Monthly Archives: July 2017

မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၁၉)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် မန္တလေးမြို့ ဗောဓိကုန်းနေ မခင်သန်း(ခေတ္တ-တောင်ကြီး)မှ အလှူငွေ ၁၀၀၀၀၀ (တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ (16.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၉,၄၅၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၆,၆၅၅,၅၀၀ (တစ်ထောင့်ခုနစ်ရာခြောက်ဆယ့် ...
ထုတ်ပြန်ကြေညာချက်သတင်း

အမျိုးသားတိုးတက်မြင့်မားရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက်

စာအမှတ်-၆/၂၀၁၇ နေ့စွဲ-ဇူလိုင် ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ ဇူလိုင်လ ၁၅ ရက်နောက်ဆုံးထား၍ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များရှိ မ.ဘ.သ အဖွဲ့များ အမည်ပြောင်းလဲခြင်းနှင့် ဆိုင်းဘုတ် ဖြုတ်သိမ်းခြင်းများမပြုပါက မ.ဟ.န ဆုံးဖြတ်ချက်အတိုင်း သက်ဆိုင်ရာ ပြည်နယ်အစိုးရများမှ ဆက်လက်ဆောင်ရွက်သွားမည်ဟုနိုင်ငံပိုင်ရုပ်သံမှထုတ်လွှင့်သွားသည်။ မ.ဘ.သ အဖွဲ့ဆိုင်းဘုတ်များကို (၁၅.၇.၂၀၁၇) ရက်တွင် နောက်ဆုံး ထား၍ အပြီးအပိုင်ဖြုတ်သိမ်းပေးရန် မ.ဟ.န မှ ထုတ်ပြန်ထားပြီး အဆိုပါ ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ ၂၀/၉၀ ဖြင့် အရေးယူ သွားမည်ဖြစ်ပြီး လူပုဂ္ဂိုလ်ဖြစ်ပါက ...
သတင်း

စည်းလုံးညီညာ အောင်ကြောင်းဖြာ

မန်း မ.ဘ.သ ဝိုင်းတော်သားများ ဒီကနေ့ 17.7.2017 ရက်နေ့ ညနေ ၅း၀၀ နာရီမှာ စည်းဝေးတိုင်ပင်ကြပါတယ်။ အတွင်းရေးမှူးချုပ်ဆရာတော်ကြီးအပါအဝင် ဆရာတော်သံဃာတော်များ မျိုးချစ်ဇာနည်မောင်မယ်များ အစုံအလင် တက်ရောက်ကြပါတယ်။ မ.ဘ.သ ရုံးကို လာရောက်စောင့်ရှောက်နေကြသည်မှာ တစ်ပတ်ပြည့်ပါပြီ။ အားလုံးဟာ ဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်တစ်ခုတည်းနဲ့ လာရောက်စောင့်ရှောက်နေကြခြင်း ဖြစ်ပါတယ်။ အကယ်၍ အစိုးရက အကြမ်းဖက်ဖြိုခွင်းလာရင်တောင် အကြမ်းဖက်တုန့်ပြန်ခြင်း လုံးဝမပြုဘဲ အနာခံပြီး ကာကွယ်စောင့်ရှောက်သွားကြဖို့ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။ သံဃာတွေကိုထိရင် သည်းမခံနိုင်တဲ့လူငယ်တွေအတွက် ဆုံးမသြဝါဒတွေ တစ်ပါးချင်း ပေးကြပါတယ်။ ခံစစ်ကောင်းရင် တိုက်စစ်လန်ရတာပါပဲ။ ဒီနည်းဗျူဟာနဲ့ အမျိုးဘာသာ သာသနာအတွက် ...
သတင်း

စစ်တွေမှာ အပန်းဖြေစရာ

11.7.2017 မှ 15.7.2017 ထိ ရခိုင်ပြည်နယ် မောင်တောခရီးစဉ် နောက်ဆုံးနေ့ 15.7.2017 ညနေပိုင်းမှာ စစ်တွေမြို့ ပုသိမ်ကျောင်းဆရာတော်ကြီးအား ဖူးမြော်ပူဇော်ပြီး မ.ဘ.သ နောင်တော်ညီတော်များနှင့်အတူ မျိုးချစ်များအားလုံး 2012 ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နေရာများကို လှည့်လည်ကြည့်ရှု့ခဲ့ပါတယ်။ အဲ့ဒီနောက် ပင်လယ်ကမ်းစပ်မှာ ပင်လယ်လေကိုအဝရှူရင်း အပန်းဖြေကြပါတယ်။ ရာသီဥတုကသာယာ၊ လေကလေးက တဖြူးဖြူး အငံဓာတ်ပါတဲ့ ဆားငွေ့လေကိုရှူရတာ နှာခေါင်းထဲကို စူးရှသွားအောင် လေးနက်ပါတယ်။ ဝမ်းဗိုက်ထဲ ရှင်းသွားအောင် ထိရောက်ပါတယ်။ ပင်လယ်လေရှူလိုက် သက်သောင့်သက်သာနားလိုက် ရယ်စရာမောစရာပြောလိုက် စုပေါင်းဓာတ်ပုံရိုက်လိုက်နဲ့ ဘဝအမောတွေ ပြေသွားလောက်အောင်ကို အရသာရှိပါတယ်။ စစ်တွေသူစစ်တွေသား ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၁၈)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် သာစည်မြို့နေ မိခင်ကြီးဒေါ်ထွေးထွေးအား အမှူးထား၍ ဦးဇော်ဝင်းနိုင်+ဒေါ်ချစ်စုဝင်း မိသားစုမှ အလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းစဉ်။(9.7.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၉,၃၅၅,၅၀၀ သိန်းကျပ်။ စုစုပေါင်း – ၁၇၆,၅၅၅,၅၀၀ (တစ်ထောင့်ခုနစ်ရာခြောက်ဆယ့်သိန်း ...
သတင်း

ဆိုင်းဘုတ်ဖြုတ်တဲ့နေ့ဟာ တိုင်းပြည်ပျက်တဲ့နေ့ပဲ

ကျေးဇူးရှင် ဇွဲကပင်ဆရာတော်ကြီး၏ ပြတ်သားသော မိန့်ခွန်းတော်ဖြစ်ပါသည်။ ဝီရသူ(မစိုးရိမ်) ================================================= ကရင်ပြည်နယ် မဘသ ဥက္ကဋ္ဌ ဆရာတော်နှင့် တွေ့ဆုံခြင်း ————————————————————————- မြန်မာနိုင်ငံအတွင်း စိုက်ထူထားသော မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ အပြီးဖြုတ်သိမ်းရန် မေလ ၂၃ ရက်၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) က ထုတ်ပြန်ခဲ့သည်။ သို့သော် ကရင်ပြည်နယ်နှင့် မန္တလေး တိုင်းဒေသကြီးတွင် မဘသဆိုင်းဘုတ်များ ဖြုတ်သိမ်းမည် မဟုတ်ကြောင်း သက်ဆိုင်ရာ မဘသအဖွဲ့များက ထုတ်ပြန်ခဲ့သည်။ ယင်းအခြေအနေများကို သိရှိနိုင်စေရန် ...
မုဒိတာရပ်ဝန်းသတင်း

“မုဒိတာရပ်ဝန်း” (လောကအလင်း ပညာရေးအလှူ)

ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်း ပညာရေးအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာ၌ လွယ်ကူချောမော၍ အဆင်ပြေ ပြီးမြောက်စေခြင်းအကျိုးငှာ ရန်ကုန်မြို့နေ ဦးငြိမ်းချမ်းသာ (မဟာဝီရ ရသစုံမဂ္ဂဇင်း အယ်ဒီတာ)မှ အလှူငွေ ၁၉၈၀၀၀ိ။ (တစ်သိန်း ကိုးသောင်း ရှစ်ထောင်)ကျပ် လှူဒါန်းပါသည်။ (၂၇.၆.၂ဝ၁၇) အခုအကြိမ်သည် (၁၁)မြောက်လှူဒါန်းခြင်း ဖြစ်ပါသည်။ ၁။ ၈.၈.၂ဝ၁၆ နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၂။ ၁၄.၉.၂ဝ၁၆ နေ့က (၁၇၀၀၀၀ိ။)ကျပ်၊ ၃။ (၁၅.၁ဝ.၂ဝ၁၆)နေ့က (၁၈၀၀၀၀ိ။) ကျပ်၊ ၄။ (၁၈.၁၁.၂ဝ၁၆)နေ့က ...
ဂျာနယ်သတင်း

အတုမရှိဂျာနယ် အတွဲ(၄) အမှတ်(၆) ထွက်ပြီ

ယခုထွက်ရှိလာတဲ့ 16.7.2017 နေ့ထုတ် အတုမရှိ အမျိုးသားရေးဂျာနယ် အတွဲ(၄) အမှတ်(၆)မှာ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သရဂ္ဂါရွာမရွာကျောင်းဆရာတော် ဘဒ္ဒန္တဝါရိန္ဒ၏ သြဝါဒကထာ၊ ရှင်မတောင်ဆရာတော်၏ ရွှေလက်ဖြင့်ကြိုဆိုနေပါသည်၊ မန္တလေးသား၏ အနာဂတ်မြန်မာပြည်အတွက်..၊ အရှင်ဣန္ဒာစက္ကာဘိဝံ (မစိုးရိမ်)၏ ဒဏ်ကြီးထိုက်မယ် သတိထား၊ ငချို(ကြောင်ဒူး)၏ သူများမကောင်းကြံ ကိုယ်သာခံရ၊ သွေးသစ်စိုး၏ ရှုံးနိမ့်နေတဲ့ ယဉ်ကျေးမှုတိုက်ပွဲ၊ မြင်းမူရွှေမင်းသား၏ မင်္ဂလာရနံ့ သင်းပျံ့ကြိုင်ပေ မြင်းမူမြေ၊ သားမောင်ချစ်၏ သုဝဏ္ဏဝတီမြို့ အထူးထပ်ဆင့်ရှင်းလင်းပွဲ၊ သန့်ဇင်ထဋ်၏ ဘင်္ဂလီသောင်းကျန်းမှုများ၊ ဝင်းမော်(ရွှေသံစဉ်)၏ R2P၊ အရှင်စန္ဒဇောတိ(ပါဠိပါရဂူ၊ ပိဋကတ်တစ်ပုံဆောင်)၏ ဓမ္မဒူတအရှင်ပညာဝရ၏ အမျိုးစောင့်နှလုံးသား၊ ဝီရသူ(မစိုးရိမ်)၏ ငြိမ်းချမ်းစွာအတူယဉ်တွဲနေထိုင်ခြင်း(၅)၊ ဒီဒီ (ရွှေခြံသား)၊ မိုးတိမ်(ရွှေကာ)၊ ပုညခေတ်(မန္တလေး)၊ လင်းကျော်(ဧရာဝတီ)တို့၏ ...
သတင်း

မ.ဘ.သ ဆိုင်းဘုတ်လုံခြုံရေး အရှိန်အဟုန်မြှင့်တင်ပေး

ဒီကနေ့ 16.7.2017 ညဦးပိုင်းမှာ မန္တလေးသို့ ပြန်လည်ရောက်ရှိပါပြီ။ မန်း မ.ဘ.သ ဝိုင်းတော်သားများနှင့်အတူ မန်း မ.ဘ.သ ရုံးစိုက်ရာ ကင်းဝန်မင်းကြီးတိုက် အကျော်ကျောင်းသို့ အရင်သွားပါတယ်။ အကျော်ကျောင်းမှာ မန်း မ.ဘ.သ ဆိုင်းဘုတ်ကို နေ့စဉ်စောင့်ရှောက်နေကြသော အတွင်းရေးမှူးချုပ် ဆရာတော်ကြီးနှင့်အတူ နောင်တော်ညီတော်များ မျိုးချစ်မောင်မယ်များ စုံလင်စွာ တွေ့ရပါတယ်။ ခရီးစဉ်အကြောင်း အမျိုးဘာသာ သာသနာအကြောင်း မ.ဘ.သ ဆိုင်းဘုတ်ကြီးအကြောင်း စတာတွေ ပြောကြဆိုကြဆွေးနွေးကြရင်း မ.ဘ.သ ဆိုင်းဘုတ်နှင့် အတုမရှိဂျာနယ်ဆိုင်းဘုတ်ကြီးနောက်ခံထားပြီး စုပေါင်းဓာတ်ပုံရိုက်ကြပါတယ်။ စာရေးသူမရှိခင် နောက်တန်းခံတပ်မှူးများ ဆိုင်းဘုတ်ကို လုံခြုံအောင် ...
သတင်း

နေရာမှန်သော အတ္တ(၂)

သာသနာ ဆုတ်ယုတ်ကြောင်း အခြားသော အကွဲအပြဲများလည်း ရှိသေးပါသည်။ ပရိယတ်ပဋိပတ် ကွဲပြားခြင်းဖြစ်၏။ ဦးတည်ချက်ချင်းတူပါလျက် ကွဲသောအကွဲဖြစ်ပါသည်။ ပရိယတ်သည်လည်း နိဗ္ဗာန်ရောက်ကြောင်း၊ ပဋိပတ်သည်လည်း နိဗ္ဗာန်ရောက်ကြောင်းဖြစ်၍ လမ်းစဉ်နဲ့ကျင့်စဉ်သာ ကွာခြားပါလျက် ပရိယတ် ပဋိပတ် အချင်းချင်းတိုက်ခိုက်နေကြသည်မှာ အစဉ်အလာကြီးတစ်ရပ် ဖြစ်နေပါတော့သည်။ တစ်ချို့ရိပ်သာကြီးများမှာ ပရိယတ္တိဆရာတော်များကို လက်မခံလိုကြပါ။ မတတ်သာ၍လက်ခံလိုက်ရလျှင်လည်း ဦးစားပေးလေ့မရှိကြပါ။ တစ်ချို့ဆိုလျှင် နောက်တစ်ကြိမ် မ၀င်နိုင်အောင် ပညာရှိနည်းဖြင့် နှိပ်ကွပ်သည်လည်းရှိပါသည်။ ဤသို့ဖြင့် ရိပ်သာအများစုမှာ အရည်အချင်းမပြည့်စုံသည့် သံဃာများသာ ဦးစီးလာကြပြီး နာမည်ပျက်စာရင်း ၀င်လာကြပါတော့သည်။ ပရိယတ္တိဆရာတော်များကလည်း မာန်ခံနေ၍ တော်ရုံတန်ရုံရိပ်သာကို ...
သတင်း

မ.ဘ.သကို ဓားစာခံမလုပ်ပါနဲ့

“မ.ဘ.သကို ဓားစာခံမလုပ်ပါနဲ့” ဝီရသူ(မစိုးရိမ်)
သတင်း

အရပ်သားဒီမိုကရေစီအစိုးရလက်ထက်ကျမှပဲ

အရပ်သားဒီမိုကရေစီအစိုးရလက်ထက်ကျမှပဲ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုင်းဘုတ်ကို သေနတ်ကိုင်စောင့်ရတဲ့ဘဝမျိုး ရောက်ရှိနေတော့တယ်။ ဝီရသူ(မစိုးရိမ်) 15.7.2017 PM 9:00
သတင်း

နေရာမှန်သော အတ္တ(၁)

နွားချိုလိုကျင့်သူ တစ်နေ့တွင် ကျနုပ်သည် စာမူကိစ္စဖြင့် ရန်ကုန်သို့သွားရလေသည်။ ကျနုပ်ရောက်မဆိုက်ပင် ဆရာတော်တစ်ပါးက သြ၀ါဒပေးလေ၏။ ထိုဆရာတော်ရထားသော ဘွဲ့တံဆိပ်များကို ပန်းလိုသီကုံးလိုက်ပါက ဘွဲ့တံဆိပ်ပန်းကုံးကြီး ခြေဖျားမှဦးခေါင်းထိ ဖုံးလွှမ်းသွားပြီး ပိသေနိုင်လောက်အောင် များပြားသည့် ဘွဲ့တံဆိပ်များ ဆွတ်ခူးရယူခဲ့သော ဆရာတော်ဖြစ်ပါသည်။ စာတတ် ပေတတ်ကျမ်းဂန်တတ် ပိဋကတ်အကျော် စာချဆရာတော်တစ်ပါး ဖြစ်ပါသည်။ ကျနုပ်အား ထိုဆရာတော်ပေးသော သြ၀ါဒမှာ “ဆိုင်ရာသံဃာ့အဖွဲ့အစည်းတွေနှင့် အတိုက်အခံမလုပ်ပါနှင့်၊ သည်းခံပါ၊ အမြင်မတော်လျှင် မမြင်ချင်ဟန်ဆောင်ပါ၊ လျစ်လျူရှုပါ”ဟူ၍ဖြစ်ပါသည်။ ကျနုပ်သည် သြ၀ါဒဆုံးသည်အထိ ဂရုစိုက်ပြီးနားထောင်ပါသည်။ သြ၀ါဒဆုံးသွားသည့်အခါ “ဘုန်းကြီး- ဘုန်းကြီးက ၀ီရသူကို ...
သတင်း

နောက်ဆုတ်စရာ မြေမရှိတော့ရင် အသက်ပေးပြီး ရှေ့ဆက်ချီတက်မယ်(၂)

မေး – ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းမေးချင်ပါတယ်ဘုရား။ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေ ရေးအဖွဲ့ကို ဝင်ခွင့်မပေးဘူးဆိုပေမယ့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖီလစ်ပို ဂရန်ဒီကို တာဝန် ရှိသူတွေက လက်ခံတွေ့ဆုံခဲ့တယ်၊ နောက် ယန်ဟီးလီကလည်းပဲ ဇူလိုင် လ ၁ဝ ရက်ကနေ ၂၁ ရက်နေ့ထိ မြန်မာပြည်ကို လာဦးမယ်လို့လည်း သိရပါတယ်ဘုရား။ သိချင်တာက ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလ သမဂ္ဂရဲ့ သဘောထားရပ်တည်ချက်ကို အရှင်ဘုရားဘယ်လိုသုံးသပ်ပါသလဲဘုရား။ ဖြေ – ကုလသမဂ္ဂက အိုအိုင်စီရဲ့ ခါးပိုက်ထဲ ရောက်နေတာ ကြာပြီ။ ...
သတင်း

ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးအကြို အကြံပြုလျှောက်ထားချက်(၅)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)၏ အကြံပြုတင်ပြချက်ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်(၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၁၃.၁၄.၁၅.)ရက်နေ့မှာ ကျင်းပမည့် ပဉ္စမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းဝေးကြီးမတိုင်မီ အကြံပြုလျှောက်ထားချက်များ ဖြစ်ပါသည်။ ========================================================== “ညွှန်ကြားလွှာအမှတ် (၉၁) ဖြည့်စွက် လျှောက်ထားချက်ပါဘုရား” (၁) ညွှန်ကြားလွှာ အမှတ်(၉၁) စာအမှတ်၊ ၃ဝဝ။၁၅။(သာ-ဝိ) သာ-မဟန ၁၅.၁ဝ.၁၁ စာပိုဒ် (၄) သို့ဖြစ်၍ ကျောင်းထိုင်ဘုန်းကြီးများနှင့် ကျောင်းတိုက်ပဓာနနာယကဆရာတော်များသည် မိမိတို့၏ တပည့်ရဟန်း၊ သာမဏေများအား ဝိနည်းသိက္ခာပုဒ်တော်ကို ညှိုးမှိန်ထိခိုက်စေနိုင်သော လူမှုရေးကိစ္စများ၌ ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရ၏ တရားဥပဒေနှင့်ဆန့်ကျင်သော အကြမ်းဖက်မှုများ၊ ကျူးလွန်ခြင်းများ ...
သတင်း

တစ်ရာနဲ့တစ်ယောက်

ဖြိုးမင်းသိန်းအယောက်တစ်ရာနဲ့တောင် ကာချုပ်ကြီးကို မလဲနိုင်ပါ။ ဖြိုးမင်းသိန်းတစ်ယောက်တိုးလေ ပြည်သူတွေဒုက္ခတိုးလေဖြစ်ပေမယ့် ကာချုပ်ကြီးကတော့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးဘာသာ သာသနာအတွက် ယုံကြည်စိတ်ချရလို့ပါပဲ။ (ကာချုပ်ကြီးနဲ့ အဆက်အဆံ လုံးဝ မရှိပါ။) ဝီရသူ( မစိုးရိမ်) 15.7.2017 Am 6:51
သတင်း

နောက်ဆုတ်စရာ မြေမရှိတော့ရင် အသက်ပေးပြီး ရှေ့ဆက်ချီတက်မယ်(၁)

ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး ရှုမြင်ချက်များကို မေးမြန်းရေးသားတဲ့အချိန်မှာ ဆရာ တော်ဦးဝီရသူရဲ့ ဘဝနဲ့ဒဿန၊ နိုင်ငံရေးခံယူချက်၊ အမျိုးသားရေးခံယူချက်များကို ပါဝင်နိုင်အောင် ကြိုးစားပြီး မေးခွန်းများတည်ဆောက် မေးမြန်းပါတယ်။ အဲဒါတွေအပြင် လက်တလောဖြစ်ပေါ်နေတဲ့ ခေတ်ပြိုင်သမိုင်းထဲက နိုင်ငံရေးအတိုးအလှုပ်တွေကိုလည်းပဲ မေးမြန်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ မဘသနဲ့ပတ်သက်တဲ့ မေးခွန်းများကို မေးမြန်းဖြစ်ခဲ့ပြီး ဆရာတော်ရဲ့အသံနဲ့ အမျိုးသားရေးအားမာန်တွေ ငွားငွားစွင့်စွင့် လွှင့်တင်နိုင်ဖို့ အထူးရည်ရွယ်ပါတယ်။ မေး – “ဝီရသူရှိနေသရွေ့ မဘသရှိနေမယ်”ဆိုပြီး အရှင်ဘုရားရေးသားထားတဲ့ ပို့စ်တစ်ခုဖတ်ရပါတယ်ဘုရား။ အဲဒီအကြောင်းလေးကို ဒီတစ်ပတ်မှာ ပထမဆုံး စမေးချင်ပါတယ်ဘုရား။ အရှင်ဘုရားက မဘသ ဆက် ...
သတင်း

ဒါလည်း ငါ့အမျိုးတွေ ပါပဲ

(၁၃.၇.၂၀၁၇)မနက်၁၀း၀၀ မောင်တောမြို့ အထက (၂) မူလတန်းမှ ဘင်္ဂလီကျောင်းသူကျောင်းသားလေးများအား မုန့်ဖိုး ၂၀၀ ကျပ်စီနှင့် နေကြာပန်းအရုပ်လေးများ လိပ်ပြာအရုပ်လေးများ ကော်ဖီမစ်များ ဒါနပြုခဲ့ပါတယ်။ ချစ်စရာလေးတွေပါ။ မူလတန်း ၁၀၄၇ ဦးလုံး မူဆလင်တွေပါ။ (fb ပရိသတ်ကို တောင်းပန်ပါရစေ။ လိုင်းမကောင်းသဖြင့် သတင်းတစ်ပုဒ်တည်း နှစ်ခါထပ် တင်မိသွားသဖြင့် တစ်ခုကို ပြန်ဖြုတ်ချရာတွင် အဟောင်းကို မှားယွင်းဖြုတ်မိသွားခြင်း ဖြစ်ပါသည်။ ရှယ်ထားသူများ သာဓုခေါ် ကွန်မန့်ပေးကြသူများအား အထူးတောင်းပန်အပ်ပါသည်။) ဦးပဉ္စင်း ဝီရသူ ( မစိုးရိမ်) 14.7.2017 pm ...
သတင်း

ဒကာမကြီး ဒေါ်နန်းခင်ထွေးမြင့်

ဒကာမကြီး ဒေါ်နန်းခင်ထွေးမြင့် ဘေးရန်ကင်းပါစေ ကိုယ်ဆင်းရဲကင်းပါစေ စိတ်ဆင်းရဲကင်းပါစေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ခန္ဓာ့ဝန်ကို နိုင်ငံ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ ဒကာမကြီး အသက်ရာကျော်ရှည်ပါစေ။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့၊ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ ယွန်းဝတီရွှေဆိုင် ဝန်ထမ်းများဖြစ်ကြသည့် မလုလုဆိုင် မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း)ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (3.7.2017) အလှူရှင်များနှင့်အတူ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် ...