Monthly Archives: October 2022

သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-က)

“အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ” ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၉-က) “အားငယ်စရာ ဘုန်းကြီးဘဝနှင့် သိက္ခာပုဒ် အသေးအဖွဲလေးများ”———————————————————————အရှင်ဝီရသူ (မစိုးရိမ်) စာရေးသူ ပိုက်ဆံမကိုင်ပါ။ အကြောင်းကား အထင်သေး မခံနိုင်သောကြောင့် ဖြစ်ပါသည်။ ပိုက်ဆံ မကိုင်သော်လည်း စာရင်းတော့ ကိုင်ပါသည်။ နေ့စဉ် စာရင်းစစ်ပါသည်။ ဘဏ္ဍာထိန်း တပည့်များက ငွေစာရင်း နေ့စဉ် တင်ရပါသည်။ နေ့စဉ် ဝင်ငွေများကို တင်ပြရခြင်းပင်။ တရားပွဲမှ ပြန်လာပြီဆိုလျှင် ဓမ္မပူဇာငွေက မည်မျှ၊ နဝကမ္မငွေက မည်မျှဆိုသည်ကို ရက်စွဲများဖြင့် ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-ဂ)

“ရုပ်ပွားတော်ကို ပူဇော်နည်း” ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-ဂ) “ရုပ်ပွားတော်ကို ပူဇော်နည်း”———————————————–— စာရေးသူတို့ မစိုးရိမ်တိုက်သစ်၌ စာသင်သံဃာများ များပြားလွန်းလှသဖြင့် ဂန္ဓကုဋိ (ဘုရားကျောင်းဆောင်)သာ မရှိလျှင် သတ္ထရိအဂါရဝ အကုသိုလ် ဖြစ်လိုက်ကြမည်မှာ တစ်ပုံတစ်ပင်ပေတည်း။ ထိုအရေးကို သိမြင်သဖြင့် ကျေးဇူးရှင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးက ရုပ်ပွားတော်ကို တစ်ကျောင်း တစ်ဆူသာ ပူဇော်ထားပါသည်။ ဂန္ဓကုဋိကိုလည်း မှန်ဖြင့် ဆောက်လုပ်ထားပါသည်။ မှန်ကျောင်းဆောင် ဖြစ်၏။ ထို့ကြောင့် ဘုရားကျောင်းဆောင်နှင့် သံဃာဆောင် ကတ္တားခြားသွားပါတော့သည်။ စာသင်သားများ အဂါရဝ မဖြစ်တော့ပါ။ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-ခ)

“ရုပ်ပွားတော်ကို ပူဇော်နည်း” ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-ခ) “ရုပ်ပွားတော်ကို ပူဇော်နည်း”———————————————–—အရှင်ဝီရသူ (မစိုးရိမ်) ဘုရားခန်းကို တံခါး သို့မဟုတ် ခန်းဆီးတပ်မထားလျှင် ဘုရားရှေ့တွင် သွားလာနေထိုင်သမျှ အဂါရဝ ဖြစ်ပါသည်။ ဘုရားကို မရိုသေရာ ရောက်ပါသည်။ ဘုရားခန်းထဲ တွေ့ကရာပစ္စည်းများ သိမ်းဆည်းထားလျှင်လည်း အဂါရဝ ဖြစ်ပါသည်။ ဘုရားခန်းသည် စတိုခန်း မဟုတ်ပါ။ သို့ဖြစ်၍ ဘုရားခန်းထဲ၌ ရှင်းလင်းနေရပါမည်။ ဘုရားနှင့် စပ်ဆက်သမျှသာ ထားရှိရပါမည်။ ဘုရားပန်းအိုး၊ သောက်တော်ရေခွက်၊ ဆွမ်းတော်ပန်းကန်၊ အမွှေးတိုင်ပူဇော်ရာ၊ ဆီမီးထွန်းညှိရာ၊ မျက်နှာသုပ်ပုဝါ၊ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-က)

“ရုပ်ပွားတော်ကို ပူဇော်နည်း” ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၈-က) “ရုပ်ပွားတော်ကို ပူဇော်နည်း”————————————————-အရှင်ဝီရသူ (မစိုးရိမ်) ပိဋကတ်တော်၌ အဂါရဝတရား၊ သဂါရဝတရားများကို မြတ်စွာဘုရား ဟောကြားတော်မူထားပြီး ဖြစ်သည်။ အဂါရဝဆိုသည်မှာ မရိုသေမလေးစားခြင်းဖြစ်ကာ သဂါရဝဆိုသည်မှာ ရိုသေလေးစားခြင်း ဖြစ်သည်။ မရိုသေလျှင် မရိုသေသည့်အလျောက် အကုသိုလ်အပြစ်ဖြစ်ကာ ရိုသေလျှင် ရိုသေသည့်အလျောက် ကုသိုလ်တရားများ တိုးပွားကြသည်သာ ဖြစ်သည်။ မရိုသေခြင်းသည် မပြောပလောက်သည့် အကုသိုလ် အသေးအဖွဲလေးမျှပင် ဖြစ်သော်လည်း စီးပွားရေးစသည့် လောကီရေးရာများတွင် ရှာဖွေသလောက် မရရှိခြင်း၊ ဆုတ်ယုတ်ပျက်စီးဆုံးရှုံးခြင်းများ ကြုံရလောက်အောင် မကောင်းကျိုးများ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၇-ဂ)
“အိပ်စက်အနားယူခြင်း”

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၇-ဂ)“အိပ်စက်အနားယူခြင်း”———————————————–— စိတ်ရှုပ်တတ်သည့် စီးပွားရေးလုပ်ငန်းမျိုး လုပ်ကိုင်နေရသည့် စီးပွားရေးသမားများကား ကာယလုပ်သားများကဲ့သို့ ခန္ဓာကိုယ်မပင်ပန်းကြပါ။ သက်သောင့်သက်သာ လုပ်ကိုင်ရသည်က များသဖြင့် ကိုယ်ပင်ပန်းခြင်း၊ စိတ်အေးချမ်းခြင်းတည်းဟူသော အိပ်ပျော်ခြင်း လက္ခဏာနှစ်ရပ်လုံး မပြည့်စုံကြပါ။ ထို့ကြောင့် အိပ်ဆေးများ မှီဝဲကာ အိပ်ဆေးများကိုသာ အားကိုးနေရပါတော့၏။ နောင်အခါ အိပ်ဆေးများလည်း လုံးဝ မတတ်နိုင်သည့်အဆင့်ထိရောက်ကာ စိတ်ရောဂါများ ခံစားရပါတော့သည်။ ကိုယ်ချမ်းသာသော်လည်း စိတ်မချမ်းသာသည့် သူဌေးသူကြွယ်ဘဝကား သနားစရာပင်။ အိပ်ရာဝင်ချိန်တွင် အိပ်ပျော်ချင်သော်လည်း(အိပ်ချင်ပါလျက်) အိပ်မပျော်ကြသည့် ဒကာ၊ ဒကာမများနှင့် တွေ့လျှင် ပင်ပန်းအေးချမ်းနည်းလမ်းလေးကို ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၇-ခ)
“အိပ်စက်အနားယူခြင်း”

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၇-ခ)“အိပ်စက်အနားယူခြင်း”———————————————–—အရှင်ဝီရသူ (မစိုးရိမ်) အိပ်ရာဝင်ချိန် မမှန်သော်လည်း အိပ်ချိန်ကိုကား လုံးဝ အလျော့မခံပါ။ နေ့ဘက် လုံးဝ မအိပ်ရလျှင် ညဘက်အစားထိုး အိပ်ပါသည်။ ဥပမာ နေ့ဘက် အလုပ်များသဖြင့် ည ၈းဝဝ နာရီမှ အိပ်ရာဝင်သဖြင့် ညဘက်စောစော အိပ်ရာဝင်ခြင်း မဟုတ်ပါ။ နေ့ဘက် အနားယူရမည့်အချိန် တစ်နာရီစာ လက်လွတ်သွားသဖြင့် အစားထိုး အိပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ည ၉းဝဝ နာရီ စွန်းစွန်းလေးတွင် အိပ်ရာထကာ ညလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရပါတော့၏။ ...
သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၇-က)
“အိပ်စက်အနားယူခြင်း”

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၇-က)“အိပ်စက်အနားယူခြင်း”————————————————-အရှင်ဝီရသူ (မစိုးရိမ်) စာရေးသူသည် အိပ်စက်အနားယူချိန်ကို ခြောက်နာရီသာ သတ်မှတ်ထားပါသည်။ နေ့ဘက်တစ်နာရီနှင့် ညဘက်ငါးနာရီ စုစုပေါင်း ၂၄နာရီတွင် နေ့စဉ် ခြောက်နာရီသာ အိပ်စက်ပါသည်။ အိပ်ချိန်မှန်သော်လည်း အိပ်ရာဝင်ချိန် မမှန်ပါ။ အလုပ်အပေါ်မူတည်၍သာ အိပ်ရာဝင်ပါသည်။ မွန်းလွဲ ၂း၀၀နာရီမှ အလုပ်ပြတ်လျှင် မွန်းလွဲ ၂း၀၀နာရီတွင် အိပ်ရာဝင်ပါသည်။ ည ၁၂း၀၀နာရီမှ အလုပ်ပြတ်လျှင် ည ၁၂း၀၀နာရီတွင် အိပ်ရာဝင်ပါသည်။ အိပ်ရာဝင်ချိန်ကား အလုပ်အပေါ်၌သာ မူတည်နေပါသည်။ တစ်ရက်တွင် ၂၄နာရီ ရှိသည့်အနက် ၆နာရီသာ ...
သတင်း

“ဆီးချိုသမားများနှင့် ရွှေမျက်စဉ်း”

“ဆီးချိုသမားများနှင့် ရွှေမျက်စဉ်း”==================== ဆီးချို သွေးချိုသမားများသည် ခေါင်းအုံ ခေါင်းခဲခြင်း ဇက်ကြောတက်ခြင်းများ ဖြစ်တတ်ပါသည်။ ရွှေမျက်စဉ်းသည် ဆီးချို သွေးချိုကြောင့် ဇက်ကြောတက် ခေါင်းအုံသည်ဖြစ်စေ၊ မျက်စိကြောင့် ဇက်ကြောတက် ခေါင်းအုံသည်ဖြစ်စေ ဇက်ကြောတက် ခေါင်းအုံခြင်းများကိုလည်း သက်သာပျောက်ကင်းစေပါသည်။ ‘မျက်စိကြည်ရုံတင် မကဘူး၊ ခေါင်းပါ ပေါ့သွားတာ’ဟု ရွှေမျက်စဉ်း အမြဲခတ်သူများက ပြောတတ်ကြပါသည်။ အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်ဆောင်တာဝန်ကျ ဒုတပ်ကြပ်ဝန်ထမ်းတစ်ဦးသည် ဆီးချိုသွေးတိုးရောဂါ ခံစားနေရပါသည်။ ဆီးချိုသမားတို့ထုံစံအတိုင်း ဇက်ကြောတက်ခြင်း ခေါင်းအုံခေါင်းခဲခြင်းများ ဖြစ်ပေါ်လာပါသည်။ ထိုအခါ ရွှေမျက်စဉ်းခတ်လေ့ရှိပါသည်။ ‘အကြောတက်တာတွေ၊ ဇက်ထိုးတာတွေ သက်သာတယ်၊ ...
သတင်း

“မျက်ခွံနာနှင့် ရွှေမျက်စဉ်း”

“မျက်ခွံနာနှင့် ရွှေမျက်စဉ်း”================ရွှေမျက်စဉ်းသည် မျက်ခွံနာများကိုလည်း သက်သာပျောက်ကင်းစေပါသည်။ အင်းစိန်ဗဟိုအကျဉ်းထောင်မှ တပ်သားဝန်ထမ်းတစ်ဦးသည် ပိုးမွှားအကိုက်ခံရသဖြင့် မျက်ခွံတစ်ဖက် ရောင်ကိုင်းနေပါသည်။ ထောင်တွင်းဆေးခန်းလည်း ပြထားပါသည်။ အကိုက်အခဲပျောက်ဆေးလည်း သောက်ထားပါသည်။ ဆေးလည်း လိမ်းထားပါသည်။ ဇီးဖြူသီးခန့် အလုံးကြီးတစ်ခုလို မျက်ခွံရောင်နေသည်ကို တွေ့ရပါသည်။ မျက်စဉ်းစွမ်းသည်ဟု ကြားရသောကြောင့် မျက်စဉ်းလာတောင်းပါသည်။ ကိုယ်တိုင်ခတ်ပေးလိုက်ပါသည်။ အိပ်ခါနီး ထပ်ခတ်ဖို့လည်း တိုက်တွန်းလိုက်ပါသည်။ မနက်ရောက်သော် သိသာစွာ အရောင်ကျသွားသည်ကို တွေ့ရှိရပါသည်။ ဆေးစား ဆေးလိမ်းခြင်းအကျိုးလည်း ဖြစ်ပါမည်။ မျက်စဉ်းတန်ခိုးလည်း ပါဝင်ပါလိမ့်မည်။ မျက်ခွံ မျက်ကြောများမှတစ်ဆင့် မျက်စိပါ ကိုက်ခဲလာသဖြင့် မျက်စိကိုက်ခြင်းဝေဒနာကို ...
သတင်း

“မျက်စိစွံခြင်းနှင့် ရွှေမျက်စဉ်း”

“မျက်စိစွံခြင်းနှင့် ရွှေမျက်စဉ်း”====================ရွှေမျက်စဉ်းသည် မျက်စိစွံခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသည်။ မျက်စိစွံခြင်းသည် မျက်စိပေါ်မှာဖြစ်ပွားသည့် ရောဂါမဟုတ်ပါ။ မျက်ခွံပေါ်မှာ ဖြစ်ပွားသည့် ရောဂါသာ ဖြစ်ပါသည်။ ထို့ကြောင့် မျက်စဉ်းနှင့် မသက်ဆိုင်ဟု ယူဆထားမိခဲ့ပါသည်။ တစ်နေ့သော် အင်းစိန်ဗဟိုအကျဉ်းထောင်မှ ကိုသီဟသူဆိုသူ ဒုတပ်ကြပ်ဝန်ထမ်းတစ်ဦးက မျက်စိခဏခဏစွံတတ်ကြောင်း၊ ဝေဒနာကြီးမားစွာ မခံစားရသော်လည်း အနေခက်တတ်ကြောင်း မျက်စဉ်းခတ်လျှင် ပျောက်နိုင်သလောဟု မေးမြန်းလာပါသည်။ ‘မျက်စိနှင့်ပတ်သက်တာတော့ အတော်များများ ပျောက်တာပဲ၊ မျက်စိစွံတာတော့ မပြောတတ်ဘူး’ဟု ဖြေလိုက်ပါသည်။ ‘မျက်စဉ်းက အတော်စွမ်းတယ်ပြောကြလို့ ခတ်ကြည့်ချင်လို့ပါ’ဟု ထပ်မံတောင်းခံလာသဖြင့် မျက်စဉ်းတစ်ဘူး ပေးလိုက်ပါသည်။ တစ်ခါခတ်ရုံနှင့် ပျောက်ကင်းသွားပါသည်။ ...
သတင်း

“မီးခိုးမွှန်ခြင်းနှင့် ရွှေမျက်စဉ်း”

“မီးခိုးမွှန်ခြင်းနှင့် ရွှေမျက်စဉ်း”================ ရွှေမျက်စဉ်းသည် မိုးခိုးမွှန်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသည်။ မီးခိုးမွှန်ခြင်းသည် အဆုတ်ပြဿနာဖြစ်၍ အသက်ဆုံးရှုံးတတ်သည်အထိ အန္တရာယ်ကြီးမား ကြောင်း လူတိုင်းနီးပါး သိရှိကြသော်လည်း မီးခိုးမွှန်ခြင်းကြောင့် မျက်လုံးထိခိုက်သည်ကိုကား ကာယကံရှင်လောက်သာ သိရှိတတ်ပါသည်။ အမှိုက်မီးရှို့ရာမှဖြစ်စေ၊ ထမင်းဟင်းချက်ပြုတ်ရာမှဖြစ်စေ မီးခိုးများ မွှန်လာလျှင် မျက်စဉ်းခတ်သင့်ပါသည်။ ရွှေမျက်စဉ်းက မျက်လုံးဖန်သားပြင် (မျက်ကြည်လွှာ)ပေါ်မှ အညစ်အကြေးများ ရေချိုးသလို သန့်စင်ပေးတတ်သောကြောင့် ယခုခတ် ယခုပျောက်သည်အထိ အစွမ်းထက်ပါသည်။ အင်းစိန်းဗဟိုအကျဉ်းထောင်မှ ဒုတပ်ကြပ်ဝန်ထမ်းတစ်ဦးသည် နေအိမ်တိုက်ခန်းအနီးမှ အမှိုက်မီးရှို့မှုကြောင့် မီးခိုးမွှန်ကာ နေရထိုင်ရခက်သည့်အပြင် မျက်စိမွှန်လာသည်ကို သတိပြုမိလိုက်ပါသည်။ ရွှေမျက်စဉ်းကို သတိရကာ ...
သတင်း

စာဖြေသံဃာ အရုဏ်ဆွမ်း အလှူရှင်များ

စာဖြေသံဃာ အရုဏ်ဆွမ်း အလှူရှင်များ
သတင်း

“မျက်စိမှုံခြင်းနှင့် ရွှေမျက်စဉ်း”

“မျက်စိမှုံခြင်းနှင့် ရွှေမျက်စဉ်း”=================ရွှေမျက်စဉ်းသည် မျက်စိမှုံခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသည်။ သွေးလေမညီညွတ်၍ဖြစ်စေ၊ မျက်စိကျန်းမာရေးမလိုက်စား၍ဖြစ်စေ၊ မျက်စိသန့်ရှင်းမှု မရှိ၍ဖြစ်စေ၊ အရွယ်အိုမင်း၍ဖြစ်စေ မျက်စိများ မှုံလာတတ်ပါသည်။ ဝေဝါး မှုံရီကာ အမြင်မကြည်လင် မရှင်းလင်းတော့ပါ။ ရွှေမျက်စဉ်းသည် မျက်စိကို ရေချိုသန့်စင်ပေးသကဲ့သို့ပင် ဆေးကြောသန့်စင် ပေးတတ်ပါသည်။ ထိုအခါ မျက်ကြည်လွှာမျက်နှာပြင်ပေါ်ရှိ အညစ်အကြေးများ လွင့်စင်သွား တတ်ကြပါသည်။ ရွှေမျက်စဉ်းက မျက်စိကို ညတွင်းချင်း သန့်စင်ပေးလိုက်သဖြင့် အိပ်ရာနိုးသည့်အခါ မျက်ဝတ်များ ထူထဲစွာ ထွက်နေသဖြင့် မီးသီးကိုကြည့်လျှင် မီးသီးနှစ်လုံး သုံးလုံး ဖြစ်နေခြင်း၊ မီးသီးကို သက်တံရောင်များ စက်ဝိုင်းသဖွယ် ...
သတင်း

“မျက်ရည်ပူကျခြင်းနှင့် ရွှေမျက်စဉ်း”

“မျက်ရည်ပူကျခြင်းနှင့် ရွှေမျက်စဉ်း”========================= ရွှေမျက်စဉ်းသည် မျက်ရည်ပူကျခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသည်။ရန်ကုန်၊ တောင်ဒဂုံမြို့နယ်နေ အလုပ်သမားလူငယ်နှစ်ဦးသည် မျက်ရည်ပူကျခြင်း ဝေဒနာခံစားနေရပါသည်။ ညီဖြစ်သူက ပို၍ဆိုးပါသည်။ အလုပ်ရုံရောက်သောအခါ အလုပ်သမားခေါင်းက ရွှေမျက်စဉ်းပေးခတ်ပါသည်။ အစ်ကိုဖြစ်သူက အလျင်ပျောက်ပြီး ညီဖြစ်သူက နောက်မှပျောက်ပါသည်။ အလုပ်ရုံရောက်တိုင်း မျက်စဉ်းအလျင်ခတ်ကြပါသည်။ မျက်ရည်ပူမကျတော့သော်လည်း မျက်မှန်တပ်ထား ရသောကြောင့် ဖြစ်ပါသည်။ နှစ်ဦးလုံး ပြောကြသည်မှာ “နေလို့အတော်ကောင်းတယ်ဗျ”ဟူ၏။ မျက်စိကြည်လင် ကျန်းမာခြင်းသည် စိတ်ချမ်းသာစေသော နည်းလမ်းကောင်းတစ်ခုပင် ဖြစ်ပါသည်။ရှမ်း/မြောက်၊ တန့်ယန်းမြို့နယ်၊ မိုင်းပတ်အုပ်စု၊ ပန်နိမ်ကျေးရွာနေ ဦးလုံးယွန်း အသက် ၇၂နှစ်သည် တောင်သူဦးကြီးတစ်ယောက်ဖြစ်ပြီး နေ့ခင်းပိုင်းတွေမှာ ...
သတင်း

“မျက်ရည်ယိုခြင်းနှင့် ရွှေမျက်စဉ်း”

“မျက်ရည်ယိုခြင်းနှင့် ရွှေမျက်စဉ်း” မျက်ရည်ယိုခြင်းကိုလည်း ပျောက်ကင်းစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။မန္တလေး၊ ချမ်းအေားသာစံမြို့နယ်၊ ဒေဝန်းရပ်ကွက်၊ မင်းကွန်းကျောင်းတိုက်၊ ဆရာတော်အရှင်တိလောက၏ မယ်တော် (မိခင်)သည် မျက်ရည်ယိုခြင်း ဝေဒနာခံစားနေရသည်မှာ ကြာမြင့်ခဲ့ပေပြီ။ မြို့တက်၍ ဆေးကုသော်လည်း သက်သာမှုမရှိပါ။ ဆရာတော်အရှင်တိလောက ရွာပြန်သွားသောအခါ အသက်ရှစ်ဆယ်ကျော်မိခင်အိုကြီးအား ရွှေမျက်စဉ်းပေးလှူလိုက်ပါသည်။ တစ်ခါခတ်ရုံနှင့် သိသာစွာ သက်သက်သွားပါသည်။ ရက်အနည်းငယ်အတွင်း အလျှင်းပျောက်ကင်း သွားပါသည်။ ဝက်လက်မြို့နယ်၊ လှတောကျေးရွာနေ အမယ်အိုကြီးကား ရွှေမျက်စဉ်းယူလာပေးသူ သားတော်မောင် အရှင်တိလောကကို ကျေးဇူးတင်မဆုံး ဖြစ်နေပါတော့၏။ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်နေ လူငယ်တစ်ဦးသည် မျက်ရည်ယိုကာ ...
သတင်း

“တိမ်ရောဂါနှင့် ရွှေမျက်စဉ်း”

“တိမ်ရောဂါနှင့် ရွှေမျက်စဉ်း”ရွှေမျက်စဉ်းသည် မျက်ကြည်နာနှင့် တိမ်ရောဂါကိုပါ သက်သက်ပျောက်ကင်းစေပါသည်။အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်ဆောင်မှ အကျဉ်းသားတစ်ဦးသည် မျက်စိတိမ်ရောဂါ စွဲကပ်နေပါသည်။ ထောင်မကျခင်ကတည်းက ဖြစ်ပွားခဲ့သည့် ရောဂါဖြစ်သော်လည်း ငွေကြေးမတတ်နိုင်သဖြင့် ဆေးမကုဘဲ နေခဲ့ပါသည်။ ထောင်ရောက်သည့်အခါ ပိုဆိုးလာသဖြင့် ထောင်ဆေးခန်းကို ပြပါသည်။ ထိုအချိန်၌ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ဆေးရုံများ ပိတ်ထားရသဖြင့် ဆေးရုံထုတ်ကုသခွင့် မရခဲ့ပါ။ ရွှေမျက်စဉ်းခတ်ကြည့်ရာ ပထမတစ်ကြိမ်ခတ်ရုံနှင့် အတော်ထူးခြားသည်ဟု ဆိုပါသည်။ ၎င်းသည် တစ်နေ့လျှင် ပုံမှန်လေးကြိမ်တိတိ ခတ်လေ့ရှိပါသည်။ လေးရက်မြောက်နေ့တွင် ပျောက်ကင်းစပြု လာသည်ကို တွေ့ရှိရပါသည်။ ယခင်က ...
သတင်း

၁၃၈၄ (2022)ခုနှစ် စာဖြေသံဃာ အရုဏ်ဆွမ်း အလှူရှင်များ(၂)

၁၃၈၄ (2022)ခုနှစ် စာဖြေသံဃာ အရုဏ်ဆွမ်း အလှူရှင်များ(၂)================================= ၁။ နှစ်ဖက်သော အဖိုးအဖွားများနှင့် မိခင်ကြီး ဒေါ်ကျင်ကင်းတို့အား ရည်စူး၍ ကိုဇော်ဟိန်း + မလှလှအေး မိသားစု လှိုင်မြင့်မိုရ်အိမ်ယာ ကံလမ်း၊ ရန်ကုန်မြို့၁,၀၀၀,၀၀၀ိ (ဆယ်သိန်းကျပ်) ၂။ ဦးချစ်ကိုကို + ဒေါ်ရွှေမြိုင် မိသားစု၊ မန္တလေး၂၀၀,၀၀၀ိ (နှစ်သိန်းကျပ်)[န၀ကမ္မအလှူငွေ- ၃၀၀,၀၀၀ိ (သုံးသိန်းကျပ်)၊ စုစုပေါင်း ၅,၀၀၀,၀၀၀ိ (ငါးသိန်းကျပ်) လှူဒါန်းပါသည်။] ၃။ ဒေါ်ယဉ်မင်း မိသားစု၊ ရန်ကုန်၊၅၀,၀၀၀ိ (ငါးသောင်းကျပ်) ၄။ ဒေါ်စန္ဒာထွေး (သား) ...
သတင်း

“မျက်စိအားနည်းခြင်းနှင့် ရွှေမျက်စဉ်း”

“မျက်စိအားနည်းခြင်းနှင့် ရွှေမျက်စဉ်း” ရွှေမျက်စဉ်း ပုံမှန်ခတ်သောအားဖြင့် မျက်မှန်ပါဝါလွတ်သွားသူများလည်း ရှိပါသည်။အင်းစိန်ဗဟိုအကျဉ်းထောင်မှ အချုပ်ထောင်မှူးတစ်ဦးသည် အဝေးမှုံသဖြင့် မျက်မှန်တပ်ထားရ ပါသည်။ ရွှေမျက်စဉ်းခတ်ရာမှ ၂၀ စီစီ တစ်ဘူးအကုန်တွင် မျက်မှန်လွတ်သွားပါသည်။ အချုပ်သားများထံ စာရင်းအင်းများ လာပြသည့်အခါတိုင်း မျက်မှန်တပ်မလာတော့ပါ။မျက်စဉ်းထပ်၍ အလှူခံသဖြင့် ၂၀စီစီ တစ်ဘူး လူကြုံဖြင့် လှူလိုက်ရာ နည်းသည်ဆို၍ ၆ဘူးပါကင်တစ်ထုပ် လှူလိုက်ရပါသည်။ အင်းစိန်ဗဟိုအကျဉ်းထောင် သီးသန့်ဆောင်တာဝန်ကျ အရာခံအဆင့် စားဖိုမှူးကြီးသည် မျက်စိအနီးအဝေး နှစ်ခုစလုံး မှုံလျက်ရှိ၏။ မျက်မှန်ကို ကြိုးတပ်ကာ လည်ပင်းအမြဲဆွဲထားရ၏။ စမတ်ဖုန်းမျက်နှာပြင်ကိုကြည့်လျှင် အနီးကြည့်မျက်မှန်တပ်ထားကာ အဝေးကြည့်မျက်မှန်ကို ...
သတင်း

“မျက်စိနီခြင်းနှင့် ရွှေမျက်စဉ်း”

“မျက်စိနီခြင်းနှင့် ရွှေမျက်စဉ်း”======================ရွှေမျက်စဉ်းသည် မျက်စိနီခြင်းကိုလည်း သက်သာပျောက်ကင်းစေပါသည်။ရန်ကုန် ရွှေပြည်သာမြို့နယ်နေ ကိုစိုးဝင်းသည် ဦးခေါင်းရေလောင်းချိုးသည့်အခါတိုင်း မျက်စိများ နီနေတတ်ပါသည်။ အကြောင်းမသိသူများက ၎င်းကို အရက်သမားဟု ထင်နေကြပါသည်။ အရက်သောက်လျှင် မျက်စိနီတတ်သောကြောင့် ဖြစ်ပါသည်။ အမှန်မှာ ကိုစိုးဝင်းသည် ခြံလုပ်သားတစ်ဦးဖြစ်ပြီး အရက် လုံးဝမသောက်ပါ။ သွေးလေမညီညွတ်၍သာ မျက်စိနီနေခြင်း ဖြစ်ပါသည်။ ကိုစိုးဝင်းသည် ရွှေမျက်စဉ်းခတ်ကြည့်ရာ ဒုတိယနေ့တွင် အနီဖျော့သွားခြင်း၊ တတိယနေ့တွင် အဝါရောင်သန်းလာခြင်း၊ စတုတ္ထနေ့တွင် အဝါဖျော့သွားခြင်း အဆင့်ဆင့်ကို တွေ့ရှိရပြီး ပဉ္စမနေ့မှစ၍ ယခုအချိန်ထိ လုံးဝမနီတော့ပါပေ။ ဦးခေါင်းရေလောင်းချိုးသော်လည်း လုံးဝမနီတော့ခြင်း ဖြစ်ပါသည်။ ...
သတင်း

“မျက်စိကျိန်းခြင်းနှင့် ရွှေမျက်စဉ်း”

“မျက်စိကျိန်းခြင်းနှင့် ရွှေမျက်စဉ်း”================ ရွှေမျက်စဉ်းသည် မျက်စိကျိန်းခြင်းကိုလည်း သက်သက်ပျောက်ကင်းစေပါသည်။အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသားဆရာဝန်တစ်ဦးသည် ထောင်ထဲ၌ ဆေးကုသပေးမှုကို နေ့စဉ်ပြုလုပ်လေ့ရှိပါသည်။ ၎င်းသည် ဆေးခန်းလာပြသော မျက်စိကျိန်းလူနာနှစ်ဦးအား ကိုယ်တိုင် မျက်စဉ်းခတ်ပေးလိုက်ပါသည်။ နောက်တစ်နေ့မနက်တွင် လူနာနှစ်ဦးလုံး မျက်စိကျိန်းရောဂါ အလျှင်းပျောက်ကင်းသွားပါသည်။ “ဆရာ့မျက်စဉ်းက အတော်စွမ်းတာပဲ။မျက်စိကျန်းလူနာနှစ်ဦးကို တစ်ခါပဲခတ်ပေးလိုက်ရတယ်။ လူနာနှစ်ဦးစလုံး အလျှင်းပျောက်သွား တယ်”ဟု ဆိုပါသည်။သို့ဖြစ်၍ သာမန်မျက်စိကျိန်းရုံမျှဆိုလျှင် ရွှေမျက်စဉ်း တစ်ခါခတ်ရုံနှင့်တင် အလျှင်းပျောက်ကင်း နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ကြည်လင်သန့်ရှင်း ရွှေမျက်စဉ်း၊မျက်လုံးကျန်းမာ စိတ်ချမ်းသာ။