Monthly Archives: March 2019

သတင်း

၂၀၁၉ တေရသမဓမ္မသဘင် (ညောင်တုန်း-အလယ်ဆယ်ရွာ)

တပို့တွဲလပြည့်ကျော် ၈ရက် (27.2.2019)ရက်နေ့၊ ည ၇း၀၀ နာရီ၊ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ အလယ်ဆယ်ရွာ၊ ရတနာအောင်မြေကျောင်းတိုက်၊ နိုင်ငံတော်အစိုးရ သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ဓမ္မသာရ၏ ဂုဏဝိသိဋ္ဌပူဇာအကြို ဓမ္မသဘင်။ တပည့်အရှင်ဓမ္မသာရ အစိုးရဓမ္မာစရိယဘွဲ့ ရရှိခြင်းအထိမ်းအမှတ် ပူဇော်ပွဲလေးပါ။ သဟာယကျောင်းမှ ဓမ္မာစရိယအောင်ခဲ့သလို သဟာယကျောင်းမှာပဲ ဆက်လက်နေထိုင်ရင်း ဝီရသူဖောင်ဒေးရှင်းကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ တပည့်ကျော်ရွာသို့ ကုန်းတတန် ရေတတန်သွားရတာက အမှတ်တရတစ်ခုပါပဲ။ တစ်ဦးတည်းသောသားလေးလည်းဖြစ် ရွာမှာလည်း ပထမဦးဆုံး ဓမ္မာစရိယဘွဲ့ရသူလေးလည်း ဖြစ်ပါတယ်။ ရွာဆရာဘုန်းကြီးကတော့ ပျော်တပြုံးပြုံး မော်မဆုံးပါပဲ။ ဒါပေမယ့် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၉၂

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ နန်းရှေ့၊ ဦးသန့်ဇင်+ဒေါ်ခင်မိုး မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (13.2.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (1.3.2019) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း

၂၀၁၉ ဒွါဒသမဓမ္မသဘင် (ရွှေဘို-စဥ့်တုံ)

တပို့တွဲလပြည့်ကျော် ၇ရက် (26.2.2019)ရက်နေ့၊ ည ၇း၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံ(စည်တုံ)ကျေးရွာ၊ ရဟန်းအလှူဒါယကာကြီး ဦးမြင့်ဦး+ ရဟန်းအလှူဒါယိကာမကြီး ဒေါ်ခင်ပြုံး၊ သား ရဟန်းအလှူဒါယကာ ဦးဇော်လင်းထွန်း+ရဟန်းအလှူဒါယိကာမ ဒေါ်ဇာဇာဦး မိသားစုတို့၏ ကံထပ် ရှင်ပြု နားသ အလှူတော်မင်္ဂလာအကြို ဓမ္မသဘင်။ အမျိုးစောင့်ဥပဒေအောင်ပွဲအခမ်းအနား ကျင်းပခဲ့တဲ့ ရွာလေးပါ။ ပြည်ချစ်သားဂျာနယ် အမြဲဖတ်တဲ့ရွာလေးပါ။ မျိုးချစ်ပြည်သူအများစုနေထိုင်ရာ ရွာလေးပါ။ စာရေးသူကို ဂျာနယ်ထဲမှာပဲဖူးဘူးတာ အပြင်မှာ အခုမှပဲဖူးရတယ်ဆိုပြီး ဝမ်းသာအားရ အပြေးအလွှား လာရောက်ဖူးမြော်ရင်း လျှောက်ထားသူကတော့ ရဟန်းအလှူဒါယိကာမကြီး ဒေါ်ခင်ပြုံးပါပဲ။ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၉၁

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ နန်းရှေ့၊ ဦးခင်စိုး+ဒေါ်ခင်ညွန့်ရီ၊ သား ထက်လင်းအောင်၊ သမီး ရည်လွင်အောင်၊ ထိုက်ထိုက်စိုးရီအောင် မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (13.2.2019) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ ...
သတင်း

၂၀၁၉ ဧကာဒသမဓမ္မသဘင် (မတ္တရာ-စကျင်)

တပို့တွဲလပြည့်ကျော် ၄ ရက် (23.5.2019)ရက်နေ့၊ ည ၇း၀၀ နာရီ၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ၊ ခြောက်ဆူကျောင်းတိုက်၊ ခြောက်ဆူကျောင်းဆရာတော် ဘဒ္ဒန္တအာစိဏ္ဏပြုပြင်တည်ထားသော ငွေယားစေတီထီးတော်တင်မင်္ဂလာနှင့် ကျောင်းဆောင်သစ်ရေစက်ချ၊ ဒုတိယအကြိမ် ရဟန်းခံ၊ ရှင်ပြု နားသ၊ သီလရှင်ဝတ်အလှူတော်မင်္ဂလာအကြို ဓမ္မသဘင်။ ဓမ္မဒါနကုသိုလ်ရှင်က စကျင်ကျေးရွာ ကျောင်း ရဟန်းဒါယကာ ဦးအောင်မိုး+ကျောင်း ရဟန်း ဒါယိကာမ ဒေါ်ကြည်ကြည်ဦး၊ သား ကိုရှိုင်းထက်အောင်+မမြတ်သီင်္ဂီ၊ မောင်အေးချမ်းအောင်၊ မြေး ရတီဝတ်မှုံ မိသားစု ဖြစ်ပါတယ်။ ခြောက်ဆူကျောင်းမှာ ခဏနားပါတယ်။ စကျင်ကျောက်တောင်ကြီးကို လေ့လာပါတယ်။ ...
သတင်း

မုဒိမ်းကောင်ကြီး ဖျာပုံမှာသောင်းကျန်းနေ

၂၅-၂-၂၀၁၉ ရက်နေ့မှာ ခရိုင်တရားရုံးက မုဒိမ်းကောင်ကြီး တက်ထားတဲ့ အာမခံ ပြန်ရုပ်သိမ်းစေမှုကို ပယ်ချလိုက်ပါတယ်။ ၂၇-၂-၂၀၁၉ ရက်နေ့မှာ မိန်းကလေးမိသားစုရဲ့ အာမခံ ၄ ဦးက ကြောက်လန့်ပြီး နုတ်ထွက်သွားပါတယ်။ ချက်ချင်း အာမခံမရရင် မိန်းကလေးမိသားစု အချုပ်ထဲ ပြန်ဝင်ရမှာပါ။ ဒီအကွက်ကို မုဒိမ်းကောင်ကြီးက ဖန်တီးလိုက်ခြင်းပါပဲ။ တစ်နေကုန်နီးပါး အပူတပြင်း အာမခံရှာရပါတယ်။ ၄ ဦး သိန်း ၈၀ နဲ့ အာမခံရခဲ့ပါတယ်။ မုဒိမ်းကောင်ကြီး အကြံ မအောင်ပြန်ဘူးပေါ့ဗျာ။ ၂၈-၂-၂၀၁၉ ရက်နေ့မှာ မုဒိမ်းကောင်ကြီးက တရားရုံးလာပြီး ...
သတင်း

၂၀၁၉ ဒသမဓမ္မသဘင် (ချမ်းမြသာစည်-အောင်ပင်လယ်)

တပို့တွဲလပြည့်ကျော် ၃ ရက် (22.2.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ဇီဝိတဒါန၊ သံဃာ့ဆေးရုံ အာဟာရဒါနနှင့် ပရဟိတသွေးလှူအသင်း (၅)နှစ်ပြည့်အထိမ်းအမှတ် ဓမ္မသဘင်။ မန္တလေးမြို့ရဲ့ ရှားရှားပါးပါး တရားပွဲပါ။ တရားမဟောခင် စည်သူမိုဘိုင်း မိသားစုအိမ်မှာ ခဏနားပါတယ်။ အမျိုးသားတွေအတွက် အမျိုးသားတရားတော် ဟောမှာဖြစ်လို့ အမျိုးသားတွေနာယူကြဖို့နှင့် အမျိုးသမီးတွေက အမျိုးသားတွေအပေါ် မရိုမသေလုပ်ရင် ဒီတရားလေးနဲ့ သတိပေးဖို့ တိုက်တွန်းဟောကြားခဲ့ပါတယ်။ ‘မီးသုံးပါးတရားတော်’ ၁။ အာဟုနေယျမီးဆိုတာ၊ မိဘနှစ်ပါးပါ။ မရိုသေသော်သာ အပြစ်ကြီးတာ၊ ရိုသေပါက ...
သတင်း


ဒီနေ့ 1.3.2019 ရက်နေ့မှာ CIDက ကရင်တိုင်းရင်းသူလေး နော်အေးမြတ်သူသားအမိကို ထပ်မံစစ်ဆေးပြီး မရမ်းကုန်းမြို့နယ် မုဒိမ်းအိမ်ရာသို့ ခေါ်သွားပါတယ်။ အခင်းဖြစ်တဲ့နေရာ ပြခိုင်းပြီး တကယ်ဟုတ်မဟုတ် အကဲခတ်တဲ့သဘောပါ။ သမီးနှစ်ယောက်ပဲတွေ့ပါတယ်။ ဖခင်ဖြစ်သူ ခရီးထွက်သွားတာပဲ သိတယ်။ ဘယ်သွားတယ်မသိ၊ ဘယ်ရောက်နေတယ် မသိလို့ ဖြေပါတယ်။ အခင်းဖြစ်တဲ့နေရာကိုသေချာစစ်ဆေးပြီး ပြန်လည်သရုပ်ပြခိုင်းကာ CIDက မုဒိမ်းသမားကြီးဓာတ်ပုံတောင်းပြီး ပြန်လာခဲ့ကြပါတယ်။ ဖာနီတသိုက်ရေးသလို ကလေးမလေးက မဟုတ်မမှန်လုပ်ကြံတာကြောင့် ထပ်မံအဖမ်းခံရတယ်ဆိုတာမျိုး လုံးဝ မဟုတ်ပါ။ မုဒိမ်းကောင်ကြီးသာ တိမ်းရှောင်ဖြီးနေတာပါ။ ကမ္ဘာကျော်အမုန်းခံသမားကြီး 1.3.2019 “မုဒိမ်းကောင်ကြီး တိမ်းရှောင်ဖြီးလေသလော” ဒီနေ့ ...
သတင်း

အမှုမှန်ပေါ်ပေါက်တော့မည်

အေးမြတ်သူသားအမိကို ဒီနေ့(28.2.2019)ရက်နေ့ တစ်နေကုန်နီးပါး CIDက စစ်ပါတယ်။ သားအမိနှစ်ယောက်တည်းသီးသန့် အသေးစိတ်စစ်ဆေးတာပါ။ ဘယ်သူက ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာ ဘာနဲ့ ဘာကို ဘယ်လို ဘယ်ပုံ ပြုကျင့်ပြီး ဘာဖြစ် ဘယ်လိုဖြစ် ဘယ်လိုပြီးဆုံး ဘာတွေဆက်ဖြစ် ဘယ်လိုပြုမူ ဘယ်လိုပြောဆို ဘာကြောင့်အိမ်ပြန် စတာတွေ အကုန်လုံးကို ကလေးမလေးက အတိအကျ အသေအချာ အပိုင်အနိုင် အမှားအယွင်းမရှိ မကြောက်မလန့် မချွင်းမချန် ရှေ့နောက်အညီအညွတ် အဆက်အစပ်မိမိ ဖြေဆိုနိုင်ခဲ့ပါတယ်။ သဘာဝတရားကြီးကတော့ အမှန်တရားဘက်မှာ အပြည့်အဝရပ်တည်နေပါပြီ။ သစ္စာဆိုထားသူကြီးရေ ခင်ဗျားသစ္စာဘယ်လောက်မှန်မလဲ ...