Tag: လောကအလင်း

သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း သားသားမီးမီးများနှင့်အတူ

ဝါခေါင်လဆုတ် ၈ ရက် 15.8.2017 ည 8:00 နာရီမှာ လောကအလင်း ပညာဒါန ကျူရှင်ကျောင်း ရောက်ရှိခဲ့ပါတယ်။ ညဂိုက်တန်းကို နေ့စဉ်ဖွင့်ထားလျက်ရှိပြီး အသစ်အဟောင်း နှစ်တန်းလုံးမှ ကျောင်းသားကျောင်းသူ တစ်ရာကျော်တက်ရောက်ကြပါတယ်။ ဆရာကြီးဦးဝင်းအောင်(သင်္ချာ)အတန်းမဝင်ခင် သားသားမီးမီးတွေနှင့် စကားပြောဖြစ်ပါတယ်။ စာကျက်သူကကျက်နေပြီး သင်္ချာတွက်သူက တွက်နေကြပါတယ်။ အဓိပတိလေးပါးကို အောင်မြင်ကြောင်းတရားလေးပါး ခေါင်းစဉ်နှင့် သြဝါဒပေးခဲ့ပါတယ်။ ဆန္ဒရယ်၊ ဝီရိယရယ်၊ ဇွဲရယ်၊ နည်းစနစ်ရယ်ပါ။ ငယ်စဉ်စာသင်သားဘဝ ရဟန်းသိက္ခာ နှစ်ဝါအရွယ်မှာ ကိုယ်တိုင်စပ်ဆိုခဲ့တဲ့ ဘာမဆိုအောင်ရမည် ကဗျာလေးကို နှုတ်တိုက်ပို့ချပြီး စိတ်ဓာတ်ခွန်အား ဖြည့်ဆည်းပေးခဲ့ပါတယ်။ ပါရမီအလင်းရောင် ပရဟိတ လူငယ်မောင်မယ်လေးများက နှာခေါင်းစီးများ ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း ဂိုက်တန်းဖွင့်လှစ်တဲ့ည

31.7.2017 ည ၇း၀၀ နာရီမှာ လောကအလင်းကိုရောက်ရှိခဲ့ပါတယ်။ မိဘပြည်သူများ တာဝန်ကျကျောင်းကော်မတီဝင်များ၊ လုပ်အားပေး ဆရာ ဆရာမလေးများ ကျောင်းသူကျောင်း သားများ စုံစုံလင်လင်ပါပဲ။ ဆရာတော်ဦးဝေပုလ္လ(Eng) ရောက်မလာခင် သြဝါဒပေးပါတယ်။ စာအုပ်နှင့် စာကို ရိုသေဖို့ လေးစားဖို့ တန်ဖိုးထားဖို့ အဓိကသြဝါပေးခဲ့တာပါ။ စာအုပ်နှင့် စာကို ရိုသေမြတ်နိုး တန်ဖိုးထားတဲ့အတွက်ကြောင့် အမေရိကန်အိမ်ဖော် နီဂရိုးမကြီးရဲ့ သား ကာဆင်နှင့် ရာဇင်တို့ ဒေါက်တာဘွဲ့တွေရရှိပြီး ထင်ရှားကြော်ကြားခဲ့တဲ့အကြောင်းတွေ နည်းယူအားကျလို့ ရအောင် မိန့်ကြားခဲ့ပါတယ်။ လောကအလင်းမှာ ကျောင်းသူကျောင်းသား ၁၇၀ ကျော်ရှိပေမဲ့ ညဂိုက်တန်း ၁၂၅ဦး တက်ရောက်ပါတယ်။ အကြိုအပို့မလုပ်နိုင်တဲ့ ...
မုဒိတာရပ်ဝန်းသတင်းလောကအလင်းပညာဒါနကျောင်း

မုဒိတာရပ်ဝန်း (လောကအလင်း ပညာရေးအလှူ)

ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်း ပညာရေးအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာ၌ လွယ်ကူချောမော၍ အဆင်ပြေ ပြီးမြောက်စေခြင်းအကျိုးငှာ ရန်ကုန်မြို့နေ ဦးငြိမ်းချမ်းသာ (မဟာဝီရ ရသစုံမဂ္ဂဇင်း အယ်ဒီတာ)မှ အလှူငွေ ၁၈၀၀၀၀ိ (တစ်သိန်းရှစ်သောင်းကျပ်) လှူဒါန်းပါသည်။ (၂၈.၇.၂ဝ၁၇) အခုအကြိမ်သည် (၁၂)မြောက်လှူဒါန်းခြင်း ဖြစ်ပါသည်။ ၁။ ၈.၈.၂ဝ၁၆ နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၂။ ၁၄.၉.၂ဝ၁၆ နေ့က (၁၇၀၀၀၀ိ။)ကျပ်၊ ၃။ (၁၅.၁ဝ.၂ဝ၁၆)နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၄။ (၁၈.၁၁.၂ဝ၁၆)နေ့က (၁၇၀၀၀၀ိ။) ကျပ်၊ ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း ညဂိုက်တန်းဖွင့်လှစ်ရေး စည်းဝေးပွဲ(၂)

ဝါခေါင်လဆန်း(၂)ရက် 25.7.2017 မွန်းလွဲ ၁း၀၀ နာရီ လောကအလင်းပညာဒါကျူရှင်ကျောင်းမှာ ဆွေးနွေးပါတယ်။ 31.7.2017 မှာ ညဂိုက်တန်းဖွင့်လှစ်ရေးအတွက် ကျောင်းသား ကျောင်းသူများ ကြို/ပို့စီစဉ်နိုင်အောင် အကျိုးဆောင်ကော်မတီအတွက် အားဖြည့်တဲ့အစည်းအဝေးပါ။ မြရည်နန္ဒာရပ်ကွက် ကွက်စိပ်မှူးကြီး ဦးမြင့်သိန်းနှင့် ကျောင်းကော်မတီ ဦးဝင်းနိုင်တို့ ဦးဆောင်ဆွေးနွေးကြ ပါတယ်။ ကျောင်းသား ကျောင်းသူများ အစစအရာရာ ပညာသင်ကြားရေး ချောမွေ့လွယ်ကူ စေရန် ရပ်ကွက်သူ ရပ်ကွက်သားများ ဝိုင်းဝန်းဆွေးနွေးကြပါတယ်။ လောကအလင်းပညာဒါကျူရှင်ကျောင်းဟာ မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ၅၃ လမ်းနှင့် ယုဇနလမ်းထောင့်မှာ တည်ရှိပါတယ်။ ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း ညဂိုက်တန်းဖွင့်လှစ်ရေး စည်းဝေးပွဲ

ဝါဆိုလ္ဆုတ်(၁၅)ရက် 23.7.2017 ညနေ ၅း၀၀ နာရီ လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။ လောကအလင်း အကျိုးဆောင်ကော်မတီနှင့် မိဘပြည်သူများ ကျောင်းသူကျောင်းသားများ တက်ရောက်ကြပါတယ်။ လာမည့် 31.7.2017 ရက်နေ့မှာ ညဂိုက်တန်းဖွင့်လှစ်တော့မှာဖြစ်လို့ အကြိုအပို့ တာဝန်မယူနိုင်သည့် ကျောင်းသူကျောင်းသားများအတွက် အကျိုးဆောင်ကော်မတီနှင့် ရပ်မိရပ်ဖများက ပညာပါရမီ ကုသိုလ်ယူနိုင်ကြဖို့ ဆွေးနွေးကြပါတယ်။ လောကအလင်းပညာဒါနကျူရှင်ကျောင်းသို့ တက်ရောက်ကြတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ ပြည်ကြီးတံခွန်မြို့နယ်မှ ကျောင်းသူကျောင်းသား အချို့နှင့် ရွာရှည်မှ ကျောင်းသားကျောင်းသူအချို့တို့လည်း ပါပါတယ်။ ရွာရှည်ကျောင်းသူကျောင်းသားနှစ်ဦးအတွက် အကြိုအပို့ကိစ္စ မိဘများနှင့်ဆွေးနွေးဖြစ်ပါတယ်။ ရွာရှည်ဆိုတာ ဆိုင်ကယ်နှင့်သွားလျှင် မိနှစ် ၂၀ အစိတ်ခန့် ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်းကျူရှင်ကျောင်းဖွင့်ပွဲ

ဝါဆိုလဆန်း(၈)ရက် 2.7.2017 မနက် ၉း၀၀ နာရီမှာ ကျင်းပပါတယ်။ မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပတာပါ။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျူရှင်ကျောင်းဖွင့်ပွဲအခမ်းအနားကြီးဖြစ်ပါတယ်။ Fresher(နှစ်တက်)၇၈ဦးရှိပြီး Repeater(နှစ်ဟောင်း)အတန်းက ၉၂ ဦးရှိပါတယ်။ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၇၀ ပါ။ မိဘပြည်သူများနှင့် ကျောင်းအကျိုးဆောင်ကော်မတီဝင်များ ဆရာ ဆရာမများ ဆရာတော်သံဃာတော်များ တက်ရောက်ကြပါတယ်။ စာရေးသူက ကျောင်းသူကျောင်းသားများရဲ့တာဝန်နှင့် မိဘပြည်သူများရဲ့တာဝန်များကို အဓိကထား ပြောပါတယ်။ ကျောင်းသူကျောင်းသားတွေက ကျောင်းမှန်မှန်တက်ဖို့ စာမှန်မှန်ကျက်ဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ နှစ်စကတည်းက ပုံမှန်ကြိုးစားဖို့ ဆရာဆရာမတွေ သင်ကြားပေးတာကို ရိုရိုသေသေသင်ယူဖို့ ဆရာတော်သံဃာတော်တွေ ဆုံးမတာကို ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း၏အောင်မြင်မှု

နယုန်လပြည့်ကျော် ၇ ရက် 16.6.2017 ညနေပိုင်းမှာ လောကအလင်းသို့ ရောက်ရှိခဲ့ပါတယ်။ ကိုးတန်းအောင် ဆယ်တန်းတက် Fresher ကျောင်းသူကျောင်းသားတွေကို ကျောင်းအုပ်ဆရာကြီးဦးမြင့်က မြန်မာစာ စာစီစာကုံးသင်ပေးနေတာ တွေ့ရပါတယ်။ ရောက်တုန်းရောက်ခိုက် စကားပြောဖြစ်ပါတယ်။ ပုံမှန်အလုပ်သုံးမျိုးကို တစ်ခုစီ ရှင်းပြတာပါ။ ၁။ အတတ်ပညာကို ပုံမှန်ပဲ ဆည်းပူးရမယ်။ ၂။ စီးပွားဥစ္စာကို ပုံမှန်ပဲရှာဖွေရမယ်။ ၃။ တောင်တက်တဲ့အခါ ပုံမှန်ပဲတက်ရမယ်။ ၁။ နှစ်စကနေ တက်စရာရှိတာတက် ကျက်ကစရာရှိတာကျက် တွက်စရာရှိတာတွက် ပုံမှန်အလုပ်လုပ်သွားရင် ပြဋ္ဌာန်းစာတွေလည်းကုန်မယ် သဘောတရားတွေလည်းနားလည်မယ် နည်းစနစ်တွေလည်း ကျွမ်းကျင်မယ် မအောင်မြင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်းသြဝါဒ

နယုန်လဆန်း၁၀ရက် 4.6.2017 မွန်းလွဲပိုက်မှာ လောကအလင်း ပညာဒါနစာသင်ကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ တနင်္ဂနွေနေ့ဖြစ်လို့ ကျောင်းသူကျောင်းသားများ စုံလင်ပါတယ်။ ဆရာတော်ဦးဓမ္မသာမိ အင်္ဂလိပ်ဘာသာ သင်ကြားပေးနေတာတွေ့ရပါတယ်။ ကျာင်းသူကျောင်းသားများကို အားပေးစကားပြောပြီ မှန်သုံးချပ် အမြဲထောင်ကြည့်နေဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျာင်းမှန်မှန်တက်ရမယ်။ စာမှန်မှန်ကျက်ရမယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ရမယ် ဒီမှန်သုံးချပ်ပြည့်စုံနေရင် မည်သူမဆိုအောင်မြင်နိုင်တယ် ဆိုတာလေးပါပဲ။ လာကအလင်း ပညာဒါန ဆယ်တန်းသီးသန့် စာသင်ကျောင်းကို စာရေးသူ ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင် ခဲ့တာပါ။ လက်ရှိ Fresherတန်း ကျောင်းသူကျောင်းသား ၇၈ဦးရှိပါတယ်။ လာကအလင်း ပညာဒါန စာသင်ကျောင်း ဆရာ ဆရာမများ ကျောင်းသူကျောင်းသားများ ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်းစာသင်ကျောင်းဖွင့်ပွဲ

၁၃၇၉ ခု ကဆုန်လပြည့်ကျော်(၁)ရက် 11.5.2017 မွန်းလွဲ 1:00 နာရီမှာ ကျင်းပပါတယ်။ ဆရာတော်သံဃာတော်များ ဆရာဆရာမများ ကျောင်းအကျိုးဆောင်ကော်မတီအဖွဲ့သားများ ကျောင်းသား ကျောင်းသူများ မိဘပြည်သူများ တက်ရောက်ကြပါတယ်။ စာရေးသူ သြဝါဒပေးအပြီးမှာ ဆရာ ဆရာမများက မိတ်ဆက်စကား ပြောကြားကြပါတယ်။ ၄င်းနောက် ကျောင်းအကျိုးဆောင်ကော်မတီဥက္ကဋ္ဌ ဦးမိုးအောင်က ဗလာစာအုပ်တစ်ဒါစင်စီ၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ကွန်ပါဘူး တို့ အသီးသီးလှူဒါန်းပါတယ်။ ပရိသတ်အားလုံးကို ပေါင်မုန့်နှင့်အအေး ဧည့်ခံကွေးမွေးပါတယ်။ အခုဖွင့်လှစ်တာက ၉ တန်းအောင် ၁၀ တန်းတက် Fresher သမားတွေအတွက် ဖြစ်ပါတယ်။ အားလုံး ...