သတင်း

“လောကအလင်း ရေအိမ် ရေချိုးခန်း အလှူတော်”

“လောကအလင်း ရေအိမ် ရေချိုးခန်း အလှူတော်”

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)အား အမှူးထား၍၊

အရှင်သုမန(လယ်တွင်း)၊ အရှင်ဝေပုလ္လတို့၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုကိုခံယူကာ

အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း၊ သမီး မခင်ဇာခြည်ဝင်း၊ MKကျောက်မျက် မိသားစုနှင့် ရောဟိနီသံဃဝေယျာဝစ္စအဖွဲ့သားများ ဆောက်လုပ်လှူဒါန်းတာဖြစ်ပါတယ်။

ရေချိုးခန်း ၁ ခန်း၊ ဘိုထိုင်ရေလောင်းအိမ်သာ ၁ ခန်း၊ ရိုးရိုးရေလောင်းအိမ်သာ ၃ ခန်းအပြင် ကွန်ကရစ်လမ်း၊ မီးတိုင်၊ ဘေစင် စသည်ပါဝင်တဲ့ ငါးခန်းတွဲ ရေလောင်းအိမ်သာဖြစ်ပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ဆောက်လုပ်လှူဒါန်းတာပါ။

လောကအလင်းပညာဒါနကျူရှင်ကျောင်းကို ဆရာတော်ဦးဝီရသူ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်းကျူရှင်ကျောင်းဖြစ်ပါတယ်။

အလှူရှင်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေသော်…ဝ်။