Monthly Archives: December 2017

သတင်း

သမ္မတညွှန်ကြားတာကို မလိုက်နာတဲ့ ဝန်ကြီးများကို အမြန်ဖြုတ်ပေး

9.12.2017 ရက်နေ့ မန္တလေးမှာကျင်းပတဲ့ DVB ဒီဘိတ်အစီအစဉ်ထဲက ကောက်နုတ်ထားတာပါ။ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော် ဆွေးနွေးတာကို အမရပူရမှ ဦးသိန်းထွန်းဦးက တုန့်ပြန်ဆွေးနွေးထားတာလေးပါ။ အခမ်းအနားမှူးက ဦးမျိုးမင်းဇော်ကို မေးပါတယ်။  သမ္မတညွှန်ကြားတဲ့အတိုင်းမလုပ်ဘူးလားလို့ မေးတာပါ။ ဦးမျိုးမင်းဇော်က မလုပ်ဘူးလို့ ဖြေသွားပါတယ်။ ဦးမျိုးမင်းဇော် ဘယ်သူ့ကို ရည်ရွယ်ပြီးပြောပါသလဲ။ ဘယ်လိုညွှန်ကြားတာကို ဘယ်သူက မလိုက်နာတာလဲ။ တကယ်လို့ ဦးမျိုးမင်းဇော်ပြောတဲ့အတိုင်း သမ္မတခိုင်းတာ မလုပ်တဲ့လူရှိရင် အမြန်ဖြုတ်ပေးပါလို့ ထပ်မံတောင်းဆိုပါရစေ။ ကာကွယ်ရေးဝန်ကြီးပဲဖြစ်ဖြစ်၊ ပြည်ထဲရေးဝန်ကြီးပဲဖြစ်ဖြစ်၊ နယ်စပ်ရေးရာဝန်ကြီးပဲဖြစ်ဖြစ်၊ ဘယ်ဝန်ကြီးပဲဖြစ်ဖြစ် သမ္မတခိုင်းတဲ့အတိုင်း မလုပ်တဲ့ဝန်ကြီးမှန်သမျှကို သမ္မတကြီးလက်မှတ်နှင့် အမြန်ဖြုတ်ပေးပါခင်ဗျာ။ ဝီရသူ (မစိုးရိမ်) 11.12.2017 9:30 PM ...
သတင်း

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် အာဒိကမ္မိက အဂ္ဂါဘိဓဇဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ မဟာထေရ် လွန်တော်မူခြင်း (၁၅)နှစ်ပြည့် အထိမ်းအမှတ် ပူဇော်ပွဲ ...

ဆရာတော်ကြီး၏ ဘဝပုံရိပ်ကို တပည့်များ၏ အတွေ့အကြုံမျိုးစုံ ခံယူချက်မျိုးစုံ ရှုထောင့်မျိုးစုံတို့ဖြင့် လည်းကောင်း၊ မစိုးရိမ်သာသနာ့သမိုင်းတစ်လျှောက် ‘မန်းသီရိန်’ဟု ဆိုရလောက်အောင် ထူးခြားသည့်ဂုဏ် ကို ဆောင်နိုင်သော ဆရာတော်ကြီး၏ သာသနာပြုစွမ်းရည်/စိတ်ဓာတ်နှင့် ဘဝရပ်တည်မှု စသည်တို့ကို သတိပြုမိသည်နှင့်အမျှ ကြည်ညိုလေးစား တန်ဖိုးထားကြသော စာပေပညာရှင်အသီးသီးတို့၏ စာပေ လက်ရာ အဖြာဖြာတို့ဖြင့်လည်းကောင်း၊ စာပန်းချီ ချယ်မှုန်းနိုင်ရေးအတွက် ကိုယ်တိုင်ရေး (ဆောင်းပါး၊ ရတု၊ တေးထပ်၊ ကဗျာ) စာမူများကို ‘၁၃၇၉-ခုနှစ်၊ တပို့တွဲလပြည့်နေ့'(31.1.2018)အထိ အောက်ပါလိပ်စာသို့ ဆက်သွယ် ပေးပို့ ပူဇော်နိုင်ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ ...
သတင်း

ရွှေညဝါအရေးတော်ပုံ

(အချိန်အခါ သင့်တော်သဖြင့် ပြန်တင်ပေးလိုက်ရပါသည်။ ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်းစီမှာ နိုင်ငံရေးသမားဟူသည် ဘာမျှမဟုတ်ပါ ဟု မြင်အောင်ကြည့်နိုင်သည့် နိုင်ငံရေးမျက်စိမျိုး ရှိမှသာလျှင် အလိမ်အညာမခံရမည် ဖြစ်ပါသည်။ အစိုးရကောင်းတစ်ရပ်ကို တင်မြှောက်နိုင်မည်ဖြစ်ပါသည်။ လွှတ်တော်အဆင့်ဆင့်ကို မောင်းနှင်နိုင်မည်ဖြစ်ပါသည်။ ဤသည်ကိုရည်ရွယ်၍ ဝီရသူ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံလုပ်နေပါသည်။ ပြည်သူအပေါင်း နိုင်ငံရေးဗဟုသုတ ရရှိနိုင်ပါစေ…။) ဝီရသူ (မစိုးရိမ်) 11.12.2017 7:43 PM ——————————————————————– စာရေးသူ ကျောင်းတော်ကြီးမှ ပြန်လာစဉ်က ဖြစ်သည်။ မီဒီယာများမှာ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြသူများ သတင်းက ထိပ်တန်းသတင်းဖြစ်နေ၏။ ကိုပေါ်(မင်းကိုနိုင်)တို့အဖွဲ့ လွတ်သည်။ ဦးခွန်ထွန်းဦး(SNLD)တို့ လွတ်သည်။ လွှင့်၍မဆုံး အလွမ်းသယ်၍ ...
နဂါးနီစုဘူးသတင်း

မာလကာခြံ နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူး အမှတ်(၂) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ ဒီကနေ့ (8.12.2017) မွန်းလွဲ(၃း၀၀)နာရီ မာလကာခြံရပ်ကွက် ပြည်လုံးအံ့ဓမ္မာရုံမှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယက အရှင်ဇဝန၊ အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်တို့ တက်ရောက်ကြပြီး ဒေါ်ကြင်ကြင်မြိုင်မှ အသိပညာပေး ဟောပြောပါတယ်။ နှစ်သိန်းတန်း အသင်းဝင် (၇၀)ဦး တစ်ဦးလျှင် နှစ်သိန်းကျပ်စီနှင့် တစ်သိန်းတန်း(၁၅)ဦး တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် မာလကာခြံရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ဒုတိယမြောက် အမှတ်(၂)စုဘူးဖြစ်ပြီး (17.10.2013)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ အသင်းဝင်(၈၅)ဦးရှိပြီး နှစ်သိန်းတန်း(၇၀)ဦး၊ တစ်သိန်းတန်း(၁၅)ဦး ...
သတင်း

”သီတဂူဆရာတော်နှင့် ဒုဋ္ဌဂါမဏိမင်းကြီး” အရှင်စန္ဒဇောတိ (ပါဠိပါရဂူ၊ပိဋကတ်တစ်ပုံအောင်

  (၁) သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ဟု ကြားလိုက်ရသော ဗုဒ္ဓဘာသာဝင်တိုင်းက စစ်ကိုင်းတောင်ရိုး အပါအဝင် မြန်မာတစ်ပြည်လုံး၌ ထူးထူးခြားခြား သာသနာပြုနေသော ပုဂ္ဂိုလ်ထူးအဖြစ် သိကြသည်။ ဆရာတော်သည် ဘာသာဋီကာကျမ်းပြုအကျော် အမရပူရမဟာဂန္ဓာရုံဆရာတော်၏ အန္တိမအဂ္ဂိဈာပနပွဲ၌ နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ တရားတော်ကို ဟောကြားခဲ့ရာမှစတင်၍ နိုင်ငံကျော်ဓမ္မကထိက ဆရာတော်တစ်ပါးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ ထို့အပြင် ရေရှားပါးသော စစ်ကိုင်းတောင်ရိုး၌ သီတဂူရေအလှူတော်ကို တည်ထောင်၍ ရေလှူဒါန်းခြင်း၊ ဂိလာနများ သက်တောင့်သက်သာ ဆေးကုသနိုင်ကြစေရန် သီတဂူအာယုပါလ ဆေးရုံတည်ထောင်ခြင်း၊ ကမ္ဘာအနှံ့ ဗုဒ္ဓဘာသာပြန့်စေ ရန် သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးများ တည်ထောင်ခြင်း၊ကမ္ဘာအရပ်ရပ်၌ ...
သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး

ရန်ကုန်မြို့တွင်း ၁၁မြို့နယ်ထဲမှာ ဆန္ဒပြခွင့်မပြုဖို့ နယ်လုံဝန်ကြီးက ညွှန်ကြားချက်ထုတ်ပြန်လာပါတယ်။ ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ရေးထိုးပြီး ရဲတပ်ဖွဲ့တွေထံ နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ရည်ညွှန်းထားတဲ့ ၁၁မြို့နယ်တွေကတော့ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တစ်ထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်မြို့နယ်တို့ပါပဲ။ ဒီမြို့နယ်တွေကိုကြည့်ရင် ဘာကျန်သေးလို့လဲမေးရတော့မှာပါပဲ။ အဓိကအရေးပါသည့်နေရာများဖြစ်လို့၊ မိန်းလမ်းမကြီးတွေရှိလို့၊ အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်လမ်းကြောင်းများ ပါဝင်နေလို့ဆိုပြီး အကြောင်းပြထားပါတယ်။ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကတော့ လိုအပ်ချက်အရ ဒေသန္တရအမိန့်ထုတ်ပြန်ရတာ ဖြစ်မယ်လို့ ခန့်မှန်းပြောဆိုနေပါတယ်။ ...
နဂါးနီစုဘူးသတင်း

ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (3.12.2017) မနက်(9:00)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော်၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်၊ ဒေါ်တင်စိန်တို့ တက်ရောက်ကာ ဂျပန်ကျောင်းဆရာတော် ဦးသုဇာတက သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းခွဲတန်းအသင်းဝင်(၄၅)ဦး တစ်ဦးလျှင် တစ်သိန်းခွဲကျပ်စီနှင့် ငါးသောင်းတန်း(၆၀)ဦးအတွက် တစ်ဦးလျှင် ငါးသောင်းကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းဟာ ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ယခုအခါ ...
သတင်း

နိဗ္ဗာန်လမ်း

“နိဗ္ဗာန်လမ်း” ======== (၁) အသည်းကို ကမ္မဝါညှပ်ပါလို့ နှလုံးသားကို ဘုရားလှူ ခင် ငြူစူလည်း ငြူစူတော့။ (၂) အနုသယနွေကန္တာမှာ သမုဒယ ဆွေသဟာ မထားချင်ဘူး ယုယမှု အကြင်နာကိုလည်း သံသရာဘဝများစွာက ဖန်ခါခါ ခံစားဖူးသူမို့ ရသာထူးသို့ မခုန်မင် မစင်ဘင်ပုတ် ကာမဂုဏ်ကို နတ်သုဒ္ဒါထင်မှတ်မှားအောင် ဝိပလ္လာသူလှည့်စားတယ် မှားခဲ့နောင်တ။ (၃) ခုချိန်မှာလေ မြတ်စိန္တေရှင်တော်ဘုရားရဲ့ သတိပဋ္ဌာန်ဘာဝနာတရားရယ်ကြောင့် အသိဉာဏ်လမ်းမှန်ရောက်ပါလို့ သမုဒယကိုလည်းမလိုချင်တယ် အနုသယကိုလည်း မခုန်မင်တယ်……ကွယ်။ (၄) သွားတော့မယ်ကွယ့် သွားတော့မယ်တဲ့ သွားတော့မယ်ဟဲ့ နိဗ္ဗာန်…………….လမ်း……………။ ...
သတင်း

အမျိုးသားရေးနဲ့ပတ်သက်လာရင် ဒို့မှာ အားကိုးစရာဆိုလို့ တပ်မတော်ပဲရှိတော့တယ်

အမျိုးသားရေးနဲ့ပတ်သက်လာရင် ဒို့မှာ အားကိုးစရာဆိုလို့ တပ်မတော်ပဲရှိတော့တယ်။ အစိုးရ လည်း( NO) NLDလည်း( NO)ပဲ။ ဒီနေ့ ကရင် ဘားအံ မဲဘောင်ကျောင်းမှာပါ။ မဲဘောင်ဆိုတာ မမဲပေါင်ဆိုလိုတာပါ။ ကရင်က မမဲဘူးနော်။ ကရင်ကို မဲအောင်မလုပ်နဲ့နော်။ https://m.facebook.com/story.php…
သတင်း

ဝေဒနာနှင့်မပြော ဒေတာနှင့်သာပြောသည်

ဒါက 27.3.2013 ရက်နေ့ မိတ္ထီလာမှာ BJ နမ်ဘီးယားတို့ လာတုန်းက မြို့ထဲ လှည့်လည် ကြည့်ရှု့နေချိန်တွင် ရွှေညဝါဆရာတော်က ဦးအောင်မင်းကိုမြင်တာနှင့် ဒကာကြီးဦးအောင်မင်းလားဟုဆိုကာ အပြေးအလွှားလေးသွားပြီး လက်မောင်းလေးကိုင် လက်ဆွဲနှုတ်ဆက်ပြီး ဖော်ရှိုးလုပ်နေတဲ့ Movie လေးပါ။ မနေ့က ပို့စ်ထဲမှာ ဒီအကြောင်းလေးပါသွားတော့ မယုံကြည်ကြမှာစိုးလို့ အခုမှ ရှာဖွေတင်ပြ ပေးလိုက်တာပါ။ သူကအဲ့ဒီလို ဖက်လှဲတကင်း သွားရွှီးပေမယ့် ဟိုကတော့ မတုန်မလှုပ်ကြီးဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာကြီးက အစိုးရနှင့် တအားနင်းပေးစားနေတဲ့ အခြားသူတစ်ဦးကတော့ ကိုယ့်သိက္ခာနှင့်ကိုယ် အေးဆေးပဲဆိုတာတွေ့ရမှာပါ။ ဦးအောင်မင်းကိုယ်တိုင် လက်အုပ်လေးချီပြီး လာနှုတ်ဆက်တာလည်း ...
သတင်း

မန်း မဟော်သဓာသရက်ပင်ကြီးအောက်မှာ

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာမှာ တည်ဆောက်မည့် မန္တလေး မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး မြေကွက်ထဲက သရက်ပင်ကြီးအောက်မှာ ရွာသူရွာသားများ အလုပ်သမားများ နားနေလို့ရအောင် ကွပ်ပျစ်လေးတစ်ခု တည်ဆောက်ထားပါတယ်။ 9.12.2017 ရက်နေ့နှင့် ဒီကနေ့ 10.12.2017 ရက်နေ့ တည်ဆောက်ချိန် နှစ်ရက်ကြာပါတယ်။ ကုသိုလ်ရှင်ကတော့ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင် တမာတန်း သစ်ဆိမ့်တိုက် ရတနာသိင်္ခကျောင်းဆရာတော် ဘဒ္ဒန္တဝါသဝဖြစ်ပါတယ်။ ရတနာသိင်္ခဆရာတော်ကိုယ်တိုင် ကြီးကြပ်ပြီး တပည့်ငယ်လေးများ ဘကကျောင်းဆရာမများနှင့် တည်ဆောက်လိုက်တာပါ။ သရက်ပင်ကြီးအောက်မှာပဲ ဆွမ်းစားရင်း သရက်ပင်ကြီးအောက်မှာပဲ အလုပ်လုပ်ရင်းနဲ့ ကွပ်ပျစ်ကလေး ...
သတင်း

ဇွဲကပင်ဆရာတော်ကြီးရဲ့ မဲဘောင်ကျောင်းတိုက်မှာ

တပ်မတော်နှင့်နိုင်ငံ့ဝန်ထမ်းကောင်းများငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့သောကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအားထောက်ခံပွဲ။ နေ့ ရက်။ ။၁၀.၁၂.၂၀၁၇ အချိန်။ ။မွန်းတည့် ၁၂နာရီမှညနေ ၄နာရီထိ နေရာ။ ။မဲဘောင်ကျောင်းတိုက် ဘားအံမြို့
သတင်း

စာမူတောင်းခံလျှောက်ထားခြင်းပါဘုရား

တပည့်တော်များ၏ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် တိုက်တည်ဆရာတော်ကြီး(၄)ပါးတို့တွင် အပါအင်ဖြစ်တော်မူသော အဂ္ဂါဘိဓဇဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ လွန်တော်မူခြင်းအထိမ်းအမှတ် ပူဇော်ပွဲကို တပည့်များစုပေါင်း၍ နှစ်စဉ်မပျက် ကျင်းပပူဇော်ခဲ့ကြရာ လာမည့် ၁၃၈၀ပြည့်နှစ်တွင် (၁၅)နှစ်တိုင်မြောက် ရောက်ခဲ့ပြီဖြစ်ပါ၍ (၁၅)နှစ်ပြည့် အထိမ်းအမှတ်ပူဇာအဖြစ် ကဆုန်လပြည့်နေ့ပူဇော်ပွဲတွင် ဆရာတော်ကြီး၏ သာသနာပြု စိတ်ဓာတ် စွမ်းရည်နှင့် ဘဝရပ်တည်မှု စသည်တို့တွင် ထင်ဟပ်ပေါ်လွင်စေသော အထိမ်းအမှတ်စာစောင် ထုတ်ဝေပူဇော်နိုင်ရန် ရည်သန်ချက်ရှိသည်အားလျော်စွာ ဆရာတော်ကြီးနှင့်ပတ်သက်သမျှ တပည့်များ အလှမ်းမမီသော အကြောင်းအရာများကိုပါ စုံလင်နိုင်သမျှစုံလင်စွာ ပါဝင်နိုင်စေရေးအတွက် အားပေးချီးမြှောက်တော်မူသောအားဖြင့် ဆရာတော်ဘုရားတို့၏ ရှုမြင်သုံးသပ်ချက်များနှင့်အတူ စာရေးသားချီးမြှင့်တော်မူ၍ သုံးစွဲခွင့်ပေးသနားတော်မူပါမည့်အကြောင်း ...
သတင်း

အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား(၂)

စာရေးသူနှင့် ရွှေညဝါဆရာတော်တို့ စတင်တွေ့ဆုံတာက ၂၀၀၁ ခုနှစ်မှာပါ။ ထိုစဉ်က ဝီရသူ(မစိုးရိမ်)ဟူသော ကလောင်အမည်က သာသနာလောကမှာ တတက်နေတစ်စင်းလို ထင်ရှားနေပါပြီ။ ရွှေညဝါဆရာတော်ကိုယ်တိုင် သူ့သင်တန်းမှာဟောပြောဖို့ ဖိတ်ကြားလို့ လာခဲ့တာပါ။ ရွှေညဝါဆရာတော်ကိုယ်တိုင် ဘူတာကြီးအထိ လာကြိုပေမယ့် စာရေးသူနှင့် လမ်းလွဲသွားခဲ့ပါတယ်။ သူ့သင်တန်းမှာ သုံးညဆက်တိုက် ဟောကြားခဲ့ဖူးပါတယ်။ ထိုစဉ်က စာရေးသူဟောကြားခဲ့တဲ့ နောက်မကျစေနဲ့ တရားတော်တို့ မိခင်ရွာက သာသနာတရားတော်တို့ဟာ BA MA Ph-D ဆရာတော်လေးတွေရဲ့ ရင်ထဲမှာ ယခုထိ တည်ရှိနေဆဲပါပဲ။ ရွှေညဝါဆရာတော်က စာရေးသူကို လက်အုပ်ချီပြီး လျှောက်ထားခဲ့ဖူးပါတယ်။ တပည့်တော် ပညာသီဟပါ။ ...
သတင်း

့ပြည်သူကိုစော်ကားလိုက်သော ဒုဝန်ကြီး ဦးအောင်ထူး

ကုန်ဈေးနှုံးတက်လို့ အစိုးရကိုအပြစ်တင်တဲ့သူတွေဟာ အပြစ်တင်တတ်တဲ့အကျင့်ပါနေတဲ့သဘောလို့ စီးပွားကူးသန်းဒုဝန်ကြီးဦးအောင်ထူးက ပြောကြားသွားတာပါ။ ကုန်ဈေးနှုံးတက်တာ အစိုးရနှင့်မဆိုင်ဘူးဆိုရင် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့ တိုင်းပြည်ကြီးပွားတိုးတက်ရေးတို့ နိုင်ငံသာယာဝပြောရေးတို့ မလိုအပ်တော့ဘူးပေါ့နော်။ အုပ်ချုပ်ရေးနှင့် ဥပဒေရေးရာလောက်ပဲ အစိုးရမှာတာဝန်ရှိတယ်ဆိုတဲ့သဘောပေါ့နော်။ ဒါဆိုရင် စီးပွားရေးဝန်ကြီးမထားတော့နှင့်လေ ဒါဆိုရင် ကုန်ဈေးနှုံးမတက်အောင်ထိန်းနိုင်တဲ့ ပညာရှင်ကြီးတွေကို အပ်လိုက်တော့လေ။ လုပ်ပိုင်ခွင့်မရှိရင် မရှိဘူးပြောပါ။ အထက်အမိန့်မရလို့ မလုပ်ရရင် မလုပ်ရဘူးပြောပါ။ ပြည်သူလူထုကိုတော့ မစော်ကားပါနဲ့။ ခင်ဗျားတို့ပြောသလိုပြောရရင် နိုင်ငံတကာမှာ ဒီလိုစကားမျိုးပြောတဲ့ဝန်ကြီး တောင်းပန်ပြီး နှုတ်ထွက်ရတယ်ဗျ။ ခင်ဗျားကြီးတောင်းပန်လိုက်ပါ။ ပြီးရင် နှုတ်ထွက်လိုက်ပါ။ ဒါဟာ ဒီမိုကရေစီသဘောတရားတစ်ခုပါပဲ။ ဒါဟာ ဒီမိုကရေစီ အစိုးရတွေရဲ့ ...
အင်တာဗျူး

အမှန်တရားပေါ်ပေါက်ရေးအတွက် အကူအညီတောင်းလာတဲ့ အကျဉ်းသားမူဆလင်တစ်ဦးရဲ့ သဘောထား

5.12.2017 ရက်နေ့ ရက်စွဲနှင့် ရေးထားတဲ့စာပါ။ မူဆလင်အမည်က ဦးသီဟ(ခ)ဦးဟာမစ်(ဘ)ဦးခင်မောင်ဆွေ၊ ထောင်ဝင်နံပါတ်(မတလ/၁၄/၀၆၀၉၃/က)ဖြစ်ပါတယ်။ သူ့စာထဲမှာတော့ ၂၀၁၄ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ မန္တလေးအဓိကရုဏ်းနှင့်ပတ်သက်ပြီး ရောင်ပြန်ခေါ် ထွန်းထွန်းကိုသတ်မှုနှင့် ထောင်ဒဏ်(၁၀)နှစ် ၅(ည)နှင့်ထောင်ဒဏ် ၅ နှစ် ၁၇(၁)နှင့် ၂နှစ် လဝက၁၃(၁)နှင့် ထောင်ဒဏ် ၁နှစ် စုစုပေါင်း ထောင်ဒဏ် ၁၈နှစ် ချမှတ်ခံရတဲ့အပြင် နိုင်ငံတော်ပုန်ကန်မှု ၁၂၂နှင့် အမှုရင်ဆိုင်ဆဲလို့ သိရပါတယ်။ သူအခု အကူအညီတောင်းလာတာကတော့ အစ္စလာမ်တပ်မတော်ထူထောင်ရန် လူစုခြင်း၊ ရန်ပုံငွေထောက်ပံ့ခြင်း၊ ကောက်ခံခြင်း၊ တရားမဝင်အဖွဲ့အစည်းများ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ တပ်သားသစ်များ လျှို့ဝှက်ပေးပို့ခြင်း အပါအဝင် ...
သတင်း

အစ္စလာမ်မိုက်ဇေးရှင်းဒုက္ခသည် ဂေါ်ရခါးမကြီးမိသားစု ဘေးကင်းရန်ကွာ ချမ်းသာရာသို့ ရောက်ရှိပါပြီ

(3.12.2017)ရက်နေ့က တင်ခဲ့တဲ့ အစ္စလာမ်မိုက်ဇေးရှင်းဒုက္ခသည်(၁) သတင်းပါ ဂေါ်ရခါးမကြီးမိသားစု ဘေးကင်းလုံခြုံရာ ရောက်ရှိသွားပါပြီ။ ဉာဏ်ကောင်းပြီး လိမ္မာယဉ်ကျေးထက်မြတ်တဲ့ သမီးကလေးနှစ်ယောက်နှင့်အတူ ရတနာသုံးပါး၏ အရိပ်အာဝါသသို့ ရောက်ရှိသွားတာပါ။ သမီးလေးနှစ်ယောက်၏ ပညာရေးကိုလည်းတာဝန်ယူတယ်၊ မိခင်ဂေါ်ရခါးမကြီးအတွက်လည်း အလုပ်အကိုင်ရှာဖွေပေးတယ်၊ မိသားစုသုံးဦးလုံး ဘကပညာရေးကျောင်းတိုက်ထဲမှာပဲ အေးချမ်းလုံခြုံစွာ ခိုလုံခွင့်ရရှိသွားတာဖြစ်ပါတယ်။ 8.12.2017 ရက်နေ့မှာ စာရေးသူထံရောက်ရှိပြီး ဒီကနေ့ 9.12.2017 ရက်နေ့မှာပဲ ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးလိုက်တာပါ။ မြေနိမ့်ရာလှံစိုက်ဆိုသလို ဂေါ်ရခါးမကြီးမိသားစုကို မကူညီတဲ့အပြင် သတင်းမှာတွေပေးပို့ပြီး အထင်အမြင်လွဲအောင်လုပ်နေသူများ ရှိကြပါတယ်။ အဲဒီအပြင် ဂေါ်ရခါးမကြီးကို ပိုက်ဆံပေး အဝတ်လျှော်ခိုင်းတဲ့ အနီမတွေရဲ့ ...
သတင်း

မန်း မဟော်သဓာမှာ ခဏတာ

ဒီကနေ့ နတ်တော်လပြည့်ကျော် ၅ရက် 8.12.2017 ရက်နေ့ မနက်ပိုင်းမှာ မန်း မဟော်သဓာဆီသို့ ရောက်ခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီး ဘဒ္ဒန္တကုသလနှင့်အတူ တမာတန်း သစ်စိမ့်တိုက်မှ နောင်တော်ကြီး ဦးဝါသဝတို့လည်း လိုက်ပါကြည့်ရှု အားပေးကြပါတယ်။ မြင်းခြံမဘသ မြန်မာထရမ့်ဟိုတယ်မှ ကိုကျော်ကြီးနှင့်အဖွဲ့လည်း ရောက်လာကြပါတယ်။ ဝိုင်းတော်သားတွေနှင့်အတူ မဟော်သဓာမြေကွက်မှာ စာသင်ဆောင်၊ အိပ်ဆောင်၊ နားနေဆောင်၊ ရေတွင်း၊ ရေစဉ်၊ အားကစားကွင်း၊ အလံတိုင် စသည်တို့ စနစ်တကျရှိစေဖို့ အင်ဂျီနီယာဆရာမလေးတွေနှင့် သွားရောက် တိုင်းတာရင်း ဆောက်လုပ်ဆဲ မုခ်ဦးအခြေအနေကို လေ့လာခဲ့ပါတယ်။ မုခ်ဦးကြီးကတော့ ဟဲဗီးကြီးပေါ့ဗျာ။ အိတ်စိုက်လူမိုက်ကြီး ဝီရမိုးကိုဦးနှင့် ...
သတင်း

ဒီမိုကရေစီနိုင်ငံဆိုတာ သာလယံဇရပ်ပေါ်က ဖာခန်းမဟုတ်

ဒီဝန်ချုပ်က ခုချိန်ထိ ဘုံရန်သူဆိုတာ ဘယ်သူမှန်း မသိသေးဘူး။ သူတို့ကိုးကွယ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ အမျိုးသားရေးသမားမှန်း သိပုံမပေါ်ဘူး။ nationalism နဲ့ nationalistလောက်ပဲ သိပုံရတယ်။ national interestကို သိပုံမရဘူး။ ဝမရှိဘဲနဲ့ ဝိမလုပ်နဲ့။ အမျိုးသားရေးအခြေမခံဘဲ ဒီမိုကရေစီရေး မလုပ်နဲ့ အမျိုးသားရေးမပါတဲ့ဒီမိုကရေစီအရေးဟာ ဇရပ်ပေါ်က ဖာခန်းလိုပဲဗျ။ ဝီရသူ( မစိုးရိမ်) 8.12.2017. pm 8:48 @ @ @ @ “အမျိုးသားရေးဝါဒသည် ဒီမိုကရေစီအတွက် စိန်ခေါ်မှုဟု မန္တလေးဝန်ကြီးချုပ်ပြော” ============================================ မန္တလေး၊ ဒီဇင်ဘာ ...
သတင်း

ကလောမုဒိမ်းမှု တရားလိုပြသက်သေ စည်းရုံးခံရ

လွန်ခဲ့တဲ့ 22.1.2017ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကလောမြို့ ကျေးလက်ရတနာပညာရိပ်သာပိုင်ရှင် ဦးတော်မီအောင်က ၄င်းအဆောင်နေ ကျောင်းသူမလေးကို တစ်ဖက်လှည့်ဖြင့် အိမ်ခေါ်ကျင့်တဲ့အမှုပါ။ ဦးတော်မီအောင်က ပါတီပိုင်းရော အာဏာပိုင်အပိုင်းမှာပါ သြဇာကြီးမားသူဖြစ်တဲ့အပြင် ငွေကြေးတတ်နိုင်သူဖြစ်သောကြောင့် အမှုကို ပေါ့သည်ထက်ပေါ့အောင် လျော့သည်ထက်လျော့အောင် စည်းရုံးနိုင်စွမ်းရှိသူဖြစ်ပါတယ်။ တရားလိုပြသက်သေအဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံထားပြီး မိန်းကလေးအချင်းချင်း စာနာတာရော ကျောင်းသူအချင်းချင်း ဖြစ်တာရော ကလေးပီပီ မဟုတ်မခံချင်စိတ် ကြီးမားတာရောကြောင့် အမှန်အတိုင်း ထွက်ဆိုပေးပါမယ်လို့ ကတိပြုထားတဲ့ ကျောင်းသူမလေးဟာ ပြီးခဲ့တဲ့ ၂၀.၁၁.၂၀၁၇ ရက်နေ့ ရုံးချိန်းမှာ ဦးတော်မီအောင်ဘက်ကနေ ထွက်ဆိုသွားပါတော့တယ်။ ဦးတော်မီအောင်၏ ...