Monthly Archives: December 2018
သတင်း
ဗီယက်နမ် မိသားစု အလှူတော်
ဒီနေ့ နတ်တော်လဆန်း (၉)ရက် (၁၆.၁၂.၂၀၁၈)ရက် နံနက်ပိုင်းမှာ ဆွမ်းလောင်းလှူပါတယ်။ ဆွမ်းနဲ့အတူ နဝကမ္မအလှူငွေ ၂၀၀၀ ကျပ်စီလောင်းလှူပါတယ်။ အလှူရှင်များကတော့ အမေရိကန်နိုင်ငံနေ ဗီယက်နမ် မိသားစုဖြစ်ပါတယ်။ ၄င်းအဖွဲ့ကို ဦးဆောင်သူကတော့ ဗီယက်နမ် ရဟန်းတော် ဦးပညာဝရနှင့် ဦးကုသလဂုဏ တို့ဖြစ်ပါတယ်။ ၄င်းတို့နဲ့ အတူ ကမ္ဘောဒီယားမှ ရဟန်းတော်များနဲ့ ဒကာ/မ များလည်း ပါဝင်လှူဒါန်းကြပါတယ်။ မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသထံ လှူဒါန်းထားသော ကိုရီုးုယားကျောင်းဒကာ ဒကာမများ အလှူငွေ (၁၀’၀၀၀)ကျပ်စီကိုလည်း မစိုးရိမ်တိုက်သစ် ကျေုာင်းဒကာမများက ကူညီလှူဒါန်းပေးပါတယ်။ ဆွမ်းလောင်းအပြီးမှာ တရားနာရေစက်ချကြပါတယ်။ ...
သတင်း
၂၀၁၈ တိံသတိမ ဓမ္မသဘင် (ရန်ကုန် လှိုင်သာယာ)
နတ်တော်လဆန်း (၇)ရက် (၁၄.၁၂.၂၁၀၈)ရက်နေ့ ည(၈း၀၀)နာရီ လှိုင်သာယာမြို့နယ်၊ ကုလားကြီးစုရပ်ကွက် ၊ သ က မ ၁၊ တိုးချဲ့၊ ဒဂုံဧရာအဝေးပြေးဝန်း မိသားစုနှင့် ဗုဒ္ဓမေတ္တာ ပရဟိတ အဖွဲ့မှ ကြီးမှူးကျင်းပအပ်သော (ဒုတိယ) အကြိမ်မြောက် အထူးဓမ္မပူဇာ အထူးတရားသဘင်။ (၃၀)ကြိမ်မြောက် တရားပွဲပါ။ စက်ရုံအလုပ်ရုံတွေပေါတဲ့ လှိုင်သာယာမှ အလုပ်သမား အလုပ်သမ အမျိုးအတွေအတွက် ဆောင်ကောင်း လေးတစ်ခုပေးခဲ့ပါတယ်။ နမောတဿ အဆောင်ပါ။ မူလပဏ္ဏာသပါဠိတော် စူဠိဟတ္ထိပဒေါပမ (ဆင်ခြေရာ ဥပမာပြ) သုတ္တန် ဟောကြားခဲ့ပါတယ်။ လက်တွေ့လည်း ...
သတင်း
သတင်း
မြင်းမူ ကျောင်းပန္နက်ချပွဲ
နတ်တော်လဆန်း(၃)ရက် (၁၀.၁၂.၂၀၁၈) စစ်ကိုင်းတိုင်း မြင်းမူမြို့ရေဝန်မင်းသားကျောင်းမှာ ကျင်းပပါတယ်။ ရေဝန်မင်းသား သာမဏေကျော် စာသင်တိုက်ဖွင့်လှစ်နိုင်ဖို့အတွက် နှစ်ထပ်ကျောင်းဆောင် စတင် ဆောက်လုပ် တာပါ။ ကျောင်းဒါယကာ ဒါယိကာမများကတော့  ဓမ္မာရုံ အလှူရှင်တွေပါပဲ စစ်ကိုင်းမြို့မှာနေပါတယ်။ သံဃာတော် များက ကမ္မဝါရွတ်ဖတ်ပြီး မြေသန့်မင်္ဂလာပြုလုပ်ကာ ဇယန္တောဗောဓိယာမူလေ အောင်ဂါထာ ရွတ်ဆို နေချိန်မှာ ဒကာများက ပန္နက် ရိုက်ကြတာပါ။ ရေဝန်မင်းသား ဆရာတော်ကြီးက ကိုရင်မရှိ ကျောင်းသားမရှိ ဥဇင်းမရှိဘဲ တစ်ပါးတည်း နေထိုင်လာရမှ သာမဏေကျော် စာသင်တိုက် ဖွင့်ချင်လို့ စာရေးသူကို ...
သတင်း
အမျိုးဘာသာ သာသနာ အတွက် ကျော်မျိုးရွှေ ပြန်လာပြီ
(၅.၁၂.၂၀၁၈) နေ့မှာ ကိုကျော်မျိုးရွှေ အင်စိန်ထောင်မှ လွတ်ပါတယ်။ မန်းသပိတ်စခန်း ဦးဆောင်သူ ဟုဆိုကာ ထောင် တစ်နှစ်ခွဲ ချခံခဲ့ရတာပါ။ လွတ်ရက်စေ့လို့ လွတ်ခဲ့ပါပြီ ရန်ကုန်မျိုးချစ်သမဂ္ဂမှာ ဆွမ်းကပ်ပြီး အမျိုးသားရေး အင်အားစုများနှင့် မိတ်ဆုံစားပွဲ ကျင်းပပြီးပါပြီ။ ဒီနေ့ (၁၁.၁၂.၂၀၁၈)နေ့မှာ မန်းသို့ပြန်ရောက်ပါတယ်။  သဟာကျောင်းသို့ မွန်းတည့် (၁၂း၀၀)နာရီမှာ ရောက်ရှိပါသည်။ မန်း အမျိုးသားရေး မိသားစုများက ဝမ်းသာ အားရကြိုဆိုကြပါတယ်။ ကိုကျော်မျိုးရွှေအား ၆၆ (ဂ)နဲ့ အဆွဲခံထားရတာကြောင့် ရန်ကုန်ပြန်ပြီး အမှုရင်ဆိုင် ရပါအုန်းမယ်။ ကြမ်းခင်းဈေးက (၆)လပေါ့ဗျာ။ ကိုကျော်မျိုးရွှေ အားမွေးနေပါဗျာ။  ဝီရသူ (မစိုးရိမ်) ...
သတင်း
တာဝန်တွေ ပြီးဆုံးတော့မှာလား
မန်း-မဟော်သဓာကိစ္စ ပြင်းထန်လာရင် ပြည်သူတွေ ပေါက်ကွဲတော့မယ်လို့ သုံးသပ်နေကြပါတယ်။ အခြေခံဥပဒေမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားသော်လဲ ဗုဒ္ဓဘာသာကို အခြားဘာသာတွေနဲ့ တန်းတူထားလို့ မဖြစ်နိုင်ဘဲ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများကသာ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ဦးသိန်းစိန် နိုင်ငံတော်သမ္မတ (ငြိမ်း)ကလဲ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မဟာဂန္ဓာရုံအလှူလာစဉ်မှာ ပြောသွားပါတယ်။ မဟော်သဓာကျောင်းဆိုတာ လောကီပညာရေးအပြင် ဘာသာသာသနာယဉ်ကျေးမှု အမွေအနှစ်တွေကိုပါ ထိန်းသိမ်းစောင့်ရှောက်ဖို့ သင်ပေးတာဖြစ်လို့ အခြေခံလူတန်းစား ကလေးတွေအပြင် စစ်ဗိုလ်ချုပ်သားသမီးတွေနဲ့ သူဌေးသူကြွယ်သားသမီးတချို့ပါ တက်ရောက်နေတဲ့ ကျောင်းမျိုး ဖြစ်တာမို့ NLD အစိုးရ အနေနဲ့ ကူညီရမယ့်အစား ...
သတင်း
ချစ်စရာ တပည့် နှင့် ပစ်စရာ တပည့်
စာသင်သားလောက စာသင်သံဃာတို့တွင် တွေ့ကြုံရလေ့ရှိသော စာသင်သားများ အနက် ချစ်ရာကောင်း သူ၊ နှစ်စရာကောင်းသူ ပစ်စရာကောင်းသူများကား နေရာမလွဲ ရှိတတ်ကြပေသည်။ ချစ်စရာကောင်းသူကလည်း အသွင်မျိုးမျိုး ရှိလေသည်. စာကြိုးစားသောကြောင့် ချစ်စရာကောင်းသူ၊ စာတော်ကြောင့် ချစ်ရာကောင်းသူ၊ ထူချွန် ထက်မြက်သောကြောင့်၊ အနေထိုင်ကောင်းသောကြောင့်၊ လိမ္မာသောကြောင့် ချစ်စရာကောင်းသူ စသည်ဖြင့် များစွာ ရှိလေသည်။ ထိုသူတို့သည် ဆရာကောင်းတပည့်များ ဖြစ်သောကြောင့်၊ ဝါသနာပါသူဖြစ်သောကြောင့်၊ ပါရမီရှင် ဖြစ်သောကြောင့် အစရှိသည်ဖြင့် လိမ္မာရည်မွန်ရခြင်း၊ ထူးချွန်ထက်မြက်ရခြင်းတို့၏ အကြောင်းများစွာ ရှိကြပြန်လေ သည်။ ဝါသနာမပါ၊ ပါရမီရှိမဟုတ်၊ ...
သတင်း
မစိုးရိမ်တိုက်သစ် အံသကိုဋ် အလှူတော်
တန်ဆောင်မုန်းလ္ဆုတ် (၁၅)ရက် 7.12.2018 ညနေ (၆း၀၀)နာရီမှာ ကျင်းပပါတယ်၊ သံဃာတော်များ စုပေါင်း ဘုရားဝတ်တက်အပြီးမှာ လှူဒါန်းတာပါ။ သိုးမွှေး အံသကိုဋ်တစ်ထည်စီ လောင်းလှူခြင်းဖြစ်ပါတယ်။ အလှူရှင်များကတော့ ထိုင်နိုငံ၊ မဲဆောက်မြို့ ATA မဟာဖုလဖား သိုးမွှေးစက်ရုံမှ ဖိသော်+ဖိဟွား၊ ကိုမင်း ငြိမ်း+မသင်း သရုပ်ဆောင်နန်းသီတာထွေး၊ စစ်မှန်သော ညီအစ်ကိုများ ဖြစ်ပါတယ်။ ထိုင်နိုငံမှာ ချုပ်လုပ်ပီး မြဝတီမှ တစ်ဆင့် ပေးပို့လှူဒါန်းတာပါ၊ မြဝတီမှ မန်းသို့ ကုသိုလ်ဖြစ် ပို့ဆောင်ပေး သူကတော့ သံသရာခရီးသည်ကြီး ဖြစ်ပါတယ်။ သံသရာခရီးသည်ကြီးဟာ တစ်နိုင်ငံလုံး ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မန်းမဟော်သဓာအတွက် ဘတ်ငွေအလှူ
အရှင်ဓမ္မာနန္ဒဇောတိ (ဓမ္မနွယ်)ထံသို့ မန်းမဟော်သဓာအတွက် အလှူရှင်များ လှူထားသည့် ဘတ်ငွေစာရင်းများကို အောက်ပါအတိုင်း တင်ပြထားပါတယ်။ ဦးမာဃ၊ မင်းလှ ဘတ်ငွေ ၁၀၀၀ ဦးဝိဇ္ဇောတ၊ မင်းလှ၊ ဘတ်ငွေ ၂၂၂၀ ဦးအဂ္ဂဉာဏ ၊ အောင်လံ၊ ဘတ်ငွေ ၁၀၀၀ ဦးဣန္ဒက၊ သရက်၊ ဘတ်ငွေ ၅၀၀ ဦးဥတ္တမ၊ ပြင်ဦးလွင် ဘတ်ငွေ ၅၁၀ စုစုပေါင်း ဘတ်ငွေ ၅၂၃၀ ဖြစ်ပါကြောင်း။ (မုဒိတာရပ်ဝန်းမှာ ဆက်လက်တင်ပြပေးသွားပါမယ်။)
မန်းမဟော်သဓာသတင်း
မန်းမဟော်သဓာ စက်ရေတွင်းအလှူတော်
တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက် (6.12.2018)ရက်နေ့၊ မနက် ၇း၀၀ နာရီ၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန်းမဟော်သဓာအမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ရှင်းလင်းဆောင်မှာ ကျင်းပပါတယ်။ မဟာဝိဇယဆရာတော်ကြီး ဘဒ္ဒန္တဝိစာရ ကြွရောက်ချီးမြှောက်ပါတယ်။ သံဃာတော်များအား အလှူရှင်များက အရုဏ်ဆွမ်းဆက်ကပ်ပြီး ရေစက်ချအနုမောဒနာတရား နာယူကြပါတယ်။စက်ရေတွင်းအလှူရှင်များကတော့ ဦးမိုးဆွေ+ဒေါ်ထိန်မေစန်း၊ သား အောင်ဟိန်းသူ၊ သမီး ထက်ရွှန်းလဲ့ မိသားစုတို့ ဖြစ်ပါတယ်။ သား မောင်အောင်ဟိန်းသူ အသက်(၂၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရေစက်ချပွဲပြုလုပ်တာ ဖြစ်ပါတယ်။ ရေတွင်းကတော့ တူးပြီးတာ တော်တော်ကြာပါပြီ။ ဒီရေတွင်းမှရေကို ကျောင်းအတွက် သုံးစွဲသလို ကျေးရွာအတွက်လည်း ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၁)ခန်းစာအတွက် မန္တလေးမြို့၊ ၁၉ လမ်း၊ ၆၃×၆၄ လမ်းကြား၊ ဦးသီဟမောင်မောင်+ဒေါ်ဝေလှိုင်ဖြိုး၊ သား ဟိန်းသန့်၊ သမီး သွန်းသိမ့်သိမ့်သူ (ရွှေလက်ရာမုန့်ဟင်းခါး)မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (16.11.2018) အလှူရှင် မိသားစုနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ “မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၂၂)” မန္တလေးမြို့ ...
မုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မန္တလေးမြို့၊ ၇၇×၇၈ လမ်းကြား၊ ၂၇×၂၇ လမ်းကြား၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာဌာန ဝန်ထမ်းအိမ်ရာ၊ ဦးသန်းဌေး+ဒေါ်ခင်လှ မိသားစုမှ အလှူငွေ ၅၀၀၀၀ိ (ငါးသောင်းကျပ်) လှူဒါန်းပါသည်။ (2.12.2018) ဦးသန်းဌေး+ဒေါ်ခင်လှ မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၆၅
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ ၇၇×၇၈ လမ်းကြား၊ ၂၇×၂၇ လမ်းကြား၊ တိုင်းလျှပ်စစ်အင်ဂျင်နီယာဌာန ဝန်ထမ်းအိမ်ရာ၊ ဦးသန်းဌေး+ဒေါ်ခင်လှ မိသားစုမှ အလှူငွေ ၃၀၀၀၀၀ိ (သုံးသိန်းကျပ်) လှူဒါန်းပါသည်။ (2.12.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ ...
ဝီရသူဖောင်ဒေးရှင်းမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော်- ၄၂)
ဝီရသူဖောင်ဒေးရှင်းအတွက် ကျောက်ဆည်မြို့၊ ဦးသန်းထွေး+ဒေါ်အေးမေ၊ သားသမီး မြေးတစ်စုမှ အလှူငွေ ၁၅၀၀၀၀၀ိ (တစ်ဆယ့် ငါးသိန်းကျပ်) လှူဒါန်းပါသည်။ (6.12.2018) ယခုဆိုလျှင် ၁။ ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁၅၀၀၀၀ ကျပ်၊ ၂။ အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ်ရေး) မိသားစုတို့က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်၊ ၃။ ကိုဇော်ဇော်ထွန်း+မတင်တင်မြိုင်၊ သား-ထူးမြတ်ဇေယျာ၊ သမီး-သိင်္ဂီဝင့်ဇော်၊ ကျောက်ဝိုင်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး မိသားစုက အလှူငွေ ...
သတင်း
မတ္တရာ ရန်ကင်းမစိုးရိမ်တိုက်သစ်သို့ အလည်တစ်ခေါက်
တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက် (1.12.2018)ရက်နေ့၊ ညနေပိုင်းမှာ မတ္တာရာမြို့၊ ရန်ကင်းမစိုးရိမ်တိုက်သစ်သို့ သွားရောက်ခဲ့ပါတယ်။ မတ္တရာမြို့၊ ဇေယျာသနမစိုးရိမ်တိုက်သစ်၊ ကျောင်းရေစက်ချပွဲလာရောက်ရင်း သူငယ်ချင်းရှိရာ ရန်ကင်းမစိုးရိမ်တိုက်သစ်သို့ သွားရောက်ကြခြင်း ဖြစ်ပါတယ်။ သူငယ်ချင်းများဖြစ်တဲ့ နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော် ဦးအဂ္ဂဓမ္မ၊ ဓမ္မပါကဋကျောင်းနာယကကျောင်းဆရာတော် ဦးနန္ဒ၊ အရှေ့ခင်မကန်တိုက် ကထိန်တော်ကျေင်းဆရာတော်လေး ဦးပညာသီရိ၊ ဓမ္မပါရဂူကျောင်းနာယကဆရာတော် ဦးဇနကတို့နဲ့ သွားကြတာပါ။ ရန်ကင်းမစိုးရိမ်တိုက်သစ်ဆရာတော်လေး ဦးစန္ဒာသီရိက စာရေးသူတို့ထက် နှစ်စောပြီး သကျသီဟကျမ်းပြီးသွားသူပါ။ စာရေးသူအောက် တစ်ဝါငယ်ပါတယ်။ ရောက်တုန်းရောက်ခိုက် ဆက်စပ်မိသမျှတွေပြောကြရင်း ကိုရင်လေး ဦးဇင်းလေးများက လာရောက်ကန်တော့တာကြောင့် သြဝါဒပေးခဲ့ရပါတယ်။ မြတ်စွာဘုရားသာသနာတော်ကို ဘယ်လိုထူထောင်ခဲ့သလဲ၊ ဘယ်လိုဦးဆောင်ခဲ့တာလဲဆိုတာလေးတွေ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၆၄”
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ပဲခူးမြို့၊ ဦးကျင်မောင်+ဒေါ်သိန်းရင်၊ (အစ်ကို) ဦးအေးမြင့်တို့အားရည်စူး၍ ဦးတင်မောင်အေး+ဒေါ်နုနုရီ မိသားစုမှ အလှူငွေ ငါးသောင်းကျပ် လှူဒါန်းပါသည်။ (2.12.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...
မန်းမဟော်သဓာသတင်း
မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၁)ခန်းစာအတွက် မန္တလေးမြို့၊ ၃၈ လမ်း၊ ၇၃ လမ်းထောင့်၊ ဦးဇော်ဇော်လှိုင်+ဒေါ်သီတာထွေး၊ သား နေစိုးဟိန်း၊ ဟိန်းပြည့်ဇော် (ရွှေလက်ရာမုန့်ဟင်းခါး)မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (16.11.2018) အလှူရှင် မိသားစုနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ “မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၂၁)” မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ...
မုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)
ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (3.12.2018) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း
ဧကူနတိံသတိမ ဓမ္မသဘင် (ရန်ကုန်-သင်္ဃန်းကျွန်း)
တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက် (3.12.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၅)ရပ်ကွက်၊ ဇေယျသုခလမ်း၊ အဖြူရောင်နှလုံးသားပိုင်ရှင် ပရဟိတသွေးလှူရှင်အဖွဲ့နှင့် ပရဟိတညီအစ်ကိုမောင်နှမများ စုပေါင်းကျင်းပအပ်သော ဒုတိယအကြိမ် နှစ်ဦးအကြိုဓမ္မသဘင်။ ၂၀၁၈ ခုနှစ်ရဲ့ ၂၉ ခုမြောက် တရားပွဲပါ။ ထုံးစံအတိုင်း မနှောင့်ယှက်ရရင် မနေနိုင်တဲ့ အသိုင်းအဝိုင်းက စာတွေပစ်တာ၊ ပုံတွေကပ်တာတွေနဲ့ လူမလာအောင် ကြံစည်ကြပါတယ်။ တရားပွဲကျင်းပသူ လူငယ်လေးများက အခက်အခဲအကြပ်အတည်းများကို သည်းခံပြီး ပွဲဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ အောင်မြင်သွားတာပါ။ စစ်ကိုင်းဆရာတော်ကြီးကို ဖူးမြော်ပူဇော်ပြီး ကျောင်းဒကာ ဒကာမများနှင့် တွေ့ဆုံခဲ့ပါတယ်။ကျောင်းဒကာကြီးက ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၆၃
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ပဲခူးမြို့နယ်၊ ဆယ်မိုင်ကုန်းရွာ၊ ဦးဇာနေယျမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (19.11.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ...