Monthly Archives: June 2017

သတင်း

တိုင်းရင်းသားတွေလဲ လူပါပဲဗျာ

ဦးပဉ္စင်းရဲ့ အကောင့် Wira Thu Fb ပြစ်ဒဏ်ထိတာက မေလ ၆ ရက်နေ့မှ ၁၄ ရက်နေ့ မနက်အထိပါ။ ရခိုင်ခရီးစဉ်က မေလ ၃ ရက်နေ့မှ ၈ နေ့အထိပါ။ ရခိုင်ခရီးစဉ်အတွင်းမှာ အပိတ်ခံလိုက်ရတာပါ။ မက်ဆေ့လည်းပို့လို့မရ Like လည်းလုပ်လို့မရ Share လည်းလုပ်လို့မရပါ။ မင်္ဂလာတောင်ညွန့် ဖြစ်တာက မေလ ၉ ရက်နေ့ပါ။ Fb အပိတ်ခံထားရလို့ ချက်ချင်းမသိခဲ့ပါ။ အခင်းဖြစ်ပွားနေချိန်ကျမှ ဖုန်းဆက်လာလို့ သိရတာပါ။ အဓိကရုဏ်းအဆင့်မရောက်အောင် ဝိုင်းဝန်းထိန်းကျောင်းပေးဖို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကို ဖုန်းအကြိမ်ကြိမ်ဆက်ပါတယ်။ ဖုန်းမကိုင်ကြပါ။ မျိုးချစ်အင်အားစုတွေကလည်း ဦးပဉ္စင်းကို ...
သတင်း

အင်အားချိနဲ့နေသော အနောက်တံခါးမှူးများ(၁)

3.5.2017 ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်သို့ ရောက်ရှိပါတယ်။ စစ်တွေသို့ ကြွရောက်ကြမည့် သံဃာတော်များနှင့် မျိုးချစ်ဇာနည်များ စံတော်ဝင်ထမင်းဆိုင်မှာ စုစည်းကြပါတယ်။ သံဃာတော်(၁၀)ပါးနှင့် အမျိုးသား(၈)ဦးပါ။ ရန်ကုန်တိုင်း မ.ဘ.သ မှ ဆရာတော်ဦးကလျာဏ၊ ဦးဣန္ဓ၀ုဓ၊ တိုက်ကြီး မ.ဘ.သ မှ ဦးဇနိတ၊ ဦးနေမိန္ဒ၊ မျိုးချစ်သမဂ္ဂမှ ဦးကေတုမာလာ၊ ဦးသုစိတ္တ၊ ဦးတေဇဝန္တ၊ အဓမ္မဝါဒတိုက်ဖျက်ရေးနာယက ဦးကေသရ တို့ ပါဝင်ကြပါတယ်။ အမျိုးသားတွေထဲမှာတော့ ဝီရသက်မျိုးဦးနှင့် ဓမ္မဝံသာနုအဖွဲ့သားများ၊ မျိုးချစ်ဇာနည်များပါဝင်ကြပါတယ်။ နေ့ဆွမ်းစားအပြီးမှာ ရန်ကုန်လေဆိပ်မှ စစ်တွေသို့ ထွက်လာခဲ့ကြပါတယ်။ မွန်းလွဲပိုင်းမှာ စစ်တွေမြို့သို့ရောက်ရှိပါတယ်။ ရခိုင်လူငယ်အဖွဲ့မှ ကိုဖိုးသားဦးဆောင်သော ဌာနေတိုင်းရင်းသားများ၊ အလိုတော်ပြည့်ဆရာတော် ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၇၆)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ (၇)ရပ်ကွက်နေ ကိုတင်ဦးကြိုင်မှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၂,၄၁၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၆၉,၆၁၅,၅၀၀ (တစ်ထောင့်ခြောက်ရာ့ကိုးဆယ့် ခြောက်သိန်း ...
သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်းစာသင်ကျောင်းဖွင့်ပွဲ

၁၃၇၉ ခု ကဆုန်လပြည့်ကျော်(၁)ရက် 11.5.2017 မွန်းလွဲ 1:00 နာရီမှာ ကျင်းပပါတယ်။ ဆရာတော်သံဃာတော်များ ဆရာဆရာမများ ကျောင်းအကျိုးဆောင်ကော်မတီအဖွဲ့သားများ ကျောင်းသား ကျောင်းသူများ မိဘပြည်သူများ တက်ရောက်ကြပါတယ်။ စာရေးသူ သြဝါဒပေးအပြီးမှာ ဆရာ ဆရာမများက မိတ်ဆက်စကား ပြောကြားကြပါတယ်။ ၄င်းနောက် ကျောင်းအကျိုးဆောင်ကော်မတီဥက္ကဋ္ဌ ဦးမိုးအောင်က ဗလာစာအုပ်တစ်ဒါစင်စီ၊ ခဲတံ၊ ဘောပင်၊ ပေတံ၊ ကွန်ပါဘူး တို့ အသီးသီးလှူဒါန်းပါတယ်။ ပရိသတ်အားလုံးကို ပေါင်မုန့်နှင့်အအေး ဧည့်ခံကွေးမွေးပါတယ်။ အခုဖွင့်လှစ်တာက ၉ တန်းအောင် ၁၀ တန်းတက် Fresher သမားတွေအတွက် ဖြစ်ပါတယ်။ အားလုံး ...
သတင်း

အစစ် အတု

အစစ် အတု ခွဲခြားနိုင်ရန် Follower အရေအတွက်ကို ကြည့်ပါ။ Follower အရေအတွက် မပြည့်ဝလျှင် အတုသာဖြစ်ပါသည်။ ယခုအခါ Wira Thu Page အတုဖြင့် သတင်းများလုပ်ကြံရေးသားနေပါသဖြင့် သတိပေးရခြင်းဖြစ်ပါသည်။ ၀ီရသူ(မစိုးရိမ်) 13.5.2017 PM 5:31    
သတင်း

ဖေ့စ်ဘွတ်ခ်ပရိသတ်ကြီး မင်္ဂလာပါ

ဦးပဉ္စင်းရဲ့အကောင့် ဒီနေ့မှ ပွင့်ပါတယ်။ ဒီမိုကရေစီသမားကြီးတွေကြောင့် အပိတ်ခံထားရတာပါ။ ဖ့စ်ဘွတ်ခ်သုံးစွဲသူအားလုံး လွတ်လပ်စွာ ဝေဖန်ရေးသားနိုင်ကြပါစေ။ အထူးသဖြင့် ဖေးဘုတ်ကြီး လွတ်လပ်ရေးရပါစေ။ ဝီရသူ(မစိုးရိမ်) 12.5.2017 PM 12.:20  
သတင်း

သိက္ခာခြုံမှ လိပ်ပြာလုံမည်”

အစိုးရအဟောင်းပဲဖြစ်ဖြစ်၊ အစိုးရအသစ်ပဲဖြစ်ဖြစ် ပိုင်ဆိုင်မှုလေးချပြဖို့အတွက် အပြန်အလှန် လက်ညှိုးထိုးနေကြတာတွေ့ရပါတယ်။ မရိုးသားလို့ မပြရဲတာလည်း ဖြစ်နိုင်တာပဲ။ ဓားပြတိုက်မှာကြောက်လို့ မပြရဲတာလဲ ဖြစ်နိုင်တာပဲ။ ၀ီရသူကတော့ နှစ်စဉ် ဝင်ငွေ ထွက်ငွေစာရင်း ပြုစုထားပါတယ်ဗျာ။ ၂၀၁၆ ခုနှစ် စာရင်းစာအုပ်လေးပါ။ ဘယ်တရားပွဲက ဘယ်လောက်ရတယ်  ဘယ်ပြည်သူက န၀ကမ္မ ဘယ်လောက်လှူတယ် ဘယ်နေရာမှာ ဘာတွေသုံးစွဲတယ် ဘယ်သူတွေကို ဘယ်လောက်ထောက်ပံ့တယ် စာရင်းအတိအကျရှိပါတယ်။ ကျာထောက်နောက်ခံအဖွဲ့အစည်းရှိတယ်လို့ ထင်မြင်နေကြသူများ ခရိုနီ ခရိုဝါရှိတယ်လို့ ယူဆနေကြသူများ လာရောက်လေ့လာနိုင်ပါတယ်ဗျာ။ ဝီရသူ(မစိုးရိမ်) 13.5.2017 PM 9:31
သတင်း

ရှမ်းပြည်နယ်ခရီးစဉ်(၂)

5.4.2017 ညနေပိုင်းမှာ တောင်ကြီးမြို့ သီတဂူကျောင်းတိုက်သို့ ရောက်ရှိပါတယ်။  တောင်ကြီး မ.ဘ.သ တောင်ကြီးဝံသာနုနှင့် မျိုးချစ်ဇာနည်များ အားပေးကြိုဆိုကြပါတယ်။ တာင်ကြီးခရီးစဉ်ကတော့ တရားပွဲမဟုတ်ပါဘူး။ အပူဇော်ခံသက်သက်ပါ။ တရားပွဲ ငါးညမှာ ဓမ္မဝီရအရှင်တေဇနိယ(မ.ဘ.သ ဗဟို) က နှစ်ညဟောရမှာပါ။ ဓမ္မဝီရအရှင်တေဇနိယဟောကြားမည့် ပထမညမှာ ပူဇော်ပွဲစီစဉ်ထားတာပါ။ စာရေးသူအတွက်တော့ သီးသန့်ကြော်ငြာတွေ ဖြန့်ဝေထားပါတယ်။ လောကအလင်း ပညာဒါန ဆယ်တန်းသီးသန့်စာသင်ကျောင်း နဂါးနီစုဘူး မြန်မာလုပ်သားကယ်ဆယ်ရေး ရခိုင်ပြည်သူစောင့်ရှောက်ရေးအပါအဝင် အမျိုးဘာသာ သာသနာနှင့်ပတ်သက်တဲ့ ပရဟိတလုပ်ငန်းများ အတွက် မ.ဘ.သ ဝံသာနုနှင့် မျိုးချစ်ဇာနည်များက မ တည် လှူဒါန်းပါတယ်။ တရားနာပရိသတ်များကလည်း လှူဒါန်းကြပါတယ်။ စာရေးသူက ပလ္လင်ပေါ်ထိုင်ကာ အပူဇော်ခံရုံ သာဓုခေါ်ရုံပါပဲ။ သူငယ်ချင်းဖြစ်သူ ...
သတင်း

ရှမ်းပြည်ခရီးစဉ် (၁)

5.4.2017 မွန်းလွဲပိုင်းမှာ ဟဲဟိုးလေဆိပ်သို့ ရောက်ရှိပါတယ်။ တာင်ကြီး မဘသ ဆရာတော် ဘဒ္ဒန္တပညာတိက္ခာလင်္ကာရာဘိဝံသ၊ MR TV 4 ဆရာတော် အရှင်ကဉ္စနောဘာသ၊ ဓမ္မဝီရဆရတော် ဒေါက်တာအရှင်တေဇနိယ၊ အောင်ပန်း မစိုးရိမ်ဆရာတော် အရှင်အရိန္ဒမ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ တောင်ကြီး ဝံသာနုရက္ခိတအဖွဲ့ နာယကကြီး ဦးထွန်းတင်နှင့် မျိုးချစ်ဇာနည်များ လာရောက်ကြိုဆိုကြပါတယ်။ လဆိပ်မှာ ခဏနားပြီး တောင်ကြီးသို့ ခရီးဆက်ခဲ့ပါတယ်။ တာင်ကြီးသူ တောင်ကြီးသား အောင်ပန်းသူအောင်ပန်းသား ကလောသူ ကလောသားတို့ ယာဉ်တန်းကြီးဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ ကြိုဆိုရေးပရိသတ်ကိုကြည့်ပြီး ရှမ်းပြည်တောင်ပိုင်းရဲ့ အမျိုးသားရေးစိတ်ဓာတ် နိုးကြားမှုကို ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၇၅)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ဦးဘကြည်+ဒေါ်ကြည်ခင်၊ ဗိုလ်ကြီးတင်မောင်ဝင်း(AGDI ဆောက်လုပ်ရေး၊ အင်ဂျင်နီယာတပ်ရင်း(၄) တိုက်ကြီးမြို့အား ရည်းစူး၍ မြောက်ပြင် ထားဝယ် ၄၄ ကွက် ကဲပါတန်းလမ်းသွယ် နေ ဒေါ်ဝင်းကြည်၊ ဒေါ်ခင်ပြုံး တို့မှ အလှူငွေ (၁၀)သိန်းကျပ် လှူဒါန်းစဉ်။ (12.5.2017) (ဆရာတော်ဦးဝီရသူအတွက် န၀ကမ္မအလှူငွေ (၃)သိန်းကျပ်နှင့် မန်း မ.ဘ.သ အတွက် အလှူငွေ (၂)သိန်းကျပ်လည်း လှူဒါန်းသည်။) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၇၄)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ မှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် ထပ်မံ လှူဒါန်းပါသည်။ (11.5.2017) (ပြီးခဲ့သည့် 9.4.2017 ရက်နေ့ကလည်း ဆရာတော်ကြီး၏ သက်တော်(၈၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် မန်း မဟော်သဓာ အမျိုးသားရေးကျောင်းတော်ကြီးအတွက် အလှူငွေ သိန်း(၁၀၀)ကျပ် လှူဒါန်းဖူးပါသည်။) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ...
မုဒိတာရပ်ဝန်းသတင်း

“မုဒိတာရပ်ဝန်း” (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၇၃)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်၊ လဲချားမြို့ အမှတ်(၄)ရပ်ကွက်နေ ဦးဝင်းရွှေ+ဒေါ်သန္တာဦး (သား)မောင်ဘုန်းမြတ်ကျော် (သမီး) မဆောင်းဦးသခင် မိသားစုမှ အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းစဉ်။ (10.5.2017) (ဆရာတော်ဦးဝီရသူ၏ န၀ကမ္မအတွက် အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ်လည်း လှူဒါန်းသွားပါသည်။) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ သိန်း(၁၀၀)ကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၇၂)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေ ကိုထွန်းမင်းလတ်+မဖွေးဖွေးလှိုင် (သား) မောင်သဏ္ဌာန်ဖုန်းဇော်၊ (သမီး) မရွှေပြည့်အိမ် (ရတနာကုန်စုံဆိုင်) မိသားစုမှ ၁၀၀၀၀၀(တစ်သိန်း)ကျပ်လှူဒါန်းစဉ်။ (10.5.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ သိန်း(၁၀၀)ကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၇၁)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာနေ မစန်းစန်းနွယ်မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မခင်စန်းအေးမှ ၁၀၀၀၀၀(တစ်သိန်း)ကျပ် စုစုပေါင်း လေးသိန်းကျပ်အား ဟောင်ပါးဆရာတော် ဦးဥာဏိကမှ ကြွရောက်လှူဒါန်းစဉ်။ (9.5.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ သိန်း(၁၀၀)ကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မနန်းနွေးဦးနှင့် အစ်ကို ကိုဝင်းသူ(စင်္ကာပူ) မောင်နှမတစ်စုမှ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (2.5.2017) အလှူရှင် မနန်းနွေဦးနှင့်ကိုဝင်းသူမောင်နှမတစ်စုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ...
သတင်း

မစိုးရိမ်တိုက်သစ် ကျောင်းတော်ကြီးပြန်လည်ဖွင့်လှစ်ပါပြီ

၁၃၇၉ ခု၊ ကဆုန်လပြည့်နေ့ 10.5.2017 ရက်နေ့ ညနေ 6:00 နာရီမှာ သံဃာအားလုံး ပြန်လည်ရောက်ရှိကြပါပြီ။ ပြီးခဲ့သည့် တပေါင်းလ ပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲကြီးပြီးကတည်းက ကျောင်းပိတ်ထားခဲ့တာ အခု ကဆုန်လပြည့်ညမှာ ပြန်လည်စုံညီကြခြင်းဖြစ်ပါတယ်။ သံဃာအသစ်တွေလည်း လက်ခံနေပါပြီ။ အတော်များများက ရွာပြန်သံဃာတော်များနှင့်အတူ ပါလာကြတာပါ။ သူ့အဆက်အသွယ်နှင့်သူ သီခြားရောက်ရှိလာတာတွေလည်းရှိပါတယ်။ မဟာနာယကဆရာတော်ကြီးတွေကိုယ်စား သြဝါဒပေးရပါတယ်။ ဓမ္မသမိဒ္ဓိကျောင်းမှာ ပေးရတာပါ။ ဓမ္မသမိဒ္ဓိကျောင်း၊ ဓမ္မသမိဒ္ဓိဆွမ်းစားကျောင်း၊ ဓမ္မဂါရဝကျောင်းတွေမှာ ဘုရားဝတ်တက်ကြရတဲ့ စာသင်သံဃာများကို သြဝါဒပေးဖြစ်ပါတယ်။ စဏ္ဍာလနှင့်သမဏ ခွဲခြားပြရင်း မော်စကိုဘ၀တက္ကသိုလ်ကျောင်းတော်ကြီးမှာ တွေ့ကြုံခဲ့ရတဲ့ ၂၉၅-က (သာသနာညှိုးနွမ်းမှု)နဲ့ ရောက်လာကြတဲ့ ဦးဇင်းတွေ အစားဆင်းရဲ ...
သတင်း

မစိုးရိမ်တိုက်သစ် စာဝါများ ပြန်လည်ဖွင့်လှစ်ပါပြီ

၁၃၇၉ ခု၊ ကဆုန်လပြည့်နေ့မှာ ကျောင်းပြန်ဖွင့်ပါတယ်။ ကဆုန်လပြည့်ကျော်(၁)ရက် 11.5.2017 မှာ စာဝါအသီးသီး ပြန်လည်ဖွင့်လှစ်ပါတယ်။ စာရေးသူ တာဝန်ကျတာကတော့ ဓမ္မသင်္ဂဏီ(အဋ္ဌသာလိနီ) ကျမ်းဖြစ်ပါတယ်။ ဓမ္မရက္ခိတကျောင်းတော်ကြီး ပထမထပ်နှင့် ဒုတိယထပ်မှာ အဋ္ဌသာလိနီ စာလိုက်သံဃာများကို နေရာချထားပေးပါတယ်။ စာရေးသူက ပထမထပ်မှာ စာဝါချပါတယ်။ ညနေပိုင်း အဋ္ဌသာလိနီစာဝါကိုတော့ ဓမ္မသီတဂူကျောင်းနာယက ညီတော်မောင် အရှင်ကောဏ္ဍညာလင်္ကာရာဘိဝံသ ပို့ချပါတယ်။ မစိုးရိမ်တိုက်သစ် စာချတန်းစာဝါများကို ပို့ချရာမှာ တစ်ကျမ်းလျင် နာယကနှစ်ပါးစီ မနက်စာဝါနှင့် ညနေစာဝါတွဲပြီး ပို့ချလေ့ရှိပါတယ်။ ညအခါမှာလည်း ထပ်မံပို့ချလေ့ရှိပါတယ်။
သတင်းအင်တာဗျူး

BBC မေး……..ဦးဝီရသူ ဖြေ  (ရခိုင်ခရီးစဉ်နှင့် ပတ်သက်သည့်အင်တာဗျူး အပြည့်အစုံ)

BBC = မင်္ဂလာပါ ဘုရား။ ဦးဝီရသူ=မင်္ဂလာပါ ဒကာကြီး။ BBC=ဘယ်ဒေသတွေရောက်ခဲ့သလည်း ဘာတွေလှူဒါန်းဖြစ်ပါသလည်းဘုရား။ ဦးဝီရသူ=လောလောဆည်ဆည်မောင်တောပဲရှိပါသေးတယ်၊လှူဒါန်းတာကတော့ အဓိကနှစ်မျိုးပေါ့နော် ဆန်ရယ်ငါးခြောက်ရယ် ရိက္ခာနှစ်မျိုးပေါ့နော် ကျန်တာကတော့ သူတို့ရဲ့ အသေးစိပ်အချက်လေးတွေ မှတ်ထားပြီး ဦးဇင်းတို့ကဘယ်လိုပုံစံနဲ့လှူ ရမယ် ဘယ်လိုစီစဉ်ရမယ်ဆိုတာလေးကိုတာ့ အကြမ်းပြင်းလောက်ပဲပြောခဲ့ရတာ ပါ့နော် အဲ့ဒါတွေကတော့အမျိုးအမည်က တစ်ရွာ နှင့်တစ်ရွာမတူဘူးပေါ့နော် တစ်ချို့ကတော့ ဓမ္မာရုံလေးတောင်းတယ် တစ်ချို့ကတော့ရေကန်တောင်းတယ် အဲ့ဒါမျိုးလေးတွေပေါ့။ BBC=ဆရာတော်လှူခဲ့တာဘယ်လိုပုဂ္ဂိုလ်မျိုးတွေလည်းဘုရား ဗုဒ္ဓဘာသာဝင်တွေကိုပဲလား အခြားဘာသာဝင်တွေကိုရောလှူခဲ့လားဘုရား။ ဆရာတော်=အဓိကကတော့တိုင်းရင်းသား တွကိုပါဒကာကြီး၊ဘင်္ဂလားဒေ့ရှ်ကပြန်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေရယ် မွတ်စလင် ရွာတွေကြားမှာညှက်နေတဲ့ လုပ်ကိုင်စားသောက်လို့မရတဲ့ တိုင်းရင်းသားတွေရယ်၊ နောက်…..ကျီးကန်းပြင်အရေးအခင်းတုန်းက ကျဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေရယ်ပေါ့ သူတို့ကိုလှူဒါန်းတာပါ။ BBC=မှန်ပါ့ဘုရား အစ္စလာန်ဘာသာဝင်တွေရဲ့ အစွန်းရောက်တာကို ဟောပြောနေတဲ့ ရဟန်းတစ်ပါးအနေနဲ့ အစ္စလာန် ၉၀ ရာခိုင်နှုန်းလောက်ရှိတဲ့နေရာကိုသွားတဲ့အတွက် ...
သတင်း

အမိန့်တော်မြတ်အတိုင်းပါဘုရား(၉)

4.4.2017 မွန်ပြည်နယ်၊ မုတ္တမမြို့၊ မြနန်းကျောင်းတိုက်မှာ ကျင်းပတဲ့ တရားပွဲပါ။ ခွဖွင့်ပြထားတဲ့တရားအမည်က ဥပေက္ခာစေတောဝိမုတ္တိ(လွတ်မြောက်ရာဥပေက္ခာတရားတော်)ပါ။ ဟိတဓရဆရာတော်လေးရဲ့ ရဟန်းမယ်တော်ကြီး ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)ကတော့ ဘယ်လိုမှ စိတ်မထိမ်းနိုင်ရှာပါဘူး။ ရင်ခုန်ကြသူတွေလည်း ရှိရဲ့။ ငိုရှိုက်သူတွေလည်း ရှိရဲ့။ မျိုသိပ်သူတွေလည်း ရှိရဲ့။ တစ်ကမ္ဘာလုံး ကြည့်ရှုခံစားရင်း ဣဋ္ဌလောကဓံရော အနိဋ္ဌလောကဓံကိုပါ ချစ်သူ/မုန်းသူတွေထံမှ ရရှိခံစားခဲ့ရပါတယ်။ အရပ်သားအစိုးရနဲ့ ပလာစတာ ဓမ္မသဘင်တွေကတော့ အင်မတန် ပနံတင့်လျက် ရှိပါကြောင်း။ ။ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားလွှာကို တသွေမတိမ်း လိုက်နာတဲ့အနေနဲ့ တစ်ခွန်းမှ မဟောတဲ့အပြင် ချောင်းမဟန့် နှာမချေဘဲ အကြည်ညိုခံ အပူဇော်ခံသက်သက် ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (လစဉ်န၀ကမ္မအလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့နေ ဒေါ်အေးအေးသိန်း (ယွန်းဝတီရွှေဆိုင်)မိသားစုက အလှူငွေ(၃)သိန်းကျပ်၊ ယွန်းဝတီရွှေဆိုင် ၀န်ထမ်းများဖြစ်သော မလုလုဆိုင်းက နဝကမ္မအလှူငွေ ၃၀၀၀၀ိ/ (သုံးသောင်းကျပ်)၊ မဆုမွန်သက်က လစဉ်နဝကမ္မအလှူငွေ ၂၀၀၀၀ိ/ (နှစ်သောင်းကျပ်)၊ စုစုပေါင်း ၃၅၀၀၀၀(သုံးသိန်းငါးသောင်း)ကျပ် လှူဒါန်းပါသည်။ (3.5.2017) ယွန်းဝတီရွှေဆိုင်မိသားစုသည် ဆရာတော်ဦးဝီရသူအား လစဉ်အလှူငွေ(၃)သိန်းကျပ် လှူဒါန်းလျက်ရှိသည်။ အလှူရှင်များနှင့်အတူ အမျိုး ဘာသာ သာသနာကိုချစ်မြတ်နိုး၍ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ...