယ်လော ဘုရားလော

          “ဗလောင်းဗလဲ ပရမ်းပတာ ပြည့်တန်ဆာ။

          အင်း … လူ့သိက္ခာကင်းမဲ့တော့ လူ့ပြည့်တန်ဆာ။

          နိုင်ငံရေးသိက္ခာ ကင်းမဲ့တော့ နိုင်ငံရေးပြည့်တန်ဆာ။

          ကိုးကွယ်ကြပေါ့လေ” ဘုရားအဖျက်ခံရ၍ ဒေါသထွက်နေကြသည့် လူအုပ်ကြီးက တိုင်းဖျက်၊ ပြည် ဖျက်၊ သာသနာဖျက်လုပ်ငန်း အကြီးအကျယ်လုပ်နေကြသည်ဟူ၍လည်း ဖြေဆည်တွေးလေး တွေးနေမိပေ သည်။ နိုင်ငံရေးကိုးကွယ်မှု၌လည်း ၀ိပလ္လာသဟူသည် ရှိတတ်သည်ပင်။

          နိုင်ငံရေးဝိပလ္လာသ ပယ်ခွာနိုင်မှ မိမိကိုးကွယ်ရာကို အစစ်အမှန် ဟုတ်-မဟုတ် ခွဲခြားနိုင်ပေမည်။

          အင်္ဂလိပ်စကား ပြောတတ်ခြင်း၊ နိုဘယ်ဆုရရှိခြင်း၊ နိုင်ငံတကာက ချီးမြှင့်မြှောက်စားခြင်း ဤပေတံမျှ ဖြင့် တိုင်းတာတတ်ရုံကား နိုင်ငံရေးစစ်တမ်း မပီပြင်သေးပေ။

          “ဗိုလ်ချုပ်သမီး၊ နေအိမ်အကျယ်ချုပ် နှစ်ပေါင်းများစွာကျခဲ့သူ၊ သားပစ် လင်ပစ် ပြည်သူ့အတွက် လုပ် နေသူ”။ သံယောဇဉ်များ၊ စာနာမှုများကလည်း နိုင်ငံရေးအမြင်ကို ဖုံးလွှမ်းစေမှုတိုးပွားကာ ပုဂ္ဂိုလ်စွဲကိုသာ မြှင့် တင်ပေးနိုင်သည့် မီးလောင်ရာပင့်တတ်သည့် “ပင့်လေ”မျှသာ။

          “သူတော်စင်ပဲ၊ အရိယာပဲ၊ ဘယ်လိုတရားတွေထိုင်ကာ ဘယ်လိုပရိတ်ရွတ်တာ၊ ဘယ်လိုမေတ္တာကြီး မားတာ တွေကရော” ညာ၍ကျော်သည့် ကြော်ငြာကဲ့သို့ လော်၍ကျော်သည့် “လော်ကျော်”အဆင့်သာ ရှိပေ၏။ အမှန်အားဖြင့် လက်တွေ့ဘ၀နှင့် မိုးနှင့် မြေပမာ တခြားစီသာ ဖြစ်လေ၏။ ကုန်ပစ္စည်းကောင်းလျှင် ကြော်ငြာ အားကောင်းစရာ များစွာမလိုအပ်သကဲ့သို့ တော်လျှင် အလိုလိုကျော်မည့် “တော်ကျော်” မဟုတ်သည်ကား အမှန်။

          စာရေးသူအား လူရော၊ ရဟန်းပါ မေးမြန်းလေ့ရှိသည့် မေးခွန်းတစ်ခု ရှိပေသည်။

          “အရှင်ဘုရားက အရင်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့တာပါ။ အခု ဘယ်လိုဖြစ်သွားတာ လဲ”

          “ကျုပ်လည်း အရင်တုန်းက ဘုရားမှတ်ပြီး ကိုးကွယ်ခဲ့တာပဲ။ တောင်ပို့ကြီးမှန်းသိခဲ့ရလို့ ဆက်မကိုး ကွယ်တော့တာ။ ခင်ဗျားတို့က ဘုရားထင်နေရင်လည်း ဆက်ကိုးကွယ်ကြပေါ့”

          စာရေးသူသည် နိုင်ငံရေးကိုးကွယ်မှု မှားခဲ့၏။ ထိုအမှားနှင့်အတူ နောင်တများစွာရခဲ့၏။ မှားမှန်းမသိ သေးသော ဆရာတော်များ၊ ဒါယကာ-ဒါယိကာမများကို တွေ့လျှင်လည်း သနားနေတတ်၏။ သူတို့က မိမိ အပေါ် နှာခေါင်းရှုံ့လျှင် သူတို့ကို ပို၍သနား၏။ စော်ကားမော်ကားပြုလျှင် အသနားဆုံးပင်။ “ဘုရားက သတ္တ၀ါ တွေအပေါ် ကရုဏာသက်တာ ဒါကြောင့်ကိုး။ ဒေ၀ဒတ်လို ဆန့်ကျင်ဘက် သတ္တ၀ါတွေအပေါ်မှာ မေတ္တာမပျက် တာ ဒါ့ကြောင့်ကိုး”ဟုလည်း ဘုရားကို အဖော်ရှာသည့် “ဖော်ရှာတွေး”လေးများ မကြာခဏ တွေးနေမိတတ်၏။ တွေးမိသည့်အခါတိုင်းလည်း ကျိတ်ပြုံးလေး ပြုံးနေမိတတ်ပေသည်။

          အမှန်အားဖြင့် နိုင်ငံရေးအရာ၌ ပြည့်တန်ဆာအဆင့်မျှသာရှိသော ဗလောင်းဗလဲဆန်ပြီး ပရမ်းပတာနိုင် လွန်းလှသည့် မိန်းမကြီးတစ်ယောက်ကို နိုင်ငံ့ခေါင်းဆောင်တင်မြှောက်ကာ အရာရာဖန်ဆင်းပေးလိမ့်မည်ဟူ သော မျှော်လင့်ချက်ဖြင့် ယုံကြည်အားကိုးစွာ ဘုရားလို ကိုးကွယ်သည့်နိုင်ငံဟူ၍ ဤကမ္ဘာတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံတစ်ခုတည်းသာ ရှိလေသတည်း။  ။

သင်္ဃန်းဖြူဆရာတော်

၂၄-၃-၂၀၂၁