Daily Archives: July 23, 2017

သတင်း

မောင်တော အ.ထ.က-၂မှာ ခဏတာ

စာရေးသူ ရခိုင်ပြည်နယ် မောင်တောခရီးစဉ်အတွင်းမှာ မောင်တောမြို့ အ.ထ.က-၂ ကိုရောက်ရှိခဲ့ပါတယ်။ 13.7.2017 မနက် ၁၀း၀၀ နာရီမှာ ကျောင်းအုပ်ဆရာမကြီးဒေါ်လှမေသိန်းနှင့် တွေ့ဆုံပြီး ကျောင်းသူကျောင်းသားလေး များကို မုန့်ဖိုးပေးချင်တဲ့အကြောင်း ပြောပြတော့ ဆရာမကြီးဒေါ်လှမေသိန်းက စီစဉ်ပေးပါတယ်။ မနက်ပိုင်းဖြစ်နေလို့ အလယ်တန်း အထက်တန်းကျောင်းသူကျောင်းသားများ မရှိကြပါဘူး။ နေ့ခင်းပိုင်းကျမှ အလယ်တန်း အထက်တန်းကျောင်းသူကျောင်းသားများ တက်ကြရတာပါ။ မနက်ပိုင်းဖြစ်နေလို့ သူငယ်တန်း မူလတန်း ကျောင်းသူကျောင်းသားလေးတွေပဲ တွေ့ပါတယ်။ သူတို့လေးတွေကို ဆရာမကြီးက ယောက်ျားလေးတစ်တန်း မိန်းကလေးတစ်တန်း တန်းစီပေးထားပါတယ်။ သူငယ်တန်းလေးတွေကတော့ ငယ်လွန်းတော့ အခန်းထဲမှာပဲ တန်းစီပေးထားပါတယ်။ စာရေးသူတို့အဖွဲ့က ကျောင်းသူ ကျောင်းသားအားလုံးကို တစ်ဦးလျှင် ...
သတင်းအင်တာဗျူး

သံဃာတွေစည်းလုံးမှု ပျက်ပြားနေပါပြီဆိုတာဟာ နိုင်ငံရေးစကားတွေပါ(၁)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်) ==================================================== ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်ငံတော် တည်ဆောက်ရေး ရှုမြင်ချက်များကို အောင်ဇေ ယျတုဂျာနယ်မှာ ဖော်ပြလာနိုင်ခဲ့တာ ဒီတစ်ပတ်ဆို ရင် ၇ ပတ် မြောက်ခဲ့ပါပြီ။ အပတ်စဉ် တိုင်း ခေတ်ပြိုင်သမိုင်းအပေါ် သုံးသပ်တဲ့ ဆရာ တော်ရဲ့ ရှုမြင်ချက်တွေကို ထည့်သွင်းဖော်ပြနိုင် ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဆရာ တော်ရဲ့ ရခိုင်ခရီးစဉ်၊ မဘသ ဘယ်လိုဆက်လက် ရပ်တည်မယ်ဆိုတဲ့အကြောင်းတွေကို မေးမြန်းဖြစ် ခဲ့ပြီး အဲဒီအကြောင်းအရာတွေ အောင်ဇေယျတု ဂျာနယ် စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော် ပြပေးလိုက်ပါတယ်။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၂၀)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁) အပိုင်း(၈)နေ ဦးအောင်ဇော်ဌေး+ဒေါ်နန်းခင်ခင်သိန်း(သမီး)မနန်းစုအောင် မိသားစုမှ အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းစဉ်။(17.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၉,၇၅၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၆,၉၅၅,၅၀၀ ...
သတင်း

သမိုင်း၏တရားခံ(နိဒါန်း)

ထောင်တွင်းလက်ရာလေးပါ။ ၂၀၀၃ခုနှစ် အောက်တိုဘာလအထိသာ ဖြစ်ပါသည်။ ဤမှာဘက်အတွက် ဒုတိယအုပ်ရေးရပါဦးမည်။ ထောင်မှထွက်ခါစ အွန်လိုင်းနာမည်ကြီးဆောင်းပါးပါ။ အနီတွေသူကောင်းပြုကြတဲ့ စာမူပေါ့။ စာမူခွင့်ပြုချက် လွတ်လပ်လာတဲ့အခါ စာအုပ်အဖြစ်တရားဝင် ထုတ်ဝေလိုက်ပါတယ်။ အုပ်ရေသောင်းချီ ရိုက်နှိပ်ခဲ့ပါတယ်။ မဟနက ကမ္ဘာအေးသို့ ခေါ်ယူသတိပေးခြင်း မလုပ်ခဲ့သော်လည်း မစိုးရိမ်တိုက်သစ် ပထမမဟာနာယက ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသအား ဤစာအုပ်နှင့်ပတ်သက်၍ စာရေးသူကိုခေါ်ယူသတိပေးရန် တာဝန်ပေးခဲ့ပါတယ်။ ပထမ မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသကလည်း ဓမ္မဘာဏကကျောင်း၌ အခြားသော မဟာနာယကဆရာတော်များရှေ့မှောက်မှာပင် ဤစာအုပ်နှင့်ပတ်သက်၍ နောက်နောင် ထပ်မံရိုက်နှိပ်ခြင်း ဖြန့်ချိခြင်း လုံးဝမလုပ်ဖို့ မေတ္တာကရုဏာရှေ့ထား၍ ဆုံးမတော်မူပါတယ်။ အဲဒါကြောင့် သမိုင်း၏တရားခံစာအုပ်ကို ဆက်လက်ဖြန့်ချီမှုမပြုတော့ဘဲ ယခုမှသာ အွန်လိုင်းမှာ စတင် ပြန်လည် ...
သတင်း

မဘသအဖွဲ့ဟာ တရားမဝင်ကြောင်း မဟနက ထုတ်ပြန်ထားတယ်

မဘသအဖွဲ့ဟာ တရားမဝင်ကြောင်း မဟနက ထုတ်ပြန်ထားတယ် အရင်အစိုးရလက်ထက်က တရားဝင်တယ် ခုအစိုးရလက်ထက်မှာ တရားမဝင်တာ (ထူးဆန်းလွန်းပေစွ) 15.7.2017 နောက်ဆုံးထားပြီး ဆိုင်းဘုတ်တွေ ဖြုတ်ရမတဲ့ 14.7.2017 သတင်းမှာ ဆိုင်းဘုတ်တွေ မဖြုတ်ရင် မလွှဲမရှောင်သာ အာဏာစက်နဲ့ အရေးယူရပါမယ် ဆိုပဲ အာဏာစက်ဆိုတော့ ဘယ်လိုအာဏာစက်ပါလိမ့် စွမ်းအာရှင်လိုလူတွေ မြောက်မြားစွာသုံးပြီး ဝုန်းဒိုင်းကြဲ အကြမ်းဖက်ဖြိုခွင်းမှာလားမသိ ဒီမိုကရေစီမှာ တည်ဆဲဥပဒေကို မဆန့်ကျင်ဘဲ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုကို မဟနက ဘောင်မဝင်တဲ့ ထုတ်ပြန်ကြေငြာချက်တစ်ခုလောက်ကို လက်ကိုင်ထားပြီး တစ်ဖက်သတ် ဖြိုခွင်းလို့ရပါသလား သိချင်တယ် ဆိုင်းဘုတ်မဖြုတ်လို့ ...
သတင်း

စာဝါအသစ် စတင်ပို့ချ

ဒီကနေ့ ဝါဆိုလဆုတ် ၁၀ရက် 18.7.2017 ရက်နေ့ မနက် ၉း၃၀ နာရီ ဓမ္မသဟာယကျောင်းမှာ ပို့ချပါတယ်။ စာသင်တန်း ဋီကာကျော်စာဝါပါ။ စာသင်သားတို့ လိုအပ်သော စာသင်သားတို့ တင်ပြလျှောက်ထားသော စာဝါကို ရွေးချယ်ပို့ချပါတယ်။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၁၉)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေးမြို့ ဗောဓိကုန်းနေ မခင်သန်း(ခေတ္တ-တောင်ကြီး)မှ အလှူငွေ ၁၀၀၀၀၀ (တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (16.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၉,၄၅၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၆,၆၅၅,၅၀၀ (တစ်ထောင့်ခုနစ်ရာခြောက်ဆယ့် ...
ထုတ်ပြန်ကြေညာချက်သတင်း

အမျိုးသားတိုးတက်မြင့်မားရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက်

စာအမှတ်-၆/၂၀၁၇ နေ့စွဲ-ဇူလိုင် ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ ဇူလိုင်လ ၁၅ ရက်နောက်ဆုံးထား၍ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များရှိ မ.ဘ.သ အဖွဲ့များ အမည်ပြောင်းလဲခြင်းနှင့် ဆိုင်းဘုတ် ဖြုတ်သိမ်းခြင်းများမပြုပါက မ.ဟ.န ဆုံးဖြတ်ချက်အတိုင်း သက်ဆိုင်ရာ ပြည်နယ်အစိုးရများမှ ဆက်လက်ဆောင်ရွက်သွားမည်ဟုနိုင်ငံပိုင်ရုပ်သံမှထုတ်လွှင့်သွားသည်။ မ.ဘ.သ အဖွဲ့ဆိုင်းဘုတ်များကို (၁၅.၇.၂၀၁၇) ရက်တွင် နောက်ဆုံး ထား၍ အပြီးအပိုင်ဖြုတ်သိမ်းပေးရန် မ.ဟ.န မှ ထုတ်ပြန်ထားပြီး အဆိုပါ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူ သွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်ပါက ...
သတင်း

စည်းလုံးညီညာ အောင်ကြောင်းဖြာ

မန်း မ.ဘ.သ ဝိုင်းတော်သားများ ဒီကနေ့ 17.7.2017 ရက်နေ့ ညနေ ၅း၀၀ နာရီမှာ စည်းဝေးတိုင်ပင်ကြပါတယ်။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီးအပါအဝင် ဆရာတော်သံဃာတော်များ မျိုးချစ်ဇာနည်မောင်မယ်များ အစုံအလင် တက်ရောက်ကြပါတယ်။ မ.ဘ.သ ရုံးကို လာရောက်စောင့်ရှောက်နေကြသည်မှာ တစ်ပတ်ပြည့်ပါပြီ။ အားလုံးဟာ ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်တစ်ခုတည်းနဲ့ လာရောက်စောင့်ရှောက်နေကြခြင်း ဖြစ်ပါတယ်။ အကယ်၍ အစိုးရက အကြမ်းဖက်ဖြိုခွင်းလာရင်တောင် အကြမ်းဖက်တုန့်ပြန်ခြင်း လုံးဝမပြုဘဲ အနာခံပြီး ကာကွယ်စောင့်ရှောက်သွားကြဖို့ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။ သံဃာတွေကိုထိရင် သည်းမခံနိုင်တဲ့လူငယ်တွေအတွက် ဆုံးမသြဝါဒတွေ တစ်ပါးချင်း ပေးကြပါတယ်။ ခံစစ်ကောင်းရင် တိုက်စစ်လန်ရတာပါပဲ။ ဒီနည်းဗျူဟာနဲ့ အမျိုးဘာသာ သာသနာအတွက် ...
သတင်း

စစ်တွေမှာ အပန်းဖြေစရာ

11.7.2017 မှ 15.7.2017 ထိ ရခိုင်ပြည်နယ် မောင်တောခရီးစဉ် နောက်ဆုံးနေ့ 15.7.2017 ညနေပိုင်းမှာ စစ်တွေမြို့ ပုသိမ်ကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး မ.ဘ.သ နောင်တော်ညီတော်များနှင့်အတူ မျိုးချစ်များအားလုံး 2012 ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နေရာများကို လှည့်လည်ကြည့်ရှု့ခဲ့ပါတယ်။ အဲ့ဒီနောက် ပင်လယ်ကမ်းစပ်မှာ ပင်လယ်လေကိုအဝရှူရင်း အပန်းဖြေကြပါတယ်။ ရာသီဥတုကသာယာ၊ လေကလေးက တဖြူးဖြူး အငံဓာတ်ပါတဲ့ ဆားငွေ့လေကိုရှူရတာ နှာခေါင်းထဲကို စူးရှသွားအောင် လေးနက်ပါတယ်။ ဝမ်းဗိုက်ထဲ ရှင်းသွားအောင် ထိရောက်ပါတယ်။ ပင်လယ်လေရှူလိုက် သက်သောင့်သက်သာနားလိုက် ရယ်စရာမောစရာပြောလိုက် စုပေါင်းဓာတ်ပုံရိုက်လိုက်နဲ့ ဘဝအမောတွေ ပြေသွားလောက်အောင်ကို အရသာရှိပါတယ်။ စစ်တွေသူစစ်တွေသား ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၁၈)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် သာစည်မြို့နေ မိခင်ကြီးဒေါ်ထွေးထွေးအား အမှူးထား၍ ဦးဇော်ဝင်းနိုင်+ဒေါ်ချစ်စုဝင်း မိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းစဉ်။(9.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၉,၃၅၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၆,၅၅၅,၅၀၀ (တစ်ထောင့်ခုနစ်ရာခြောက်ဆယ့်သိန်း ...
သတင်း

ဆိုင်းဘုတ်ဖြုတ်တဲ့နေ့ဟာ တိုင်းပြည်ပျက်တဲ့နေ့ပဲ

ကျေးဇူးရှင် ဇွဲကပင်ဆရာတော်ကြီး၏ ပြတ်သားသော မိန့်ခွန်းတော်ဖြစ်ပါသည်။ ဝီရသူ(မစိုးရိမ်) ================================================= ကရင်ပြည်နယ် မဘသ ဥက္ကဋ္ဌ ဆရာတော်နှင့် တွေ့ဆုံခြင်း ————————————————————————- မြန်မာနိုင်ငံအတွင်း စိုက်ထူထားသော မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ အပြီးဖြုတ်သိမ်းရန် မေလ ၂၃ ရက်၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က ထုတ်ပြန်ခဲ့သည်။ သို့သော် ကရင်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတွင် မဘသဆိုင်းဘုတ်များ ဖြုတ်သိမ်းမည် မဟုတ်ကြောင်း သက်ဆိုင်ရာ မဘသအဖွဲ့များက ထုတ်ပြန်ခဲ့သည်။ ယင်းအခြေအနေများကို သိရှိနိုင်စေရန် ...
မုဒိတာရပ်ဝန်းသတင်း

“မုဒိတာရပ်ဝန်း” (လောကအလင်း ပညာရေးအလှူ)

ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်း ပညာရေးအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာ၌ လွယ်ကူချောမော၍ အဆင်ပြေ ပြီးမြောက်စေခြင်းအကျိုးငှာ ရန်ကုန်မြို့နေ ဦးငြိမ်းချမ်းသာ (မဟာဝီရ ရသစုံမဂ္ဂဇင်း အယ်ဒီတာ)မှ အလှူငွေ ၁၉၈၀၀၀ိ။ (တစ်သိန်း ကိုးသောင်း ရှစ်ထောင်)ကျပ် လှူဒါန်းပါသည်။ (၂၇.၆.၂ဝ၁၇) အခုအကြိမ်သည် (၁၁)မြောက်လှူဒါန်းခြင်း ဖြစ်ပါသည်။ ၁။ ၈.၈.၂ဝ၁၆ နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၂။ ၁၄.၉.၂ဝ၁၆ နေ့က (၁၇၀၀၀၀ိ။)ကျပ်၊ ၃။ (၁၅.၁ဝ.၂ဝ၁၆)နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၄။ (၁၈.၁၁.၂ဝ၁၆)နေ့က ...
ဂျာနယ်သတင်း

အတုမရှိဂျာနယ် အတွဲ(၄) အမှတ်(၆) ထွက်ပြီ

ယခုထွက်ရှိလာတဲ့ 16.7.2017 နေ့ထုတ် အတုမရှိ အမျိုးသားရေးဂျာနယ် အတွဲ(၄) အမှတ်(၆)မှာ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သရဂ္ဂါရွာမရွာကျောင်းဆရာတော် ဘဒ္ဒန္တဝါရိန္ဒ၏ သြဝါဒကထာ၊ ရှင်မတောင်ဆရာတော်၏ ရွှေလက်ဖြင့်ကြိုဆိုနေပါသည်၊ မန္တလေးသား၏ အနာဂတ်မြန်မာပြည်အတွက်..၊ အရှင်ဣန္ဒာစက္ကာဘိဝံ (မစိုးရိမ်)၏ ဒဏ်ကြီးထိုက်မယ် သတိထား၊ ငချို(ကြောင်ဒူး)၏ သူများမကောင်းကြံ ကိုယ်သာခံရ၊ သွေးသစ်စိုး၏ ရှုံးနိမ့်နေတဲ့ ယဉ်ကျေးမှုတိုက်ပွဲ၊ မြင်းမူရွှေမင်းသား၏ မင်္ဂလာရနံ့ သင်းပျံ့ကြိုင်ပေ မြင်းမူမြေ၊ သားမောင်ချစ်၏ သုဝဏ္ဏဝတီမြို့ အထူးထပ်ဆင့်ရှင်းလင်းပွဲ၊ သန့်ဇင်ထဋ်၏ ဘင်္ဂလီသောင်းကျန်းမှုများ၊ ဝင်းမော်(ရွှေသံစဉ်)၏ R2P၊ အရှင်စန္ဒဇောတိ(ပါဠိပါရဂူ၊ ပိဋကတ်တစ်ပုံဆောင်)၏ ဓမ္မဒူတအရှင်ပညာဝရ၏ အမျိုးစောင့်နှလုံးသား၊ ဝီရသူ(မစိုးရိမ်)၏ ငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်ခြင်း(၅)၊ ဒီဒီ (ရွှေခြံသား)၊ မိုးတိမ်(ရွှေကာ)၊ ပုညခေတ်(မန္တလေး)၊ လင်းကျော်(ဧရာဝတီ)တို့၏ ...