Monthly Archives: January 2018

သတင်းအင်တာဗျူး

ခံယူချက်မဲ့ အမျိုးသားရေးသမားဆိုရင်တော့ ရာသီအလိုက် အရောင်ပြောင်းသွားမှာပဲ(အပိုင်း-၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ) မေး – ဒီဇင်ဘာ ၂၇ ကပဲ မန္တလေးမှာ အစိုးရဖြုတ်ချရေး သပိတ်စခန်း ဖွင့်လှစ်ခဲ့တဲ့ သံဃာတော်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ် ခြောက်လ ချမှတ်လိုက်တယ်လို့ သိရပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘာများပြောစရာရှိမလဲဘုရား။ ဖြေ – ပြောစရာတော့ ထွေထွေထူးထူး မရှိတော့ဘူးလေ။ အစိုးရလုပ်တာက ကမ်းကုန်သွားပြီကိုး။ ဒီမိုကရေစီအစိုးရလည်းပြောသေးတယ် သပိတ်စခန်းကို သူပုန်ဝင်စီးသလိုစီးတယ်၊ လူလိုသူလိုပြောပြီးတော့ မဖမ်းဘူး။ အကြမ်းဖက်ပြီးတော့ ရိုက်နှက်ထောင်းထုပြီးတော့ ကားပေါ်ကိုပစ်တင်တယ်။ ၀ရမ်းမပါဘဲဖမ်းပြီး လက်ထိပ်ခတ်တယ်။ ဒါတွေက ဒီမိုကရေစီတိုင်းပြည်မှာ ရှိရမယ့်လုပ်ရပ်တွေမဟုတ်ဘူးလေ။ အခု အမိန့်ချလိုက်ပြန်တော့လည်း အာဏာရှင်အစိုးရလက်ထက်အတိုင်းပဲ အပြည့်မောင်းပစ်တယ်။  ဘာအထောက်အထားမှ မရှိဘဲနဲ့လည်း ...
သတင်း

နိုင်ငံရေးဆိုတာ ဆဲစရာလား

စာရေးသူ အိုးဘိုထောင်မှာ နေရစဉ်က ဖြစ်သည်။ ထုံးစံအတိုင်း သီးခြား အကျဉ်းသားများ ဂေဟာမှာ နေရသည်။ စာရေးသူတို့ နေထိုင်ရာအဝန်းအဝိုင်းကို အမျိုးသားတိုက်ဆောင်ဟု ခေါ်ဆိုသည်။ တိုက်ခြောက်လုံးရှိ၏။ ၁၅ခန်းလေးလုံး၊ ၇ခန်း နှစ်လုံးဖြစ်၏။ သီးခြားအကျဉ်းသားများ စုံလင်သည်။ အထူးသဖြင့် ၅/ည အကျဉ်းသားဦးရေက ပို၍များပြားသည်။ ကွန်မြူနစ်များရှိသည်။ NLD များရှိသည်။ NLD ကို ဝန်းရံသူများရှိသည်။ ကျောင်းသားများရှိသည်။ လက်နက်ကိုင် တပ်ဖွဲ့များရှိသည်။ သံဃာများရှိသည်။ အရပ်သားများရှိသည်။ သေဒဏ်ကျ ကြိုးသမားများရှိသည်။ ထောက်လှမ်းရေးနှင့် နစက ဝန်ထမ်းများရှိသည်။ စာရေးသူက ...
သတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူငွေ-၁)

ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း ဆောက်လုပ်ရန် ၁၃ခန်းစာ အလှူခံရရှိထားသော အလှူငွေ ၁,၃၀၀,၀၀၀(တစ်ဆယ့်သုံးသိန်း)ကျပ်ကို အမရပူရမြို့နေ MK ကျောက်မျက်ရတနာလုပ်ငန်းပိုင်ရှင် ဦးမိုးကိုနှင့်တပည့်များက ဆက်ကပ်လှူဒါန်းစဉ်။ (4.1.2018) အုတ်တံတိုင်းအလှူရှင်များ ဦးမိုးကို-၀၉၂၀၂၀၂၀၁ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော် အုတ်တံတိုင်းအလှူတော် – ၄)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်းတစ်ခန်းစာအတွက် အမရပူရမြို့ ကိုဖိုးဇော်ကြီး၊ ကိုဇော်မင်း ညီအစ်ကိုများမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ အလှူရှင် ကိုဖိုးဇော်ကြီး၊ ကိုဇော်မင်း ညီအစ်ကိုများနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။
သတင်း

အမေနေ့ ကဗျာပြိုင်ပွဲ ပထမဆုရ ကဗျာ

(ပြာသလိုလပြည့် အမေနေ့အထိမ်းအမှတ်အဖြစ် သဟာယစာဖတ်ဝိုင်းက ကြီးမှူးကျင်းပတဲ့ ကဗျာပြိုင်ပွဲလေးပါ။ နီးစပ်ရာ စာသင်ရဟန်းပျိုများ ကျောင်းသူကျောင်းသားလေးများ လာရောက် ကဗျာရွတ်ဆိုကြပါတယ်။ အကဲဖြတ်ဒိုင်နှစ်ဦးကတော့ ပြည်ချစ်သားဂျာနယ် အယ်ဒီတာချုပ် ဦးနိုင်ဝင်းထွန်းနှင့်၊ ဦးကျော်သောင်းတို့ ဖြစ်ပါတယ်။ ယခု ဖော်ပြလိုက်တဲ့ ကဗျာကတော့ ဝိသုဒ္ဓါရုံတိုက်သစ်၊ မင်္ဂလဗိမာန်ကျောင်း စာသင်သားရဟန်းပျို ဦးဂန္ဓသာရာလင်္ကာရ၏ စာမူပါ။ ကလောင်အမည်နှင့်အတူ တွဲဖက်ဖော်ပြထားပါတယ်။ ) ======================================================== “အမေ” ဝါကျအကွဲအရှတွေနဲ့ ပစ်ပေါက်သော်လည်း ဘယ်တော့မှ သွေးမစွန်းဘူး သားတို့ရင်မှာ လာမှန်တာက စံပယ်ပွင့် စစ်စစ်တွေ….. အမေ့မေတ္တာဟာ လိုင်းခွဲမရှိတဲ့ ဆက်သွယ်ရေး ...
သတင်း

ဒီဝန်ကြီးချုပ်က ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်ဈေးနှုံးကျဆင်းရေး မခွဲခြားတတ်ဘူးဗျ

သူပြောနေတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်နောက်ဖေး ဈေးဆိုင်တယ်တို့ ရုရှားနိုင်ငံရဲ့ ဟင်တစ်တုံးလျှော့စားတို့ အဲ့ဒီနမူနာတွေက တိုင်းပြည်ထူထောင်ရေးအတွက် ချိုးခြံခြွေတာရေးသာ ဖြစ်တယ်။ ကုန်ဈေးနှုန်းနှင့် မဆိုင်ဘူး။ အဲဒီလိုပဲ ဟင်တစ်မယ်လျှော့စားပါတို့ အလှူမလုပ်နဲ့တို့ အလှူလှူတဲ့အခါ ဟင်းဆယ်မျိုးမလှူဘဲ တစ်မျိုးတည်းလှူတို့ ဆိုတာတွေလည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချိုးခြံခြွေတာရေးနဲ့ပဲ ဆိုင်ပါတယ်။ ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ မဆိုင်ပါဘူး။ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် အစိုးရရဲ့ မူဝါဒတွေကို ဘယ်လိုပြင်ရမယ် အစိုးရက ဘယ်လိုထိန်းကျောင်းရမယ် စတာတွေ လိုအပ်တာပါ။ အခုဟာက အစိုးရကို အထိမခံဘူး တာဝန်ယူထားတဲ့အစိုးရကလည်း တာဝန်ခံခြင်းမရှိဘူး။ တာဝန်ခံပြီး ဝန်ကြီးပြောင်းလဲတာတို့ မူဝါဒပြောင်းလဲတာတို့ အမူအကျင့်ပြောင်းလဲတာတို့ မလုပ်ဘူး။ ...
သတင်း

HRDP အဖွဲ့ကို သတိထားကြဟေ့

HRDP ဆိုတာ လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဖြစ်ပါတယ်။ ရုံးချုပ်က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အရှေ့ရပ်ကွက် မကျည်းတန်းမြောက်၊ နတ်စင်လမ်း အမှတ် ၈၂ မှာ ဖြစ်ပါတယ်။ HRDP အဖွဲ့က ဖျာပုံမြို့မှာ သင်တန်းပို့ချတဲ့အထဲ မဘသ ဝီရသူ ၉၆၉ အမျိုးစောင့်ဥပဒေ စတာတွေကို ထည့်သွင်းပို့ချသွားတဲ့အခါ ဦးမောင်မောင်လေးက တပ်မတော်ကလူသတ်သည်မှာ လူ့အခွင့်အရေးချိုးဖောက်ခြင်းသာဖြစ်ပြီး လက်နက်ကိုင်သူပုန်တို့က လူသတ်သည်မှာ လူ့အခွင့်အရေးချိုးဖောက်ခြင်း မဟုတ်ဘူးဆိုတာ ပါပါတယ်။ လူသတ်တာချင်းအတူတူ ဘယ်လိုကွာခြားတယ်ဆိုတာတော့ သူတို့မှ သိမှာပါ။ အမျိုးစောင့်ဥပဒေကို လူ့အခွင့်အရေးချိုးဖောက်ထားတယ်လို့ ဆိုသွားပါတယ်။ သူတို့ဖြန့်ဝေထားတဲ့ စာထဲမှာပါတဲ့ လက်ထပ်ထိန်းမြားခြင်းဆိုင်ရာ ဥပဒေမူကြမ်းက အတည်ပြုပြဌာန်းလိုက်တဲ့ အထဲမှာ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (လောကအလင်း ပညာရေးအလှူ)

ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်း ပညာရေးအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာ၌ လွယ်ကူချောမော၍ အဆင်ပြေ ပြီးမြောက်စေခြင်းအကျိုးငှာ စင်္ကာပူနေ ဦးလှဌေးမှ အလှူငွေ ၂၀၀၀၀၀(နှစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (2.1.2018) အလှူရှင် ဦးလှဌေးနှင့်အတူ ပညာရေးကို အစဉ်အားပေးကြကုန်းသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။
သတင်း

အရှင်ဝီရသူ၏ အမျိုးသားရေးသဝဏ်လွှာ

“ပြည်သူကို အကာအကွယ်ပေးသော တပ်မတော်အား ပြည်သူက ပြန်လည်ကာကွယ်ခြင်း” (ဒီကနေ့ ထားဝယ်မြို့မှာကျင်းပတဲ့ မြန်မာ့တပ်မတော် ထောက်ခံပွဲမှာ ပန်းသုံးဝကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလ ဖတ်ကြားသော အရှင်ဝီရသူ၏ အမျိုးသားရေးသဝဏ်လွှာဖြစ်ပါတယ်။)   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ကျင်းပအပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်း ကောင်းများထောက်ခံပွဲသို့ ပေးပို့အပ်သော ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာ ဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ အမျိုးသားရေးသဝဏ်လွှာ။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ကျင်းပအပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်း ကောင်းများထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်များနှင့် မျိုးချစ်ပြည်သူအပေါင်းတို့………. ယနေ့မြန်မာပြည်သည် ပြည်ပကျူးကျော်မှုဒဏ်ကို အလူးအလဲခံနေရချိန်ဖြစ်ပါသည်။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော် အုတ်တံတိုင်းအလှူတော် – ၃)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်းတစ်ခန်းစာအတွက် မန္တလေးမြို့ ကျောက်ဝိုင်းမှ ကိုလှဝင်းမောင်၊ ကိုအတီနှင့် ညီအစ်ကိုများမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း) ကျပ် လှူဒါန်းပါသည်။ အလှူရှင် ကိုလှဝင်းမောင်၊ ကိုအတီနှင့် ညီအစ်ကိုများနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။
သတင်း

အမေနေ့ ကဗျာပြိုင်ပွဲ ဒုတိယဆုရ ကဗျာ

(ပြာသလိုလပြည့် အမေနေ့အထိမ်းအမှတ်အဖြစ် သဟာယစာဖတ်ဝိုင်းက ကြီးမှူးကျင်းပတဲ့ ကဗျာပြိုင်ပွဲလေးပါ။ နီးစပ်ရာ စာသင်ရဟန်းပျိုများ ကျောင်းသူကျောင်းသားလေးများ လာရောက် ကဗျာရွတ်ဆိုကြပါတယ်။ အကဲဖြတ်ဒိုင်နှစ်ဦးကတော့ ပြည်ချစ်သားဂျာနယ် အယ်ဒီတာချုပ် ဦးနိုင်ဝင်းထွန်းနှင့်၊ ဦးကျော်သောင်းတို့ ဖြစ်ပါတယ်။ ယခု ဖော်ပြလိုက်တဲ့ ကဗျာကတော့ မစိုးရိမ်တိုက်သစ် အဓိပတိကျောင်း စာသင်သားရဟန်းပျို ဦးသုမင်္ဂလဗုဒ္ဓိ၏ စာမူပါ။ ကလောင်အမည်နှင့်အတူ တွဲဖက်ဖော်ပြထားပါတယ်။ ပထမဆုရကဗျာကို ဆက်လက်တင်ပြပေးပါမယ်။) ======================================================== “အမေ့မေတ္တာ” ဒီလောက မြေကမ္ဘာ အမေသာ အလှဆုံး။ မေတ္တာတော် အနန္တ အေးမြလို့ဖုံး။ မုန်းတဲ့လူ များပါစေ သက်ဆုံးပေ ...
သတင်း

ယွန်းဝတီမိသားစု ဆွမ်းအလှူ အနုမောဒနာတရား

ပြာသိုလပြည့်နေ့ 1.1.2018 မွန်းတည့် ၁၂း၀၀ နာရီမှာ အနုမောဒနာတရားဟောကြားပါတယ်။ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း စာသင်သားသံဃာများအား ဝတ္ထုငွေ တစ်သောင်းစီ လှူဒါန်းခြင်း နိဗဒ္ဓကုသိုလ်အဖြစ် လစဉ်အလှူငွေ သုံးသိန်းကျပ်လှူဒါန်းခြင်း နှစ်ဦးအလှူ အဖြစ် နဝကမ္မ ဆယ်သိန်းကျပ် လှူဒါန်းခြင်း အမေနေ့ကဗျာပြိုင်ပွဲဝင် ကျောင်းသူကျောင်းသားများနှင့် စာသင်သံဃာများအား အလှူငွေ နှစ်သိန်းကျပ် လှူဒါန်းခြင်း၊ ယွန်းဝတီဆိုင်လုပ်သား မိသားစုများက အလှူငွေ တစ်သိန်းကျပ် လှူဒါန်းခြင်း အစရှိတဲ့ ကုသိုလ်ကောင်းမှုအစုစုကို နိဗ္ဗာန်ရည်မှန်းပြီး ရေစက်သွန်းချ အမျှပေးဝေကြပါတယ်။ အနုမောဒနာတရားအဖြစ် အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား ကွာခြားပုံတွေကို သာဓကလေးများ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော် အုတ်တံတိုင်းအလှူတော် – ၂)

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်းတစ်ခန်းစာအတွက် ကိုတီကောင်(ခ)ကိုစိုးညီဆွေ+မသွယ်သွယ်စိုး(သား)မင်းသန့်ကိုကို၊ မင်းခန့်ကိုကို မိသားစု မန္တလေးမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းပါသည်။ အလှူရှင် ကိုတီကောင်(ခ)ကိုစိုးညီထွေး+မသွယ်သွယ်စိုး မိသားစုနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၁၉၁

အမျိုးသားရေး ဆရာတော် အရှင်ဝဏ္ဏိတအား ဦးထိပ်မှာ ပန်ဆင်လျှက် ထိုင်းနိုင်ငံ စမူစာခွန်ခရိုင် မဟာချိုင်မြို့ ကုသိုလ်ကောင်းမှု နေ့စဉ်ပြု မေတ္တာရှင် လူငယ် ပရဟိတ အသင်းသူ/အသင်းသားများနှင့် ရွှေ့ပြောင်းမြန်မာ အလုပ်သူ/အလုပ်သမားများမှ လှူဒါန်းသောဘတ်ငွေ ၁၂၃၀၀/B= (၅)သိန်းကျပ်တိတိကို (မန်း)မဟော်သဓာ အမျိုးသားရေး ပညာဒါန အထက်တန်းကျောင်းတော်ကြီး အမြန်ပြီးမြောက်နိုင်ရေး အတွက် လှူဒါန်းပါသည်။(၃၀-၁၂-၂၀၁၇) အမျိုးသားရေးဆရာတော် အရှင်ဝဏ္ဏိတ ဦးဆောင်သော ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ ပရဟိတအသင်းအဖွဲ့များမှ ရွှေမြန်မာများက မန်းမဟော်သဓာကျောင်းတော်ကြီးဆောက်လုပ်ရာတွင် တစ်ထပ်စာ သိန်းပေါင်း ၁၇၅၀ကျပ် တာဝန်ယူထားပါသည်။ ယခုဆိုလျှင် ထိုင်းနိုင်ငံမှ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (1.1.2018) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
သတင်း

အမေနေ့ ကဗျာပြိုင်ပွဲ တတိယဆုရ ကဗျာ

(ပြာသလိုလပြည့် အမေနေ့အထိမ်းအမှတ်အဖြစ် သဟာယစာဖတ်ဝိုင်းက ကြီးမှူးကျင်းပတဲ့ ကဗျာပြိုင်ပွဲလေးပါ။ နီးစပ်ရာ စာသင်ရဟန်းပျိုများ ကျောင်းသူကျောင်းသားလေးများ လာရောက် ကဗျာရွတ်ဆိုကြပါတယ်။ အကဲဖြတ်ဒိုင်နှစ်ဦးကတော့ ပြည်ချစ်သားဂျာနယ် အယ်ဒီတာချုပ် ဦးနိုင်ဝင်းထွန်းနှင့်၊ ဦးကျော်သောင်းတို့ ဖြစ်ပါတယ်။ ယခု ဖော်ပြလိုက်တဲ့ ကဗျာကတော့ မစိုးရိမ်တိုက်သစ် ဓမ္မပါကဋကျောင်းနေ စာသင်သားရဟန်းပျို ဦးသုမင်္ဂလ၏ စာမူပါ။  ကလောင်အမည်နှင့်အတူ တွဲဖက်ဖော်ပြထားပါတယ်။  ဒုတိယဆု ပထမဆုများ ဆက်လက်တင်ပြပေးပါမယ်။) ======================================================== “မပြောင်းလဲသော အချစ်” ရာသီတွေ လီလီပြောင်း ဟောင်းပြန်တဲ့ စနစ်တွေ။ အချစ်တွေ ခါမပြောင်းတယ် နှောင်းခဲ့တာရှည်။ မေတ္တာရေ သစ္စာတွေ ဘယ်မှာဆွေး။ လှစ်ဟာဗွေ သည်အသည်းက မြဲလှချည်သေး။ ...
သတင်း

ယွန်းဝတီရွှေဆိုင်မိသားစု နေ့ဆွမ်းအလှူ

ပြာသိုလပြည့်နေ့ 1.1.2018 ရက်နေ့ သဟာယကျောင်းမှာ ဆွမ်းကပ်ပါတယ်။ သဟာယကျောင်း စာသင်သားများ အပါအဝင် သံဃာတော်အပါး ၆၀ကျော်ကို နေ့ဆွမ်းကပ်တာပါ။ ညီငယ်နာယကဆရာတော်လေးများလည်း လာရောက်ချီးမြှောက်ပါတယ်။ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈာယ်အပြီးမှာ သံဃာတော်များအား နဝကမ္မဝတ္ထုများ ဆက်ကပ်လှူဒါန်းပါတယ်။ သံဃာတစ်ပါးလျှင် တစ်သောင်းကျပ်စီ လှူဒါန်းတာပါ။ သဟာယကျောင်းနေ ဦးပဉ္ဇင်းဦးကောဝိဒ ကလောင်အမည် မိုးတိမ်(ရွှေကာ)ဦးစီးသော သဟာယစာဖတ်ဝိုင်းက ကျင်းပသည့် ပြာသိုလပြည့် အမေနေ့ ပထမအကြိမ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပနေတာနဲ့ကြုံလို့ ငွေ နှစ်သိန်းကျပ် လှူဒါန်းသွားပါတယ်။ ၄င်းနှစ်သိန်းကျပ်ကို ပ ဒု တ ဆုရသူ စာသင်သား ရဟန်းပျိုလေးများအား သုံးသောင်းကျပ်စီနှင့် ပြိုင်ပွဲဝင်စာသင်သားသံဃာများနှင့် ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ ဦးကြည်ဝ+ဒေါ်ဖွားကြည်အား ဦးထိပ်ထား၍ (သမီး)ဒေါ်ခင်စန်းမူ မိတ္ထီလာမှ နဝကမ္မအလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ် လှူဒါန်းစဉ်။ (30.12.2017) အလှူရှင်ဒေါ်ခင်စန်းမူမိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် အောင်သာယာရပ်ကွက်၊ ဇဇ ...
သတင်း

ကလေးအဆိုတော် ဝိုင်းလမင်းအောင် လာရောက်ဖူးမြော်

31.12.2017 ရက်နေ့ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ မဟာလောကပါလစေတီတော် အနေကဇာတင်ပွဲမှာ သံဃာတော်များအား လိုက်လံဖူးမြော်ရင်း စာရေးသူနဲ့တွေ့ပါတယ်။ ငယ်ရွယ်တဲ့ ထူးချွန်တဲ့အနုပညာရှင်လေး ပါရမီပါတဲ့ ကလေးအဆိုတော်လေးမို့ ညီငယ်လေးတစ်ယောက်လို သဘောထားပြီး ဆုံးမစကားပြောဖြစ်ခဲ့ပါတယ်။ အဆိုတော်လေးကလည်း လိုလိုလားလားပါပဲ။ တော်တော်လိမ္မာရေးခြားရှိတာကို တွေ့ရပါတယ်။ ဒီထက်မကအောင်မြင်ပါစေသော်။ အောင်မြင်မှုသရဖူကို ထာဝရ ထိန်းသိမ်းနိုင်ပါစေသော်။
သတင်း

ယွန်းဝတီမိသားစု အာရုံဆွမ်းအလှူတော်

1.1.2018 မနက် ၆း၀၀ နာရီ ဓမ္မသဟာယကျောင်းမှာ မုန့်ဟင်းခါးဆွမ်း ဆက်ကပ်ပါတယ်။ ဓမ္မသဟာယကျောင်း စာသင်သားသံဃာတော်များနှင့် ဝိုင်းတော်သားများအား ဆက်ကပ်တာပါ။ ညီတော်မောင် နာယကဆရာတော်လေးများလည်း လာရောက်ချီးမြှောက်ကြပါတယ်။ နှစ်ဦးကုသိုလ်ရှင်ကတော့ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မိသားစု ဖြစ်ပါတယ်။ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မိသားစုရဲ့ အလှူဒါနကို နှစ်ဦးကုသိုလ်အဖြစ် ဖေးဘုတ်ပရိသတ်ကြီးအား အမျှပေးဝေပါတယ်။ သာဓုခေါ်သူအပေါင်း ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။ (နေ့ဆွမ်းဆက်ကပ်ဦးမှာပါ။)